၂၃၉

1.4K 148 2
                                    

God of Slaughter (chapter – 239)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၉) ရှေးဟောင်း ကျောက်တုံးမြို့တော်ကြီး

ဒီအတိုင်းပဲ ရှီယန်က သန့်စင်နေ၀ိညာဉ် ဥက္ကာခဲအနီးတွင် မတ်တပ်ရပ်နေသည်။
သူက အလွန် များပြားလှသော သန့်စင်နေစွမ်းအင်များ သူ့နှလုံးသားထဲ အဆက်မပြတ် သွန်ကျနေသည်ကို သိသည်။

ထိုနေရာက နတ်မင်းသုံးပါးဂိုဏ်း၏ အထွတ်အမြတ် ကြယ်တာရာသိုင်းဝိညာဉ် တည်ရှိရာနေရာဖြစ်သည်။

အစတုန်းကတော့ ကြယ်တာရာသိုင်းဝိညာဉ်က ကြယ်စင်စွမ်းအင်များကိုသာ စုပ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သန့်စင် နေ၀ိညာဉ်နှင့် ကြုံတွေ့ချိန်တွင် နေစွမ်းအင်များ သူ့ကိုယ်ထဲဝင်ရောက်လာသည်။
ထိုအခါ ကြယ်တာရာသိုင်းဝိညာဉ်က နေစွမ်းအင်များကို စတင်စုပ်ယူခဲ့လေသည်။

ဘာဖြစ်လို့လဲ…

ရှီယန်က ဒီကိစ္စ အေးစိမ့်ရေခဲမီးလျှံ ပြောသလောက် မရိုးရှင်းတာ သိသည်။
အေးစိမ့်ရေခဲမီးလျှံ ပြောခဲ့တာက နေသည်လည်း ကြယ်တစ်လုံးပင်ဖြစ်သောကြောင့် နေစွမ်းအင်များကို ကြယ်တာရာသိုင်းဝိညာဉ်က စုပ်ယူခြင်းဖြစ်သည်တဲ့။

ဒါဆိုရင် နတ်မင်းသုံးပါးဂိုဏ်းက ကြယ်တာရာသိုင်းဝိညာဉ် နှင့် နေသူရိန် သိုင်းဝိညာဉ်ကို အဘယ့်ကြောင့် ခွဲခြားနေဦးမည်နည်း။
ထိုသိုင်းဝိညာဉ်နှစ်မျိုးက တကယ်တော့ သီးခြားစီဖြစ်သည်။ ထပ်တူကျမနေသင့်ပါ။
ဒါဆိုရင် ကြယ်တာရာသိုင်းဝိညာဉ်က ဘာကြောင့် နေစွမ်းအင်ကို ကောက်ခါငင်ကာ စုပ်ယူပါသနည်း။
အရင်တုန်းကလဲ ဟိုးအဝေး ဝေးကွာလွန်းလှသော ကြယ်စွမ်းအင်များကို ပင် စုပ်ယူနိုင်စွမ်းရှိခဲ့လျှင် ပိုမိုနီးကပ်သော နေစွမ်းအင်ကိုလဲ ထိုစဉ်ကတည်းက စုပ်ယူနိုင်ခဲ့သင့်ပေသည်။
ဒါက ပုံမှန်မဟုတ်ချေ။

ရှီယန်က မျက်ခုံးနှစ်ခု ထိလုမတတ် မျက်မှောင်ကြုံ့လျှက်ရှိသည်။
သူက တစ်စုံတစ်ခုကို နားလည်သလိုခံစားရသည်။

ဆန်းကြယ်စွမ်းအင်…

ရှီယန့်ခေါင်းထဲတွင် လင်းကနဲဖြစ်သွားသည်။
သူက အခြေအနေအားလုံးကိုသဘောပေါက်နားလည်သွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now