အပိုင်း ၂၀၂

2K 188 0
                                    

God of Slaughter (chapter – 202)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၂) တောင်တစ်ခုလုံးကို ဖျက်ဆီးဖြင်း

ကျောက်တောင်ထိပ်ပေါ်တွင်…

နတ်ဆိုးနယ်မြေထူးမှ သိုင်းသမားများ၏မျက်နှာများက ဖြူဖျော့နေကြသည်။
ရှီခွေက မြေကြီးထဲမှ ထွက်ပေါ်လာပြီးနောက် ယန်မူကို အေးစက်စွာ စိုက်ကြည့်နေရင်း
“မင်းက သူ့ကို သတ်ရဲတယ်…”

“ဘာလို့ မသတ်ရဲရမှာလဲ…”
ယန်မူက ရယ်မောလိုက်သည်။
ခေါင်းနှစ်လုံး နဂါးကြီးပေါ်မှ ခုန်ဆင်းလာပြီးနောက် ရှီယန့်ဘေးတွင် ရပ်လိုက်သည်။
ထို့နောက် ရှီယန့်ကို ပြုံးကြည့်ကာ
“မင်း အဆင်ပြေလား…”

“ကျနော် ဘာမှမဖြစ်ပါဘူး…”
ရှီယန်က ခေါင်းခါယမ်းကာ ပြုံးပြလိုက်သည်။

“တတိယအဆင့်လား…”
ယန်မူက အံ့အားသင့်သွား၏။
သူ့မျက်လုံးများက ရှီယန့် ရင်ဘတ်ကို ဂရုတစိုက်ကြည့်နေသည်။

ရှီယန့် ရင်ဝရှိ ဒဏ်ရာက မျက်စိဖြင့် မြင်နိုင်သော မြန်နှုန်းဖြင့် ပြန်ကောင်းလာနေသည်။

“ဟုတ်ကဲ့…”
ရှီယန်က ခေါင်းငြိမ့်ပြလိုက်သည်။

“အန္တရာယ်အဆင့်လား…”
ယန်မူက ရှီခွေကို လှည့်ပင်မကြည့်ပါ။
သူက တီးတိုးရေရွတ်မိသည်။
“ဒါက ယုတ္တိမရှိတော့ဘူး…”

သူကိုယ်တိုင်က အင်မော်တယ်သိုင်းဝိညာဉ်ပိုင်ဆိုင်သူဖြစ်သောကြောင့် ယန်မူက ကောင်းကောင်းနားလည်သည်။
တကယ်ဆို အင်မော်တယ်သိုင်းဝိညာဉ် တတိယအဆင့်ဖွံ့ဖြိုးမှုပုံစံသည် ထိုသူ ကမ္ဘာမြေအဆင့်သို့ရောက်ရှိမှဖြစ်ပေါ်ခြင်းဖြစ်သည်။

ရှီယန်က အန္တရာယ်အဆင့်သာရှိသေးသော်လည်း သူ၏ အင်မော်တယ်သိုင်းဝိညာဉ်က တတိယအဆင့်အထိ ကောင်းစွာ ဖွံ့ဖြိုးနေပြီးဖြစ်သည်။
ဒါက သာမာန်မဟုတ်တာထက်ကို ပိုပါသည်။

“ဟုတ်ကဲ့…ကျနော်က အန္တရာယ် ဒုတိယအဆင့်ပါ…”
ရှီယန်က ထပ်မံ ခေါင်းငြိမ့်ပြလိုက်သည်။

ယန်မူ့မျက်လုံးများက ပိုပြီး အံ့အားသင့်သွားဟန်ပြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now