285

1.6K 166 25
                                    

God of Slaughter (chapter – 285)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၈၅) ရင်ဆိုင်ခြင်း

နှင်းနဂါးကျွန်း၏ နေ့လည်ခင်းက အပူချိန်သိပ်မရှိလှပါ။

အထူးသဖြင့် နှင်းနဂါးတောင်စဉ်တန်းများ၏ အခြေတွင် အေးစက်သော လေညှင်းများက တသုန်သုန် ဖြူးလျှက်ရှိရာ လူများကို အေးမြလတ်ဆတ်သော ခံစားချက်ကို ပေးသည်။

သစ်လုံးများဖြင့် တည်ဆောက်ထားသောလေးထပ်အဆောက်အအုံထဲတွင် ကောင်းကင်အဆင့် သိုင်းသမားနှစ်ယောက်ဖြစ်သော ဟွာမန်နှင့်ဟောင်နန်တို့သည် ဂူလင်းလောင် ချူးရန်ချင်းတို့နှင့် မျက်နှာချင်းဆိုင်ထိုင်လျှက်ရှိကြသည်။

ချောင်ကျီလန်း၊ ဟုချင်းမန်နှင့် ဖန်ကျိတို့သည်လည်း အခြားနေရာတွင် ထိုင်နေကြသည်။
သစ်သီးအချို့ကို စားရင်း စိတ်ရှုပ်ထွေးနေသော အမူအယာများဖြင့် ရှိနေကြသည်။

ဂူမိသားစုမှ ဟွာနန်နှင့် နတ်ရေကန်ကျွန်းမှ ဟောင်နန်တို့သည် ရှီယန်၏ သတင်းစကားကို သူတို့ ဂိုဏ်းအသီးသီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
သူတို့က ဂူလင်းလောင်တို့ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို လွန်စွာ စိတ်ဝင်စားနေကြသည်။
သူတို့က မေးခွန်းများ မေးလိုက် အဖြေရှာလိုက်ဖြင့် နောက်ဆုံးတော့ မိစ္ဆာသံစဉ်ကလန်နှင့် အတောင်ပံမျိုးနွယ်စုတို့၏ ဇစ်မြစ်ကို မှန်းဆမိလာကြပြီဖြစ်သည်။
သူတို့က ထို မျိုးနွယ်ခြားများကိုအသည်းနှလုံးထဲမှ စိမ့်အောင်ပင် ကြောက်ရွံ့မိပါသည်။

ခိုင်ရာပင်လယ်က မိစ္ဆာနယ်သားများ၏ ဒဏ်ကို ခံနေကြရပြီးဖြစ်သည်။
ယခု မိစ္ဆာသံစဉ်ကလန်နှင့် အတောင်ပံမျိုးနွယ်စုတို့ အသူရာစစ်တလင်းမှ ပေါ်ထွက်လာကြပြန်သည်။
ပိုဆိုးတာက ထိုမျိုးနွယ်စုနှစ်ခု၏ အဆင့်မြင့်သိုင်းသမားများပင်ဖြစ်သည်။
မိစ္ဆာသံစဉ်ကလန်နှင့် အတောင်ပံမျိုးနွယ်စုတို့ ဘာလိုချင်သလဲ သူတို့ မသိသေးပေ။

“ငါတို့ ခေါင်းဆောင်တွေ မကြာခင်ရောက်လာတော့မှာ…အဲ့ဒီမတိုင်ခင်တော့ မကောင်းတာတစ်ခုခု ဖြစ်မလာဖို့ မျှော်လင့်ရမှာပဲ”
ဟွာမန်က ဂူလင်းလောင်ကိုကြည့်ကာ ဝေခွဲမရသော မျက်နှာဖြင့်ပြောသည်။
“ငါတို့ ခေါင်းဆောင်ကြီးက သိပ်ကို မာနကြီးတာ…ပြီးတော့ ဒီ မျိုးနွယ်ခြားနှစ်ခုရဲ့ အစွမ်းကိုလဲ ရှင်းရှင်းလင်းလင်းမသိရသေးဘူး…
ငါတို့ ခေါင်းဆောင်ကြီးက ဒေါသထွက်ပြီး ဒီ မျိုးနွယ်ခြားတွေနဲ့ တိုက်ခိုက်မယ်ဆိုရင် အခြေအနေက ရှုပ်ထွေးကုန်မယ်”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now