279

937 125 0
                                    

God of Slaughter (chapter – 279)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၇၉) ခြေကုပ်ယူခြင်း
ကျယ်ပြန့် ထူထပ်လှသော တောအုပ်ကြီးထဲတွင်
မရေမတွက်နိုင်သော သစ်ပင်များ မိုးလုံးပြည့်မျှ ပေါက်ရောက်နေကြသည်။
နေ့လည်ခင်းနေရောင်ခြည်သည်ပင် သစ်ပင်ကြီးများ၏ သိပ်သည်းသော သစ်ရွက်များကြားမှ ခက်ခက်ခဲခဲ ထိုးဖောက် အလင်းရောက်ရဟန်တူသည်။

မိစ္ဆာသံစဉ်ကလန်နှင့် အတောင်ပံမျိုးနွယ်စု လူများသည် သစ်ပင်ကြီးများအောက်တွင် သက်တောင့်သက်သာ အနားယူလျှက်ရှိကြသည်။
လက်များမြှောက်ကာ ခေါင်းများ ငြိမ့်ကာဖြင့် တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုလျှက်ရှိကြသည်။

ခေါင်းဆောင်နှစ်ယောက်ဖြစ်သော တိရှန်းနှင့် ယုရိုက ထူမိုကို ခပ်လှမ်းလှမ်းရှိ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်သို့ ဆွဲခေါ်သွားကြသည်။
သူတို့က တစ်စုံတစ်ရာသော အကြောင်းကို တီးတိုး ပြောဆိုနေကြခြင်းဖြစ်သည်။

ထူမိုက တိရှန်းနှင့် ယုရိုရှေ့တွင် အနည်းငယ် ထိတ်ထိတ်ပြာပြာဖြစ်နေဟန်ရသည်။
သူက ဒီခေါင်းဆောင်နှစ်ယောက်၏ စကားကို အမြဲနားထောင်ခဲ့ပြီး အခုလည်း သူက ပယ်ရှားဝံ့ဟန်မတူပါ။

ခါ့ဘာနှင့် ယာမန်းတို့ကတော့ မျက်လုံးများ မှိတ်ထားရင်း နှင်းနဂါးကျွန်း တစ်ဖက်ခြမ်းရှိ ယီချန်းမိုနှင့် မကြာခန ဆက်သွယ်ကာ ရှီယန့် ဆုံးဖြတ်ချက်ကို တောင်းခံနေသည်။
သိပ်မကြာမီမှာပင် ခါ့ဘာနှင့် ယာမန်းတို့က တုံ့ပြန်ချက်ကို ရရှိသည်။
ထို့နောက် သူတို့က အနောက်ဖက်ရှိ မိစ္ဆာသံစဉ်ကလန်သားတို့ကို လက်ဝှေ့ယမ်းကာ အချက်ပြလိုက်လေသည်။

မိစ္ဆာသံစဉ်ကလန်ရှိ ကောင်းကင်အဆင့် အဆင့်မြင့်သိုင်းသမား သုံးဆယ်သည် လျှင်မြန်စွာရှေ့သို့ တက်လှမ်းသွားပြီးနောက် လူသား သိုင်းသမား ခုနှစ်ယောက်ကို ၀ိုင်းလိုက်ကြသည်။
ဝိညာဉ်တိုက်ခိုက်မှု စီးကြောင်းများသည် ကြိုးမျှင်များကဲ့သို့ ထွက်ပေါ်လာပြီး ထို လူသား သိုင်းသမား ခုနှစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း ဖုံးလွှမ်းသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now