၂၃၆

1.4K 151 0
                                    

God of Slaughter (chapter – 236)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၆) သန့်စင်သောနေ၀ိညာဉ်

ကြီးမားထင်ရှားသော မပြေမပြစ် ထောင့်ချွန်များနှင့် ဥက္ကာခဲကြီးတစ်ခု သဲကန္တာရထဲတွင် ထိုးစိုက်နစ်မြုပ်နေသည်။

ဥက္ကာခဲကြီးက လှပသော အနီရောင်အလင်းများ ဖြာထွက်လျှက်ရှိသည်။
ကြောက်မက်ဖွယ်ရာ နေမီးလျှံများကိုလဲ ထုတ်လွှတ်နေသည်။
နေအလင်းက တောက်ပပြင်းထန်လွန်းသောကြောင့် မျက်လုံးပင် ကောင်းကောင်းဖွင့်လို့မရချေ။

ဥက္ကာခဲက တောင်ကုန်းလေးတစ်ခုသဖွယ်ဖြစ်နေပြီး အဓိကအစိတ်အပိုင်းက သဲသောင်ခုံကြီး၏ အောက်တွင် နစ်မြုပ်နေဟန်တူသည်။
အပေါ်ဖက်တွင် သုံးပုံတစ်ပုံခန့်သာ ထွက်ပေါ်နေခြင်းဖြစ်သည်။

မျက်လုံးကန်းမတတ် အလင်းများက ထို ဥက္ကာခဲကြီးမှ ဖြာထွက်နေခြင်းဖြစ်သည်။
ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံးကိုလဲ မီးလျှံ၏ အပြင်းအထန် လောင်ကျွမ်းသော စွမ်းအင်များက လွှမ်းခြုံနေသည်။
ရှီယန့်ခန္ဓာကိုယ်ထဲရှိ ရေဓါတ်အတော်များများ အငွေ့ပျံခန်းခြောက်သွားပြီဖြစ်သည်။

သာမန်လူတစ်ယောက်သာ ဒီပတ်ဝန်းကျင်သို့ရောက်ရှိလာမည်ဆိုလျှင် ရေဓါတ်ခမ်းခြောက်မှုကြောင့် တစ်နာရီအတောအတွင်း လဲကျသေဆုံးသွားပေလိမ့်မည်။

ရှီယန်က မြေကမ္ဘာမီးလျှံနှင့် ကြောက်မက်ဖွယ်ရာသန့်စင်ခြင်းကျင့်စဉ်ကို အကြိမ်ကြိမ် လေ့ကျင့်ထားသူဖြစ်သော်လည်း ထို ဥက္ကာခဲဆီမှ အပူဓါတ်စွမ်းအင်၏ ဖိနှိပ်မှုကို အသက်ရှူကြပ်လောက်အောင် ခံစားနေရဆဲဖြစ်သည်။

ထို ဥက္ကာခဲအတွင်းတွင် ထူးဆန်းလျှို့ဝှက်သော သက်ဝင်လှုပ်ရှားမှုတစ်ခု ရှိနေဟန်တူသည်။
ဥက္ကာခဲကို အဝေးမှ လှမ်းကြည့်နေရင်း ရှီယန်က သူ၏ အသိစိတ်ပင်လယ်သည် အဆက်မပြတ် လှုံ့ဆော်မှုခံနေရကြောင်း ခံစားမိလိုက်သည်။
သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်ပဲ ထို ဥက္ကာခဲရှိရာသို့ ဦးတည်သွားနေမိလေသည်။

သူသာ ဥက္ကာခဲနှင့် နီးကပ်သောနေရာတစ်ခုသို့ရောက်သွားပြီး ဥက္ကာခဲအပြင်ဖက်ရှိ ထို တစ်ရှိန်ရှိန်တောက်လောင်နေသော မီးလျှံစွမ်းအင်နှင့် ထိတွေ့မိသွားလျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းပြာကျသွားနိုင်မှန်း ရှီယန် သတိပြုမိသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now