255

1.3K 139 1
                                    

God of Slaughter (chapter – 255)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၅၅) အန္တရာယ်ကြားမှ ဆုလဘ်များ

မြေပြင်ပေါ်သို့ ကျလာပြီးနောက် ရှီယန်က မတ်တပ်ရပ်ကာ အနည်းငယ် ခြေဆန့်လက်ဆန့်လုပ်လိုက်သည်။
ပြီးနောက် ပြုံးစစဖြင့် တိရှန်းတို့အနီးသို့ လျှောက်သွားလိုက်သည်။
ထို့နောက် ရှီယန်က လှောင်အိမ်ထဲရှိ ချောင်ကျီလန်းတို့ကို တစ်ယောက်ချင်း လိုက်လံကြည့်ရှုလိုက်သည်။

ရှီယန် ရောက်ရှိလာသည်နှင့် ချောင်ကျီလန်း၊ ချူးရန်ချင်းနှင့် ဂူလင်းလောင်တို့ ကမ္ဘာပျက်သလို ခံစားနေကြရပြီဖြစ်သည်။

အသူရာ စစ်တလင်းသို့ မ၀င်မီက သူတို့သည် ခိုင်ရာပင်လယ်ပြင်မှ ကောင်းကင်ပင်လယ်ပြင်အထိ တောက်လျှောက်ဖိအားပေးခဲ့သည်။
သို့သော် ကောင်းကင်ပင်လယ်ပြင်တွင် ယန်မိသားစုနှင့် ရင်ဆိုင်ချိန်တွင်တော့ သူတို့က ဆုံးရှုံးမှုများ စတင်ခံစားကြရပြီဖြစ်သည်။
အသူရာစစ်တလင်းတွင်လဲ ရှီယန်၏ မမျှော်လင့်ပဲ အဆင့်တက်သွားမှုကြောင့် သူတို့က အများကြီး ဆုံးရှုံးခဲ့ရပြန်သည်။

အခုအချိန်ကျမှ ထပ်တလဲလဲ စဉ်းစားဆင်ခြင်မိချိန်တွင် ချောင်ကျီလန်း သဘောပေါက်လာသည်။
သူမတို့ ရှီယန်နှင့် ရင်ဆိုင်တွေ့ချိန်တိုင်း တစ်ကြိမ်ထက်တစ်ကြိမ် ခွန်အား ပိုမို သုံးစွဲလာရသည်။
ကီစုစည်းမှုများ ပိုမိုကုန်ခမ်းလာသည်။
သူမတို့၏ ကံကောင်းမှုများပင် တဖြည်းဖြည်း ချို့တဲ့လာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သူမတို့ ရှီယန့်ထံမှ ပြန်ရတာ ဘာမှမရှိ။

အခုတော့ သူမတို့က ဒီနေရာကြီးတွင် ချုပ်နှောင်ခံထားကြရပြီဖြစ်သည်။
ရှီယန်..
သူကတော့ မျိုးနွယ်ခြားများ၏ အထူး ဧည့်သည်တော်ကြီးသဖွယ်…
သူက မျိုးနွယ်စုခေါင်းဆောင် တိရှန်းနှင့်ပင် ရယ်ရယ်မောမော စကားပြောနေရုံမက သူမတို့ကိုပင် လက်ဆောင်အဖြစ် ရရှိနေပြီဖြစ်သည်။
ဘာတွေဖြစ်ကုန်တာလဲ…။

သူတို့အားလုံး အရှေ့ပင်လယ်မှ လူတွေချည်း…
ဘာဖြစ်လို့ ရှီယန်နဲ့ သူမတို့နဲ့အကြားတွင် ဒီလောက် ကွာဟချက် ကြီးမားရပါသနည်း…။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now