294

622 92 1
                                    

Chapter 294: ၀ိညာဉ်ယှဉ်ပြိုင်ခြင်း

မာကျောကြမ်းတမ်းကာ ရှည်လျားလှသော ရေခဲအရိုးများသည် ထက်မြက်သော ဓါးများ ထိုးစိုက်ထားသကဲ့သို့ ထိုးထိုးထောင်ထောင်နှင့် ရှိနေပြီး အရှိန်အ၀ါကြီးမားသော အလင်းရောင်များ ဖြာထွက်လျှက်ရှိသည်။

ကောင်းကင်နှင်းမြေကြီး၏ သဘာဝစွမ်းအင်များသည် လွန်မင်းစွာ သိပ်သည်းနေသောကြောင့် စေးပျစ်သော စမ်းချောင်းများသဖွယ်ပင် ရစ်ခွေစီးဆင်းလျှက်ရှိသည်။

ရေခဲအရိုးများသည် လူတစ်ယောက်၏ မျက်လုံးကို ပြာဝေသွားစေလောက်သော လူတစ်ယောက်၏ စိတ်ကို ထုံထိုင်းသွားစေလောက်သော အရှိန်အ၀ါကြီးမားသည့် ရောင်ခြည်စက်ကွင်းများ ထုတ်လွှတ်လျှက်ရှိသည်။

ထိုအရာက ရေခဲကျောရိုးနဂါး အသေကောင်ကြီးပင်ဖြစ်လေသည်။

ရေခဲကျောရိုးနဂါး အလောင်းကြီးသည် ဆယ်မီတာခန့် ကြီးထွားပြီး မီတာတစ်ရာခန့်အထိပင် ရှည်လျားသည်။

ထိုအရာက အသွေးအသား အရေပြားများ မရှိတော့သည့် ကြီးကျယ်ခမ်းနားလှသော အရိုးစုကြီးသာဖြစ်လေသည်။

ထိုအချိန်တွင် ရှီယန်က ထို ရေခဲနဂါးအရိုးစုကြီးအလယ်တွင် ရပ်နေခြင်းဖြစ်သည်။

ပတ်ပတ်လည်သည် တောက်ပမာကျောသော အရိုးချောင်းကြီးများသာဖြစ်သည်။

ရှည်လျားကြမ်းတမ်းသော အရိုးများဖြင့် ပြုလုပ်ထားသည့် အခန်းအတွင်း ရောက်နေသကဲ့သို့ဖြစ်သည်။

အနက်ရောင် ချော်ကျောက်တုံးများက အရိုးစုကြီး ပတ်ပတ်လည်တွင် ဖုံးအုပ်နေကြသည်။

စေးပစ်နေသော ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအင်များက ထို အရိုးစုတစ်ဝိုက်တွင် ရစ်ခွေစီးဆင်းနေကြသည်။

အရိုးစုကြီးထဲတွင်နေနေရင်း ရှီယန်သည် သူ၏ ကီစုစည်းမှုကို လှည့်ပတ်စရာပင်မလိုပဲ ကီစွမ်းအင်များ သိပ်သည်းလာလျှက်ရှိသည်ကို ခံစားရသည်။

အေးမြသော နံနက်ခင်းတစ်ခု၏ လတ်ဆတ်သော လေကို ရှူရှုက်နေရသကဲ့သို့ပင် လူကို လန်းဆန်းစေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now