အပိုင်း ၂၁၅

1.5K 165 0
                                    

God of Slaughter (chapter – 215)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁၅) ရွေးချယ်စရာသုံးခု

ရှီယန်က တောင်ကြားထဲမှ ယန်မိသားစု နန်းတော်ရှိရာသို့ ပျံသန်းလာရာ မြင်ရသော မြင်ကွင်းကြောင့် တော်တော်အံ့အားသင့်သွားလေသည်။

ထို နန်းတော်များက ယန်မိသားစု သိုင်းသမားများနှင့် ပြည့်နှက်နေပြီး အပေါ်စီးမှကြည့်လျှင် ပုရွတ်ဆိတ်တပ်မတော်ကြီးနှင့်တူသည်။
လူတစ်သောင်းနီးပါးခန့်ရှိမည်ဟု အကြမ်းဖျင်းခန့်မှန်းရသည်။

ထိုလူများအားလုံးသည် ဧရာမ ရင်ပြင်ကြီးတစ်ခုတွင် စုဝေးနေကြခြင်းဖြစ်လေသည်။

ရင်ပြင်ကြီး၏ အလယ်ဗဟိုတွင် ရှေးဟောင်း အစီအရင်တစ်ခုရှိနေသည်။
အရည်အသွေး အကောင်းဆုံးသော သလင်းကျောက်တုံးများ ၀န်းရံထားပြီး သဘာဝ စိတ်ဝိညာဉ်ကီစွမ်းအင်များက ထို သလင်းကျောက်များမှ တိုးထွက်လာနေကာ ထိုရှေးဟောင်းအစီအရင်ထဲသို့ စီးဝင်ကြသည်။
ထို့ကြောင့် ရှေးဟောင်းအစီအရင်ကြီးထံတွင် သက်တံ့ရောင်စဉ် မျဉ်းကွေးများ ထွက်ပေါ်နေလေသည်။

ယန်မိသားစုသိုင်းသမားများသည် အုပ်စုငယ်များခွဲကာ ထို ရှေးဟောင်း အစီအရင်ကြီး၏ ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည်။

ယန်လောင်နှင့် မိုသွမ့်ဟွမ်တို့သည် ရိုသေစွာဖြင့် လက်ဟန်များ ပြုလုပ်ကာ ထို ရှေးဟောင်း အစီအရင်ကြီးကို ထိန်းချုပ်နေရင်း သိုင်းသမားများကို လမ်းညွှန်နေဟန်တူသည်။

ယန်မိသားစု သိုင်းသမားများသည် သူတို့နှစ်ယောက်၏ အမိန့်အောက်တွင် အစီအရင်အတွင်းသို့ စံနစ်တကျ ၀င်သွားကြပြီး အလယ်တွင် ရပ်ကြသည်။
ပြီးနောက် တောက်ပသော အလင်းတန်းအုပ်စုများ ထွက်ပေါ်လာပြီး ထို ရှေးဟောင်းအစီအရင်ပေါ်တွင် မတ်တပ်ရပ်နေကြသော သိုင်းသမားအုပ်စုမှာ ပျောက်ကွယ်သွားကြလေသည်။

တည်နေရာရွှေ့ပြောင်း အစီအရင်…

တစ်ချက်လေ့လာပြီးနောက် ရှီယန်က ထို ရှေးဟောင်း အစီအရင်ကြီးသည် အခြားနေရာဒေသများနှင့် ဆက်သွယ်ထားသော မှော်အစီအရင်တစ်ခုဖြစ်မှန်း သိရှိလိုက်လေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now