382

586 89 0
                                    

Chapter 382: ငါဦးဆောင်မယ်ရှီယန် တဖြည်းဖြည်း ပြန်လည်နိုးထလာသည်။နီဗားနား တတိယအဆင့်...လက်ရှိ သူ၏ အသိစိတ် အခြေအနေကို ရှီယန်အပြည့်အ၀ နားလည်သဘောပေါက်ခဲ့ပြီဖြစ်သည်။ ပြီးတော့ သူ၏ ကီစုစည်းမှုသည်လည်း ပြန်လည်ပြည့်ဖြိုးသွားခဲ့ပြီးဖြစ်သည်။သူ၏ ခွန်အားသည် နောက်ဆုံးတော့ နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။နီဗားနား တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေပြီ။ဝိညာဉ်အသိ တစ်ခုချင်းစီသည် နောက်တစ်ကြိမ် သန့်စင်ခဲ့ပြီဖြစ်သောကြောင့် ထွင်းဖောက်မြင်ရလောက်အောင် ကြည်လင်နေကြသည်။သူ၏ အသိစိတ်ပင်လယ်သည် မှန်တစ်ချပ်သဖွယ် သေးငယ်သော သက်ရှိလေးများကိုပင် ပုံရိပ်ပေါ်စေနိုင်ခဲ့လေပြီ။သံလိုက်မြူ အမှောင်ထုသည် အနည်းငယ်မက လျှို့ဝှက်ဆန်းကြယ်သည်။ဒီနေရာတွင် ၀ိညာဉ်အသိသည် သက်ရောက်မှု အားနည်းသောကြောင့် ယခု အဆင့်တက်မှုတွင် မည်မျှ ပြောင်းလဲသွားကြောင်း စမ်းသပ်လို့ မရနိုင်ပါ။သို့သော်လည်း ယခု နီဗားနား တတိယအဆင့်တွင် သူက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အမျိုးမျိုးတို့အပေါ် နားလည်နိုင်စွမ်းက ပိုမို နက်ရှိုင်းကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အမျိုးမျိုးတို့အပေါ် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်စွမ်း ရှိလာပြီဟု ယုံကြည်နေသည်။သူ့ အသိစိတ်အခြေအနေက ရှင်းလင်းနေသောကြောင့် သူ၏ ခွန်အားကိုလည်း အမြင့်ဆုံး အဆင့်အထိ ထုတ်ဖော်နိုင်နေပြီဖြစ်သည်။အသိစိတ်ပင်လယ် ပြန်လည်ဖွဲ့တည်မှုနှင့်အတူ စွမ်းအင်အမျိုးမျိုးတို့အပေါ် သင့်လျော်သော ထိန်းချုပ်နည်းများကိုလည်း နားလည်လာသည်။အရာအားလုံး အံ့မခန်း ဖြစ်လာခဲ့ခြင်းပင်။အဆင့် တက်သွားပြီးနောက် အသိအမြင်များလည်း ပြောင်းလည်းသွားသည်။ယခုအချိန်တွင် သူက အဆင့်အသစ် တစ်ခုသို့ တက်တိုင်း စွမ်းအင်သာ တိုးတက်လာသည်မဟုတ်ပဲ တစ်ခါတစ်ရံလည်း စိတ်အခြေအနေပြောင်းလဲသွားခြင်းသည် ခွန်အား တိုးတက်လာခြင်းထက် ပိုမို အရေးကြီးကြောင်း သဘောပေါက်နားလည်လာသည်။ဆိုလိုတာကတိုက်ပွဲအတွင်းတွင် သူသည် ခွန်အား အနည်းငယ်ကိုသာ စိုက်ထုတ်ပြီး အပြင်းထန်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိလာပြီဖြစ်သည်။သက်ရောက်မှုအမျိုးမျိုးတို့ကိုလည်း ကွဲပြားခြားနားစွာ ထိထိရောက်ရောက် အသုံးချနိုင်တော့မည်ဖြစ်သည်။သူက သွေးနွယ်ရှင်လက်စွပ်ထဲသို့ စိတ်ကိုပို့လွှတ်ကာ မြေကမ္ဘာမီးလျှံနှင့် ဆက်သွယ်လိုက်သည်။"အရင်တစ်ခေါက်က ဘာဖြစ်သွားတာလဲ...မင်းရယ် အေးစိမ့်ရေခဲမီးလျှံရယ် သိဒ္ဓိဝိညာဉ်နတ်ဘုရားရယ် ဘယ်လိုလုပ်ပြီး ပေါင်းစည်းသွားတာလဲ...မင်းကရော ဘာဖြစ်လို့ သူတို့ထက်အရင် သတိရလာတာလဲ""ငါလဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး..အဲ့ဒါ လက်စွပ်ကြောင့်ပဲ...သူက ငါတို့အပေါ် လွှမ်းမိုးထိန်းချုပ်လိုက်တာ...မင်းအသုံးပြုလို့ရအောင်လို့ ငါတို့စွမ်းအင်တွေကို မရမက ပေါင်းစည်းပေးလိုက်တာပဲ...အေးစိမ့်ရေခဲမီးလျှံနဲ့ သိဒ္ဓိဝိညာဉ်နတ်ဘုရားတို့ကတော့ အဓိက စွမ်းအင် ထောက်ပံ့ခဲ့တာဆိုတော့ ငါ့ထက်ပိုပြီး အနားယူဖို့ လိုမယ်ထင်တယ်...ငါတောင် ပြန်သတိရလာပေမဲ့ စွမ်းအင်အများကြီး လျော့နည်းနေတုန်းပဲ...အခု ငါတော်တော်လေး အားနည်းနေတယ်...""မင်းတို့ အစွမ်းတွေ ပြန်ဖြည့်ပေးဖို့ ဘယ်လိုလုပ်ပေးရမလဲ""ငါနဲ့ အေးစိမ့်ရေခဲမီးလျှံနဲ့ကတော့ ရိုးရှင်းပါတယ်...ငါ့ကိုဆို နှစ်တစ်ထောင်လောက် သက်တမ်းရှိတဲ့ မီးတောင်ထဲ ပစ်ချလိုက်ပေါ့...အေးစိမ့်ရေခဲမီးလျှံအတွက်လဲ ငါနဲ့ အတူတူပဲ...သူ့အတွက် အအေးဓါတ်စွမ်းအင်တွေ စုပ်ယူလို့ရအောင် ရေခဲတောင် တစ်လုံးလောက် ရှာပေးလိုက်...ဒါဆို စွမ်းအင် ပြန်ပြည့်လာမှာပဲ...ဒါပေမဲ့ သိဒ္ဓိဝိညာဉ်နတ်ဘုရားတော့ ငါမသိဘူး...သူက ငါတို့နဲ့ ကွဲပြားခြားနားတဲ့ သက်ရှိပုံစံတစ်မျိုးပဲ...သူ ဘယ်လို အားဖြည့်သလဲတော့ ငါလည်းမသိဘူး""သူတို့ ဘယ်အချိန် ထလာမလဲရော မင်းသိလား""ငါလဲမသိဘူး...သူတို့က အားအများကြီးကုန်သွားတာဆိုတော့ အချိန်ပိုလိုဦးမယ်ထင်တယ်""မင်း ယူသွားတဲ့ ရွှေပိတုံးရော အခြေအနေဘယ်လိုရှိလဲ""အဲ့ကောင်အပေါ်မှာ နတ်ဘုရား ၀ိညာဉ်ချိတ်ဆက်မှုတွေ အများကြီးပဲ...အဲ့ဒါကို ဖျက်ဆီးဖို့ ငါက သူ့ကို ချုပ်ထားပြီး သူ့ပိုင်ရှင်ရဲ့ ၀ိညာဉ်တံဆိတ် ခတ်နှိပ်မှုတွေကို ဆေးကြောပစ်မှရမယ်...ပြီးမှ နောက်ထပ် ကိုယ်ပိုင် ၀ိညာဉ်အတားအဆီးနဲ့ ၀ိညာဉ်တံဆိတ်တွေ ထပ်မံ ခတ်နှိပ်လိုက်မှ သူ့ကို စီရင်လို့ရမယ်...သတ်ချင်လဲသတ်ပေါ့""အိုး..."ရှီယန် အနည်းငယ် ရင်ခုန်သွားသည်။သူ့စိတ်က အလျှင်အမြန် တွေးဆောလိုက်ပြီးနောက်"မင်းက ၀ိညာဉ်အမှတ်အသားတွေကို ဆေးကြောလိုက်ပြီးရင် ငါ့ ကိုယ်ပိုင်အမှတ်အသား ထည့်လိုက်တာနဲ့ သူက ငါ့အမိန့်ကို နာခံလာမယ်ပေါ့...အဲ့လိုမျိုးလား""အဲ့လိုဆိုလဲ ပြဿနာမရှိပါဘူး...""ဒါဆို ငါတို့ စမ်းကြည့်ကြတာပေါ့...မင်းက ၀ိညာဉ်အမှတ်အသားတွေကို ဆေးကြောပေးလိုက်ဦး...သူ့ကို မသတ်နဲ့...ကျန်တာ ငါ့တာဝန်ထားလိုက်...""ကောင်းပြီလေ...သြော်..ပြီးတော့ အစောပိုင်းတုန်းက ကောင်မလေးနှစ်ယောက် ရောက်လာသေးတယ်""ဟင်းဟင်း...ငါ့မှာ အစီအစဉ်ရှိပါတယ်..."ရှီယန်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် မြေကမ္ဘာမီးလျှံနှင့် စကားနည်းနည်းထပ်ပြောလိုက်သည်။ပြီးနောက် အသိစိတ်ကို ပြန်လည်ရုပ်သိမ်းကာ အာကာခွင်းလွန်းပျံကို ထုတ်ယူလိုက်ပြန်သည်။ပြီးနောက် သူက ၀ိညာဉ်အသိဖြင့် ဆက်သွယ်လိုက်လေသည်။ချက်ခြင်းပင် စိတ်မရှည်သော လေသံထွက်ပေါ်လာသည်။"ငါမင်းကို ဘယ်နှစ်ခါ ရှင်းပြရဦးမှာလဲ...မင်းငါ့ကို အသုံးပြုချင်ရင် လုံလောက်တဲ့စွမ်းအင်ဖြည့်သွင်းလိုက်...အတားအဆီးတွေကို ဖောက်ဖြဲဖို့ ငါ့မှာ သင့်တင့်တဲ့ စွမ်းအင်လိုအပ်တယ်...မင်းငါ့ကို အသုံးပြုချိန်တိုင်း မင်းဖြည့်သွင်းပေးတဲ့ ခွန်အားကို ငါအသုံးပြုမှာပဲ...အတားအဆီးက စွမ်းရည်မြင့်မားလေလေ မင်း ထည့်သွင်းရမယ့်ပမာဏ များလေလေပဲ...ငါတို့ ချိတ်ဆက်မှုကို ရှင်းပါတယ်နော်"ရှီယန်က မျက်မှောင်ကြုတ်နေသည်။ပြီးနောက် သူက ထပ်မေးလိုက်သည်။"ကောင်းကင် တတိယအဆင့် ထိပ်တန်း ၀င်္ကဘာပညာရှင်တစ်ယောက် ဖန်တီးထားခဲ့တဲ့ အကာအကွယ်အတားအဆီိးကု ချိုးဖြတ်ဖို့ဆိုရင်ရော ငါတို့ စွမ်းအင် ဘယ်လောက်များများ အသုံးပြုဖို့ လိုအပ်မလဲ""မင်း အဲ့ဒီအဆင့်ရောက်တဲ့အထိ စောင့်လိုက်ဦး ပြီးမှ ထပ်ပြောကြတာပေါ့...မင်း အဲ့ဒီအဆင့်ကိုရောက်မှ စွမ်းအင်ဘယ်လောက်လိုအပ်လဲ မင်းသိလာလိမ့်မယ်...မင်းပြောတဲ့အတိုင်းဆို မင်း ကောင်းကင်အဆင့်ကို အပြည့်အ၀ရောက်ရှိမှ ဖြစ်မယ်...အကာအကွယ်ကို ဖန်တီးတဲ့လူက ဘာပညာရှင်ကြီးပဲ ဖြစ်နေပါစေ သူ့ စွမ်းအင်အဆင့်က အဓိကပဲ...သူဖန်တီးတဲ့အရာဟာ ဘယ်လောက်ပဲ အဆင့်မြင့်မားပါစေ ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ အဆင့်တူမပြောနဲ့ နတ်ဘုရားတွေကိုပါ ချုပ်နှောင်ထားနိုင်ပါစေဦး အဲ့ဒါက သူနဲ့ အဆင့်တူ စွမ်းအင်တွေနဲ့ပဲ လည်ပတ်မှာပဲ...ဒါကြောင့် ငါက အဲ့ဒါကို ဖျက်ဆီးဖို့ဆို တူညီတဲ့ စွမ်းအင်ပဲလိုအပ်တယ်...ငါ့အတွက် မခက်ခဲဘူး...ဒါပေမဲ့ မင်းက ငါ့ကို လုံလောက်အောင် စွမ်းအင် မထောက်ပံ့နိုင်ရင် ငါက အဲ့ဒါကို လုပ်နိုင်စရာအကြောင်းမရှိတော့ဘူး"ရှီယန်က အတန်ကြာ ငေးငိုင်သွားပြီးနောက် ခေါင်းခါယမ်းလိုက်မိသည်။သူက အာကာခွင်းလွန်းပျံတစ်ခုတည်းအပေါ်မှာသာ အားကိုးပြီး အင်ပါယာ ယန်ခန်းဒီကို ကယ်လို့ မရပါတကား...။ယခု သူ့အဖိုး အချုပ်ခံထားရသည်မှာ တော်တော်ကြာသွားပြီဖြစ်သည်။သူ့စွမ်းအင်များလည်း ကုန်ခမ်းလုနေလောက်ပြီဖြစ်သည်။အချိန် သိပ်ကျန်ပါတော့မလား တွေးမိသည်။သူက အခုမှ နီဗားနား တတိယအဆင့်ကို တက်လှမ်းခဲ့သောကြောင့် ကောင်းကင်အဆင့်သို့ ရောက်ရှိရန် မည်မျှ ကြာမည်လည်း မသိနိုင်ပါ။လက်ရှိ အသိအမြင်များ ရရှိလာပြီးနောက် သူက ရိုးရိုး မတွေးတော့ပါ။သူ့ထံတွင် လျှို့ဝှက်ဆန်းကြယ်သော သိုင်းဝိညာဉ်၏ ထောက်ပံ့မှု ရှိသော်လည်း လျှင်မြန်စွာ အဆင့်တက်ဖို့ဆိုသည်မှာတော့ ပြောသလောက် မလွယ်ကူပါ။လျှို့ဝှက်ဆန်းကြယ် သိုင်းဝိညာဉ်သည် သူ့ကို ကီစုစည်းမှုအတွက် စိတ်ပူစရာမလိုအောင် ထောက်ပံ့ပေးနိုင်သည်။သို့သော်လည်း သက်ဆိုင်ရာ အဆင့်အတန်းများအလိုက် ဥာဏ်အလင်းပွင့်ရန်ကတော့ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။အဆင့် တက်ခြင်းဆိုသည်မှာ ဥာဏ်အလင်းပွင့်ခြင်းရော ကီစုစည်းမှုရော နှစ်ခုလုံး လိုအပ်ပါသည်။အားကောင်းသော ကီစုစည်းမှုသက်သက်သည် မလုံလောက်ပါ။ထိုအကြောင်း စဉ်းစားမိသောအခါ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။အင်ပါယာ ယန်ခန်းဒီကို ကယ်တင်ရန်ရည်ရွယ်ချက်ကို စွန့်လွှတ်ရတော့မည်လော။ကျောက်ဂူထဲတွင် အတန်ကြာ ဆက်ထိုင်နေပြီးနောက် သူက မတ်တပ်ရပ်ကာ အညောင်းဆန့်လိုက်သည်။သူ၏ ရှေးဟောင်းကီသစ်ပင်မှ ဖွံ့ဖြိုးမှုများကို မြင်ရသောအခါတွင်တော့ ရှီယန့်မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။သူ့ ကံကြမ္မာသည် ကောင်းမွန်နေဟန်တူသည်။နီဗားနား တတိယအဆင့်ကို ရောက်ရှိလာရုံတင်မက သူ့ ဒန်တျန်နေရာရှိ ရှေးဟောင်းကီသစ်ပင်သည်လည်း ဖွံ့ဖြိုးလာခဲ့သည်။သူ သတ်ဖြတ်ခဲ့သော နန်းတော်သိုင်းသမားများ၏ အော်ရာများက ပြန်လည်သန့်စင်ကာ သူ့ ကီစုစည်းမှုနှင့်ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။သူ အဆင့် တက်တိုင်း သူ့ ကီသစ်ပင်က ဖွံ့ဖြိုးလာသည်။ရှေးဟောင်း ကီသစ်ပင် ကြီးထွားလာပြီးနောက် သူက ကောင်းကင်နှင့် မြေကြီး၏အော်ရာဖြစ်သော သဘာဝစွမ်းအင်များကို စုဆောင်းရာတွင် ပိုမိုမြန်ဆန်လာခဲ့သည်။ယခု ရှေးဟောင်းကီသစ်ပင်သည် အကိုင်းအခက်များ အရွက်အလက်များအထိ ကြည်လင်တောက်ပသော ကီစွမ်းအင်များဖြင့်ပြည့်ဖြိုးလျှက်ရှိသည်။ရှေးဟောင်း ကီသစ်ပင်တွင် ကီစွမ်းအင်များ ပြည့်ဝနေခြင်းသည် လက်ရှိ သူ၏ အဆင့်နှင့် ကိုက်ညီစွာ အမြင့်ဆုံး ကီစုစည်းမှု ရှိနေသော လက္ခဏာပင်မဟုတ်လော။ဒါဆို သူက နောက်တစ်ဆင့်တက်ရန် ဥာဏ်အလင်းအချို့ဖမ်းဆုပ်မိဖို့သာလိုတော့သည်။သူ့စိတ်ကို နှစ်မြှုပ်ထားရင်း ရှေးဟောင်းကီသစ်ပင်၏ ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာနေသည်။အချို့ အကိုင်းအခက်များ သလင်းကျောက်သားလို ဖြစ်လာသည်ကို တွေ့ရသည်။သံလိုက်မြူအမှောင်ထုထဲသို့ ၀င်ရောက်ခဲ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဟု ခံစားနေရသည်။ဒီနေရာတွင် သူက သူ့ စွမ်းအင်အဆင့်ကို အပြင်မှာထက် ပိုမို မြန်ဆန်စွာ ချဲ့ထွင်နိုင်သည်။သေခြင်းရှင်ခြင်း အစွန်းအဖျားတွင် ဖမ်းဆုပ်မိသော အသိဥာဏ် အပိုင်းအစများသည် အလွန် တန်ဖိုးရှိလှသည်။ထိုအရာက ယခုအချိန်တွင် သူလိုအပ်နေသောအရာလဲဖြစ်သည်။ရှီယန်က လှိုဏ်ဂူထဲတွင် အတန်ငယ် စဉ်းစားလိုက်ပြီးနောက် စိတ်ထဲတွင် အစီအစဉ်တစ်ရပ် ချမှတ်လိုက်သည်။ထို့နောက်တွင်တော့ ဂူအပြင်ဘက်သို့ ခပ်သုတ်သုတ်ထွက်လာခဲ့ရင်း အခြားလူများကို လိုက်လံရှာဖွေလိုက်သည်။အိုင်ရာ၊ ကျိယီနှင့် ညီအစ်ကိုနှစ်ယောက်တို့ကို တစ်နေရာတည်းတွင် တွေ့ရပါသည်။သူတို့က တစ်စုံတစ်ရာ ဆွေးနွေးတိုင်ပင်နေကြဟန်တူသည်။သူလာနေတာ မြင်သည်နှင့် သူတို့က စကားပြောခြင်းကို တုံးတိ ဖြတ်ချလိုက်ကြပြီး သူ့ကို ကြည့်နေကြသည်။"ဘာလို့ ဒီလောက်ကြာနေတာလဲ..."ကျိယီက မျက်မှောင်ကြုတ်ကာပြောသည်။"နင်က စွမ်းအင်ကျင့်ကြံဖို့ ငါးရက်တောင် အချိန်ယူခဲ့တယ်..ငါတို့ထက် အများကြီးပိုများသွားပြီ""ဒီ သံလိုက်မြူအမှောင်ထုထဲမှာ နင်တို့က အချိန်ကို သိနိုင်တာလား"ရှီယန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။"အိုင်ရာရဲ့ သံလိုက်အိမ်မြှောင်က အချိန်ကိုလည်း တိုင်းတာလို့ရတယ်"ကျိယီက ခေါင်းညိတ်ကာ ပြန်ဖြေသည်။"ငါတို့က စွမ်းအင်ပြန်လည်ဖြည့်တင်းဖို့ တစ်ရက်ပဲ အချိန်ယူရတယ်..ဒါပေမဲ့ နင်က ငါးရက်တောင် ယူခဲ့တယ်လေ...ဒါကြောင့် နင့်ကိုစောင့်ရင်း ငါတို့က ဒီမှာပဲ သောင်တင်နေကြပြီ"လောင်လီနှင့် လောင်လွန်တို့နှစ်ယောက်က ပြုံးကာ ခေါင်းညိတ်ပြကြသည်။လောင်လီက လှိုက်လှဲသောလေသံဖြင့်"ငါတို့ ညီအစ်ကိုနှစ်ယောက်က စောင့်ချင်ပါတယ်...မင်းကြောင့်သာမဟုတ်ရင် ငါတို့က နိုင်းကျီရဲ့ ထောင်ချောက်ကနေ ထွက်နိုင်မှာမဟုတ်ဘူး...ဟားဟားဟား...သေခြင်း နှုတ်ခမ်းဝကနေ လွတ်မြောက်လာတဲ့ ခံစားချက်က တကယ်ကောင်းတာပဲ...ရှီယန်..ညီလေး...ကျေးဇူးပဲကွာ..."ရှီယန်က ခေါင်းညိတ်သည်။သူက မျက်မှောင်ကြုတ်ရင်း သူတို့လေးယောက်စလုံးကို ကြည့်နေသည်။ရှီယန် စကားတစ်ခွန်းမှမပြောသောအခါ သူတို့လေးယောက်က အူကြောင်ကြောင်ဖြစ်သွားကြပြီး ထူးဆန်းသလို ပြန်ကြည့်နေကြသည်။"ငါ မင်းတို့ကို ကြေညာစရာရှိတယ်..."ရှီယန်က ခတ္တစဉ်းစားဟန်ပြုလိုက်ပြီးနောက် စကားစပြောသည်။"အခုကနေစ ဒီခရီးစဉ်ကို ငါဦးဆောင်မယ်...မင်းတို့လေးယောက်က ငါ့စကားနားထောင်ရမယ်"အိုင်ရာ၊ ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့ မျက်နှာအမူအယာများက ပြောင်းလဲသွားကြသည်။"နင့်စကား နားထောင်ရမယ်..."အိုင်ရာ့မျက်နှာက အေးစက်သွားသည်။သူမက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း"နင်က တကယ် အစွမ်းထက်တယ်ဆိုတာ ငါဝန်ခံပါတယ်...ဒါပေမဲ့ အစွမ်းလေးတစ်ခုနှစ်ခု ထုတ်ပြပြီး ငါတို့ကို နာခံစေချင်နေတာလား...နင့်ကိုယ်နင် ထိုက်တန်တယ်ထင်လို့လား""အားအကြီးဆုံးရဲ့စကားကို နားထောင်ရမယ်"ရှီယန်က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် တစ်ချက်အော်ဟစ်လိုက်သည်။ဆွဲငင်အားနယ်ပယ်...မနီးမဝေးတွင် သူ့ဟာသူ လည်ပတ်နေရာမှ ရုတ်တရက် ရှီယန့်နောက်သို့ ရောက်ရှိလာပြီး တဟူးဟူးတဟဲဟဲအသံများပြုလာသည်။သူ အန္တရာယ်နယ်မြေသို့ ကျရောက်သွားစဉ်ကတည်းက ဆွဲငင်အားနယ်ပယ်က ပျက်ပြယ်သွားရမည်ဖြစ်သော်လည်း သူ့ဟာသူပင် ဆက်လက်လည်ပတ်နေရင်း ယခု ငါးရက်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပါ။ပြင်ပကမ္ဘာမှာဆိုလျှင် ဆွဲငင်အားနယ်ပယ်ကို ထုတ်ဖော်ရန် စွမ်းအင်အမြောက်အများ ဖြုန်းတီးရမည်ဖြစ်သည်။သူ၏ အဆက်မပြတ် သွန်ချနေသော စွမ်းအင်များ မရှိတော့လျှင် ငါးရက်မပြောနှင့်တစ်ရက်ပင်ခံလိမ့်မည်မဟုတ်ပါ...။ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအင်များ ခမ်းခြောက်လာသည်နှင့် ပျက်ပျယ်သွားမည်ဖြစ်သည်။သို့သော်လည်း သံလိုက်မြူအမှောင်ထုသည် အလွန် ပဟေဠိဆန်လှပါသည်။ဆွဲငင်အားနယ်ပယ်သည် ဒီနယ်မြေတွင် အံ့မခန်းစွမ်းရည်ပြည့်ဝလာသည်။ထို့ကြောင့်လည်း ငါးရက်တိုင်တိုင် ဆွဲငင်အားနယ်ပယ်ထဲမှ စွမ်းအင်များ ကုန်ခမ်းမသွားသေးခြင်းဖြစ်သည်။ရွှေရောင် ပိုးချည်မျှင်များသည်လည်း ဆွဲငင်အားနယ်ပယ်ထဲတွင် လည်ပတ်နေဆဲဖြစ်ပြီး ဓါးသွားများအဖြစ် အလုပ်လုပ်နေဆဲဖြစ်သည်။ဒီ ငါးရက်အတွင်း အိုင်ရာ၊ ကျိယီနှင့် လောင်ညီအစ်ကိုနှစ်ယောက်တို့သည် ဆွဲငင်အားနယ်ပယ်ကို မကြာခန စပ်စုကြသည်။ ခပ်လှမ်းလှမ်းမှ လေ့လာကြသည်။သို့သော်လည်း ဆွဲငင်အားနယ်ပယ်၏ လျှို့ဝှက်ချက်ကို သူတို့ မြင်အောင်မကြည့်နိုင်ခဲ့ကြသေးပါ။ယခု ရှီယန် အပြင်ထွက်လာသည်နှင့် သူက ဆွဲငင်အားနယ်ပယ်ကို နံဘေးသို့ ဆင့်ခေါ်လိုက်သည်။ထိုအရာက သူ၏ ဆွဲငင်အားနယ်ပယ်အပေါ် ထိန်းချုပ်နိုင်စွမ်းကို ပြသရာလဲရောက်ပေသည်။သူတို့လေးယောက်သည် နိုင်းကျီတို့အုပ်စုအကြောင်း မမေ့သေးပါ။နန်းတော်သိုင်းသမားအချို့ နုတ်နုတ်စင်းထားသော လူသားစင်းကောများအဖြစ် ပြောင်းလဲသွားကြသည်ကို မြင်ယောင်မိလျှင် ကျောရိုးထဲမှ စိမ့်တက်လာမြဲပင်ဖြစ်သည်။"မင်းတို့ လက်မခံချင်ရင် ငါနဲ့ တိုက်လို့ရတယ်...ဘယ်သူ ငါ့ကို အနိုင်တိုက်နိုင်မလဲ ကြည့်ကြတာပေါ့"ရှီယန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း ခပ်ထန်ထန်ပင်ပြောသည်။"အိုင်ရာနဲ့ ကျိယီ...မင်းတို့က ကောင်းကင်အဆင့်တွေပဲ...ပြီးတော့ ငါ့ကို သတ်ချင်နေကြတယ်မဟုတ်လား..အခု ငါမင်းတို့ကို အခွင့်အရေးပေးမယ်...မင်းတို့နှစ်ယောက် ပူးပေါင်းပြီး ငါ့ကို တိုက်ကြ...ငါ မင်းတို့ကို အနိုင်မယူနိုင်ဘူးဆိုရင် အိုင်ရာ့အမိန့်အတိုင်းပဲ ဆက်ပြီးနာခံမယ်""မောက်မာလှချည်လား..."အိုင်ရာက အလွန် စိတ်ဆိုးသွားဟန်တူသည်။"မောက်မာတယ်..."ရှီယန်က ခေါင်းခါယမ်းလိုက်ရင်း တည်ကြည်လေးနက်စွာဖြင့်"ငါတော့ မထင်ဘူး...မင်းက ခေါင်းဆောင် ဆက်လုပ်ချင်သေးရင် အိုင်ရာနဲ့ပေါင်းပြီး ငါ့ကို တိုက်နိုင်တယ်...မင်း ငါ့ကို ခေါင်းဆောင်နိုင်လောက်အောင် အရည်အချင်းရှိရဲ့လား ငါကြည့်မယ်""ငါအရှုံးပေးပါတယ်"ကျိယီ၏ မျက်နှာက အောက်သို့ ငုံ့ကျသွားပြီးနောက် အသံတိုးတိုးဖြင့်ပြောသည်။"နင် ခေါင်းဆောင်မှာကို ငါသဘောတူပါတယ်""ငါတို့လဲ သဘောတူတယ်"လောင်လီနှင့် လောင်လွန်တို့ကလည်း ပြိုင်တူပင် ခေါင်းညိတ်လိုက်ကြလေသည်။------ ------- ------- ------- ------- -------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now