အပိုင်း ၂၂၃

1.4K 152 1
                                    

God of Slaughter (chapter – 223)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၃) အသူရာ စစ်တလင်း

မီးခိုးရောင် ကောင်းကင်ကြီး၏အောက်တွင် ရှေးဟောင်း စွန့်ပစ်နယ်မြေကြီးတစ်ခုရှိနေသည်။
နေမရှိ။လမရှိ။ သဘာဝ အော်ရာများလဲမရှိ။

ကောင်းကင်ဘုံတံခါးဝက မှန်တစ်ချပ်လို တောင်ကြီးတစ်တောင်၏ထိပ်တွင် မျောလွင့်နေသည်။

ရှီယန်က တောင်ထွတ်ဖျားတွင် မတ်တပ်ရပ်လျှက်ရှိသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လျှင် တစ်လောကလုံးသည် မီးခိုးရောင် တိမ်လွှာများဖြင့် ကာရံထားသည့်နှယ်ဖြစ်ကြောင်း တွေ့ရှိရသည်။
သဘာဝစွမ်းအင်များက ထို မီးခိုးရောင် တိမ်တိုက်များကြောင့် ပိတ်ဆို့နေသည့်အလား။
ကီလိုမီတာ အတော်များများက ဖုံးကွယ်နေကာ အဝေးကို လှမ်းမြင်နိုင်ရန် ခက်ခဲလှသည်။

ရှေ့တည့်တည့်ကို မျှော်ကြည့်လျှင်တော့ များပြားလှသော ချောက်နက်ကြီးများ…
အလွန်ကြီးမားကာ မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းသော အသူရာချောက်နက်ကြီးများဖြစ်သည်။

မြစ်များကလဲ ခမ်းခြောက်နေပြီး ဒီနေရာတွင် မည်သည့် သက်ရှိအရိပ်အယောင်မျှ မမြင်တွေ့နိုင်ပါ။
ဖြူဖျော့နေသော မြေပြင်ကြောင့်လဲ သေဆုံးနေသော ကုန်းမြေကြီးနှင့်တူလှသည်။
မြင်ကွင်းတစ်ခုလုံးသည် လေးလံထိုင်းမှိုင်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

“ကဲ…ဒါက အသူရာစစ်တလင်းပဲ…”
လီဖန်းအာက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
“ဒီနေရာမှာ အရပ်မျက်နှာကို ခန့်မှန်းလို့မရဘူး…နေမရှိဘူး လတွေ ကြယ်တွေမရှိဘူး…သဘာဝစွမ်းအင်တွေလဲ မဖြစ်ထွန်းဘူး…ဒီနေရာဟာ သိုင်းသမာတွေ စွမ်းအင်ကျင့်ကြံဖို့ အဆင်မပြေတဲ့နေရာပဲ…ရှေးရှေးတုန်းက ဒီနေရာဟာ စစ်မြေပြင်ဖြစ်ခဲ့တယ်…သိပ်အစွမ်းထက်တဲ့ ရှေးလူတွေ ဒီနေရာမှာ တိုက်ခိုက်ခဲ့ကြတယ်…အဲ့ဒီ ရှေးလူတွေဟာ လျှို့ဝှက် မှော်ရတနာတွေ ဆန်းကျယ်တဲ့ သိုင်းပာာတွေကို ဒီ အသူရာစစ်တလင်းမှာ ချန်ထားရစ်ခဲ့ကြတယ်တဲ့…ဒါပေမဲ့ အဲ့ဒီရတနာတွေကို ရရှိဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ခက်ခဲတယ်….”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now