295

617 97 0
                                    

295: အဆက်

“အခုလေးတင် မင်းရဲ့ သန့်စင်တဲ့ ၀ိညာဉ်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရေခဲနဂါးတွေဟာ ၀ိညာဉ်တွေအတွက် အားဆေးကြီးဆိုတာ ဖော်ပြသွားပြီပဲ…ငါက မင်းရဲ့ နဂါးအမြုတေကို လောင်ကျွမ်းစေမယ်…မင်းကိုယ်တိုင် အပြင်ထွက်လာတဲ့အထိ စောင့်မယ်…ပြီးရင် အဲ့ဒီ ကောင်းကင်မီးလျှံနဲ့ပဲ မင်းကို ဆက်ပြီးတော့ သန့်စင်မယ်လေ…စုပ်ယူလို့ရတဲ့အထိပေါ့…အဲ့ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာဝစွမ်းအင်တွေနဲ့ လေ့ကျင့်ရတာထက် ပိုပြီး အဖိုးတန်မယ်လို့ ငါထင်တယ်”

ရှီယန်က သွေးအေးအေးဖြင့်ပင် ပြောနေသည်။

သူက သိဒ္ဓိဝိညာဉ်နတ်ဘုရား၏ ဘ၀ကို သူ့ အကျိုးအမြတ်ထက် ပိုပြီး စိတ်မ၀င်စားသလို ပြောနေခြင်းဖြစ်သည်။

သိဒ္ဓိဝိညာဉ်နတ်ဘုရားခင်မျာ ပိုပြီးတော့ပင် တုန်ယင်လာသည်။

“ဆက်လောင်စမ်းကွာ…အဲ့ဒီ နဂါးဥကို ပြာကျတဲ့ထိ လောင်ပစ်စမ်း”

ရှီယန့်အမူအရာက ရက်စက်မှုများ ပြည့်နှက်နေသည်။

သူက နဂါးအမြုတေကို ရစ်ပတ်လောင်ကျွမ်းနေသော နှစ်တစ်သောင်း မြေကမ္ဘာမီးလျှံကို ထပ်မံ အမိန့်ပေးလိုက်သေးသည်။

ရှီယန့် အမိန့်ရသောအခါ မြေကမ္ဘာမီးလျှံကလဲ အားကြိုးမာန်တက်ပင် မီးရှို့သည်။

နဂါးအမြုတေ၏ ရေခဲ အကာအကွယ်က တဖြည်းဖြည်း ပျော်ကျလာနေပြီဖြစ်သည်။

ဒီအတိုင်းသာ ဆက်သွားနေလျှင် နဂါးအမြုတေကိုယ်တိုင်ပင် အရည်ပျော်သွားပေတော့မည်။

ယီတျန်းမိုတို့  သုံးယောက်သည်လည်း ရှီယန့် ရည်ရွယ်ချက်ကို နားလည်ကြသည်။

သူတို့က ကြိတ်ပြုံးလိုက်ကြရင်းသူတို့၏ ၀ိညာဉ်စွမ်းအင်များကို ထပ်မံ တိုးမြှင့်လိုက်ကြပြန်သည်။

အကာအကွယ်လွှာက ရောင်စုံအလင်းတန်းများ လှိုင်းထလာပြီးနောက် သိဒ္ဓိဝိညာဉ်နတ်ဘုရားဘက်သို့ပင် တဖြည်းဖြည်းချင်း ရွေ့လျှား ဖိအားပေးလာသည်။

သိဒ္ဓိဝိညာဉ်နတ်ဘုရားသည် ရူးသွပ်သွားသည့်အလား အော်ဟစ်ကာ ၀ိညာဉ်အားလှိုင်းများကို ဂမူးရှူးထိုး ပစ်လွှတ်နေလေရာ ပတ်ဝန်းကျင်ရှိ ချော်ကျောက်တုံးများပင် ကွဲကြေကုန်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now