259

1K 119 0
                                    

God of Slaughter (chapter - 259)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၅၉) ဂျူနီယာက စီနီယာကို ကျော်ဖြတ်ခြင်း

ရှီယန် မျက်လုံးများ ဖွင့်လိုက်သည်။
တောက်ပသော လျှပ်စီးကြောင်းများက သူ့မျက်လုံးထဲတွင် ညင်သာစွာ ရွှေ့လျားနေသည်။
သူ့ခန္ဓာကိုယ်မှ ငွေရောင်အလင်းများကတော့ပျောက်ကွယ်သွားပြီဖြစ်သည်။

"ဂုဏ်ယူပါတယ်"
ချောင်ကျီလန်းက ရှီယန့်ထံ လျှောက်လှမ်းလာကာ ရိုးသားသော မျက်နှာဖြင့် ပြောသည်။
"နင်က အဖိုးတန်ရတနာတွေရဲ့ အကူအညီကို ရယူခဲ့တယ်ဆိုရင်တောင် ကမ္ဘာမြေဒုတိယအဆင့်ကို တက်လှမ်းနိုင်ခြင်းဟာ အံ့မခန်း ဖြစ်နေတုန်းပါပဲ..နင်က အရှေ့ပင်လယ်ကို ပြန်ရောက်ရင် လူစွမ်းကောင်းစာရင်းမှာ ထိပ်ဆုံးငါးယောက်ထဲ ၀င်မှာသေချာတယ်"

ဂူလင်းလောင် နှင့် ချူးယန်ချင်းတို့၏ လှပသော မျက်နှာလေးများက အနည်းငယ် ပြောင်းလဲသွားကြသည်။
သဘောမတူချင်ဟန်ဖြင့်
"လူစွမ်းကောင်းစာရင်းမှာ ထိပ်ဆုံးငါးယောက်ဝင်မယ်...ဟုတ်လား"

ရှီယန်က ခေါင်းခါယမ်းလိုက်ရင်း
"အဲ့ဒီ စာရင်းတွေကို ငါဂရုမစိုက်ဘူး...စိတ်လဲမ၀င်စားဘူး...နင်တို့လို စိတ်ကြီးဝင်နေတဲ့ သိုင်းသမားတွေပဲ အဲ့ဒီ လူစွမ်းကောင်းစာရင်းတွေဘာတွေကို စိတ်ဝင်စားတာ"

"နင်...နင် ငါတို့ကို အထင်သေးတာပေါ့"
ဂူလင်းလောင်က စိတ်ဆိုးစွာပြောသည်။

"ဒါပေါ့.."
ရှီယန်က မငြင်းပေ။ ခေါင်းငြိမ့်လိုက်ရင်း
"ငါ အန္တရာယ်အဆင့်မှာ ရှိနေတုန်းကတောင် နင်တို့ရဲ့ အားအပြည့် တိုက်ခိုက်မှုတွေကို ခုခံနိုင်ခဲ့တာပဲ...နင်တို့လဲ သူရဲကောင်းစာရင်းဝင်တွေပဲလေ...ဒါပေမဲ့ အန္တရာယ်အဆင့် သိုင်းသမားတစ်ယောက်ကိုတောင် နိုင်အောင်မတိုက်နိုင်ဘူးမဟုတ်လား...ဆိုတော့...ပြောပါဦး...လူစွမ်းကောင်းစာရင်းဆိုတာ အဓိပ္ပါယ်ရှိရဲ့လား"

ဂူလင်းလောင်က ဒေါသထွက်လာကာ ရှီယန့်ကို စူးစူးဝါးဝါးကြည့်သည်။
"လူတိုင်းကို နင့်လို့ မိစ္ဆာကောင်တွေလို့ ထင်နေတာလား"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now