အပိုင်း ၂၃၂

1.3K 145 0
                                    

God of Slaughter (chapter - 232)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၂) ကမ္ဘာမြေအဆင့်

သဲသောင်ခုံကြီး၏ အောက်ခြေ...

ရှီယန့်တစ်ကိုယ်လုံးသည် သန့်စင်သော ကီစုစည်းမှုများ ပြည့်လျှံဘောင်ဘင်ခတ်နေမှုကြောင့် အလင်းရောင်များ ဖြာထွက်လျှက်ရှိသည်။
သူ့သွေးကြောများက ပိုးသားကဲ့သို့ ချောမွတ်နေပြီး ကြည်လင်သန့်စင်နေသည်။
ရလဒ်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးကြောများအားလုံး ဖွံ့ဖြိုးမှုတစ်ခုဖြစ်ပေါ်လာကာ ကျယ်ပြန့်လာပြီး အားကောင်းလာခြင်းပင်ဖြစ်သည်။

ကီစုစည်းမှု လှည့်ပတ်နှုန်းသည် အလွန် လျှင်မြန်လာပြီး သွေးကြောဆုံမှတ်များတိုင်းတွင် အဖုအထစ်မရှိ ချောမွေ့စွာ စီးဆင်းနေကြသည်။
ကီစုစည်းမှုများက အဆက်မပြတ် သွန်ကျသလို စီးဆင်းနေကြသည့်အပြင် အလွန်သန့်စင်သော အလင်းရောင်များလဲ ထွက်ပေါ်နေသေးသည်။

သူ့ ချက်အောက်ရှိ ကီစုစည်းရာနေရာတွင်လည်း ပုံမှန်မဟုတ်သောစွမ်းအင်၏ တွန်းကန်အားကြောင့် အဆက်မပြတ် ဆက်လက်သိပ်သည်းနေဆဲပင်ဖြစ်ပြီး ခွန်အားကလဲ ဆက်လက် တိုးတက်လာနေသည်။

သူ့မရီဒျန်များမှ သန့်စင်ပေးလိုက်သော ဆန်းကြယ်စွမ်းအင်သည် ယခုတစ်ကြိမ်တော့ ကီစုစည်းမှုအပေါ်တွင် အံ့ဘနန်း အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေနေလေပြီ။
ထို ဆန်းကြယ်စွမ်းအင်၏ အကျိုးကျေးဇူးကြောင့်ပင် ကီစုစည်းမှု၏ သိပ်သည်းမှုနှင့် သန့်စင်မှုသည် အဆက်မပြတ် ဖြစ်ပေါ်နေပြီး ယခင်ကထက် သုံးဆပိုမို သိပ်သည်းလာနေတာတောင် ရပ်တန့်သွားမည့်ပုံမရသေးချေ။

တစ်ကိုယ်လုံးရှိ သွေးကြောများက ကီစုစည်းမှုများ အပြည့်အသိပ် လှည့်ပတ်နေသောကြောင့် ဖောင်းကားနေကြပြီး နာကျင်မှုတစ်မျိုးတွင် နစ်မြုပ်နေသည်။
သို့သော်လည်း စွမ်းအင်လေ့ကျင့်ခြင်းကြောင့် နာကျင်မှုမျိုးမဟုတ်ပဲ သွေးကြောများအတွက် ကောင်းမွန်သော နာကျင်မှုမျိုးဖြစ်သည်။

ရှီယန်က အသက်ပုံမှန်ရှူနေပြီး အဆင့်တက်ခြင်း ဖြစ်စဉ် အစပျိုးနေမှုကို အာရုံစူးစိုက်ထားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now