309

614 99 0
                                    

Chapter 309: ပြင်းထန်သော တိုက်ပွဲ

"ဗျိ..."

မန်ဂူ၏ သားရေ၀တ်စုံက စုတ်ပြဲသွားသည်။

ရိုင်းစိုင်းသော ရဲရင့်သော ကြောက်မက်ဖွယ်ရာ စွမ်းအင်များက မန်ဂူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

သူ့ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြာစိမ်းကြီးများက မျှော့ကြီးများသဖွယ် ဖောင်းကြွလာကြပြီးနောက် တွန့်လိမ်လှုပ်ရှားသွားကြသည်။

မျက်မမြင်တစ်ယောက် ၀င်္ကဘာရေးနေသလို ရှုပ်ထွေးသော မျဉ်းကြောင်းများ မျဉ်းကွေးများသဖွယ် ဖြစ်ပေါ်လာသည်။

စက္ကန့်ပိုင်းအတွင်း

မန်ဂူ့ခန္ဓာကိုယ်ပေါ်မှ သွေးကြောများ၏ အနေအထားများအားလုံး ထူးဆန်းစွာပြောင်းလဲသွားပြီဖြစ်သည်။

အစိမ်းရောင်သွေးကြောကြီးများသည် ထောင်ထနေကြပြီး ထူးဆန်းသော ၀င်္ကဘာပုံစံမျိုးဖြစ်ပေါ်လာသည်။

သူ့ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်ကျွဲရိုင်းကြီးတစ်ကောင်ပုံစံ ဆေးမင်ကြောင်ထိုးထားသလိုမျိုး ပုံစံတစ်ခု ပေါ်လာခြင်းဖြစ်သည်။

"လူရိုင်း နတ်ဘုရား သွေးလွှတ်ကြောတွေ...."

ရေပူစမ်းတစ်ဝိုက်ရှိ သိုင်းသမားများအားလုံးလိုလိုပင် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

လူရိုင်း နတ်ဘုရား သွေးလွှတ်ကြောများ ဆိုသည်မှာ လူရိုင်းဂိုဏ်း၏ထွတ်မြတ်ခြင်းအဆင့် သိုင်းပညာတစ်မျိုးဖြစ်သည်။

ထို့ကြောင့် လျှော့တွက်လို့မရချေ။

မန်ဂူသည် အလွန် အရည်အချင်းရှိသော ပါရမီရှင်တစ်ယောက်ဟု ပြောကြသည်။

သူ၏ သွေးကြောများသည် သာမာန်လူများထက် ပိုမို သန်မာသည်။

သူက လူရိုင်းနတ်ဘုရား၏ သွေးလွှတ်ကြောများ ပညာရပ်ကို ထုတ်သုံးသောအခါ လူအများအပြားပင် အရိုင်းအစိုင်းတစ်ယောက်၏ ခက်ထန်ကြမ်းကြုတ်သော ခွန်အားကို သေသေချာချာ ခံစားလိုက်ကြရသည်။

"မန်ဂူဟာ လူရိုင်းဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲမှာ ပထမပဲ...သူဟာ မှော်ရတနာတွေ သုံးစရာမလိုပဲ သူ့ရဲ့ ကိုယ်ပိုင် နတ်ဘုရားစွမ်းအင်အပေါ်မှာပဲ မှီခိုအားထားနိုင်တယ်တဲ့...အဆင့်တူကိုမပြောနဲ့ နီဗားနားအဆင့် သိုင်းသမားတစ်ယောက်တောင် သူ့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူးတဲ့"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now