Chapter 311: မှတ်ထားလိုက်...
ထွတ်မြတ်ရောင်စဉ်တောင်ကြီး၏ အခြေတွင်...
ပင်လယ်ရေသည် အပြာရင့်ရင့်။
နေ၀င်ချိန်ရောင်ပြန်အလင်းများကလဲ နီရဲနေပြီး တိမ်တိုက်များသည်လည်း ပန်းသွေးရောင် ပြေးနေသည်။
ပန်းရောင် တိမ်စိုင်များနှင့် ပင်လယ်ပြာပြာသည် အလွန်ပင် ငြိမ်းချမ်းပြီး သာယာသော ရှုခင်းတစ်ခုပင်ဖြစ်သည်။
သို့သော်လည်း ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသော လူငယ်လေးနှစ်ယောက်ကြောင့် ထိုသာယာလှပသော မြင်ကွင်းလေးလဲ ပျက်စီးသွားခဲ့ပြီးဖြစ်သည်။
ယခုအချိန်တွင် ဘဲဥပုံသဏ္ဍန် ရေချိုးဧရိယာအတွင်း ကျောက်တုံး ကျောက်ခဲများ နေရာအနှံ့ လွင့်ပျံလျှက်ရှိသည်။
မြေပြင်သည်လည်း ပျက်စီးကာ နက်ရှိုင်းသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီးများလဲ အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်သည်။
ဇန်ပေါင်းများစွာ နက်ရှိုင်းသော အက်ကွဲကြောင်းကြီးများသည် ပင်လယ်ကမ်းစပ်အထိ ရောက်ရှိသွားသောအခါ ပင်လယ်ရေများ ဒလဟော စီးဝင်လာကြသည်။
တဖြည်းဖြည်းနှင့် ပင်လယ်ရေများ မြင့်တက်လာကာ ကျွန်းတစ်ခုလုံးကိုပင် နှစ်မြှုပ်ပစ်တော့မည့်အလား ထင်ရသည်။
ရေပူစမ်းတစ်ဝိုက်တွင် ပျော်ပွဲရုံများအားလုံး ပြားပြားဝပ် ပျက်စီးကုန်ပြီဖြစ်သည်။
အပျက်အစီး အကြွင်းအကျန်များလဲ ပြန့်ကျဲနေသောကြောင့် အိုးခွက် ပလုံးများ အစားအစာများသည်လဲ မြုပ်ချည်ပေါ်ချည်ဖြင့် မျောပါလာကြသည်။
သာယာလှပသော သဘာဝ ရေပူစမ်းလေးသည် အမှိုက်ပုံကြီးသဖွယ် ဖြစ်လာပြီး မူလကရှိခဲ့သော ခမ်းနားမှုများအားလုံး ညစ်ပတ်ပေရေကုန်ပြီဖြစ်သည်။
လူနှစ်ယောက်ကတော့ တွင်းချိုင့်ကြီးထဲတွင် ဆက်လက်တိုက်ခိုက်နေကြဆဲ။
"၀ုန်း..."
မိုးကြိုးပစ်သလို အသံကြီးတစ်ခု တွင်းချိုင့်ကြီးထဲမှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။