အပိုင်း ၂၁၄

1.5K 167 3
                                    

God of Slaughter (chapter – 214)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁၄) နတ်ဆိုးနှစ်ကောင်

“ကျနော့်မှာ ရှေးဟောင်း ကောင်းကင်ဘုံတံခါးဝတွေအကြောင်း သတင်းပေးစရာရှိနေတယ်…”

ရှီယန်က စိတ်မကောင်းစွာဖြင့်ပင် သူက အေးစိမ့်ရေခဲမီးလျှံထံမှ ကြားသိထားသမျှကို ယန်လောင့်အား ပြန်ပြောပြလိုက်သည်။

အေးစိမ့်ရေခဲမီးလျှံ၏ သတင်းအချက်အလက်များက အလွန်တရာ ရှေးကျလှသည်။
ယခုခေတ် သမိုင်းပညာရှင်အချို့ပင် ထိုအကြောင်းအရာများကို သိရှိတော့မည်မဟုတ်ချေ။
ယန်လောင်သည်လည်း အေးစိမ့်ရေခဲမီးလျှံပြောပြသော အချက်အလက်အချို့ကို တစ်ခါမှပင် မကြားဖူးခဲ့ပါချေ။

ရှီယန်က အခြေအနေကို ဝေဖန်ပိုင်းခြားပြလာသောအခါ ယန်လောင်ကိုယ်တိုင် အပြင်းအထန် တုန်လှုပ်သွားသည်။
သူက အကြာကြီးပင် နှုတ်ဆိတ်လို့သွားလေသည်။

“မင်း ဒီ သတင်း အချက်အလက်တွေ ဘယ်ကနေရခဲ့တာလဲ…ဒါတွေဟာ အမှန်ဖြစ်တယ်လို့ မင်းသက်သေပြနိုင်မလား…”
ယန်လောင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် သူ့အမူအယာက အလွန် လေးနက်တည်ကြည်လာသည်။

“အေးစိမ့်ရေခဲမီးလျှံဆီကပါ…”
ရှီယန်က ခေါင်းငြိမ့်လိုက်သည်။
“သူ့ရဲ့ ရှည်ကြာလှတဲ့သက်တမ်းတစ်လျှောက်မှာ ရှေးခေတ် နတ်ဘုရားအဆင့် သိုင်းသမားတွေနဲ့လဲ ကြုံတွေ့ခဲ့ရတယ်လေ…ဒီ အချက်အလက်တွေက အဲ့ဒီ နတ်ဘုရားအဆင့် သိုင်းသမားတွေရဲ့ မှတ်ဥာဏ်တွေထဲကပဲ…ဒါတွေဟာ အမှားပါလိမ့်မယ်လို့ ကျနော်မထင်ဘူး…”

“လေးခုမြောက် မိစ္ဆာနယ်မြေမှာ ဘုရင်နှစ်ပါးဖြစ်တဲ့ ဘိုခွန်းနဲ့ ချီယန်တို့ရှိတယ်…သူတို့ဟာ ဘယ်တုန်းကမှ မတည့်ခဲ့ကြဘူး…မင်းသတင်းသာ အမှန်ဖြစ်မယ်ဆို ဒီ မကောင်းဆိုးဝါးဘုရင်နှစ်ပါးဟာ ငါတို့ ယန်မိသားစုကို ဆန့်ကျင်တိုက်ခိုက်ဖို့ အစီအစဉ်ဆွဲနေတာ နှစ်ပေါင်းများစွာကြာပြီပဲ…မိစ္ဆာနယ်မြေနဲ့ အမှောင်ကမ္ဘာတို့ ဆက်သွယ်ထားတဲ့ စကြာဝဠာ ဆုံမှတ်ကို ဖွင့်ဖို့ နှစ်ပေါင်း ရာနဲ့ချီအောင် ကြာတယ်ပေါ့…ဒါဆို ဒီ မကောင်းဆိုးဝါးနှစ်ကောင်ဟာ ငါတို့ကို တိုက်ခိုက်ဖို့အတွက် လွန်ခဲ့တဲ့ နှစ် ရာဂဏန်းလောက်ကတည်းက ကြိုတင် ပြင်ဆင်ခဲ့ကြတာပေါ့…”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now