၂၄၀

2.2K 192 22
                                    

God of Slaughter (chapter - 240)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၄၀) မိစ္ဆာသံစဉ် ကလန်

ရှီယန် ပြန်သတိရလာသောအခါ ပတ်ဝန်းကျင်က ဘာမှ မမြင်ရအောင်ပင် ပိန်းပိတ်အောင်မှောင်နေသည်။

မျက်လုံးများပွင့်လာသည်နှင့်ပတ်ဝန်းကျင်ကို စူးစမ်းရန် သူ့ ၀ိညာဉ်အသိစိတ်ကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း ၀ိညာဉ်အသိစိတ် ဖြန့်ကျက်လိုက်သည်နှင့်တပြိုင်နက် သူ၏ အသိစိတ်ပင်လယ်ထဲတွင် အလွန်အမင်း နာကျင်သွားလေသည်။
နာကျင်မှုသည် သူ၏ အသိစိတ်ပင်လယ်ကို ဆွဲဖြဲလိုက်သကဲ့သို့ရှိကာ ရှီယန်က ပြန်လည်မေ့မျောသွားလုနီးပါးပင် ခံစားလိုက်ရသည်။

သူက မျက်နှာပျက်သွားပြီးနောက် ၀ိညာဉ်အသိစိတ်ကို အလျှင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ရသည်။
ထိုအခါမှ အသက်ရှူမှားလောက်သော နာကျင်မှုက ပျောက်ကွယ်သွားသည်။

ရှီယန်က သူ့အမြင်အာရုံဖြင့်သာ အမှောင်ထဲတွင် စူးစိုက်ကြည့်နေသော်လည်း ဘာမှ ထူးခြားမလာ။

ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုကြီးထဲတွင် စမ်းတ၀ါးဝါး လုပ်နေပြီးမှ သူ့ပတ်ဝန်းကျင်သည် အေးစက်သော ချော်ကျောက်များဖြင့် ကာရံထားခြင်းဖြစ်သည်ကို သိလိုက်ရသည်။
ချော်ကျောက်များက အလွန်မာကျောပြီး ဖုထစ်ကြမ်းတမ်းသည်။
သူ၏ အသိစိတ်ပင်လယ်ထဲတွင် အစီအရင်တစ်ခု ချထားဟန်တူသည်။
သူက သူ့ဝိညာဉ်အသိစိတ်ကို ထပ်မံထုတ်လွှင့်လျှင် ထို အစီအရင်က အသက်ဝင်လာပြီး ဦးခေါင်းကွဲအက်လုမတတ် နာကျင်မှုကို ခံစားစေသည်။

ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်ရန် ပိုပြီး အားစိုက်သော်လည်း ဘာမှ ထူးခြားမလာပါ။
ရှီယန်က ခြေဆန့်လက်ဆန့်လုပ်လိုက်ရင်း သူ့ကိုယ်ထဲရှိ စွမ်းအင်များကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
သူ၏ ကီစုစည်းမှုသည်လည်း ကန့်သတ်ချုပ်နှောင်ခံထားရလေသည်။
သူက ဘယ်လောက်ပင် အားစိုက်ထုတ်သော်လည်း သူ့ ကီစွမ်းအင်ကို ထုတ်ဖော်လို့မရတော့ပါ။

ကီစုစည်းမှုရော အသိစိတ်ပင်လယ်ကိုပါ ချုပ်နှောင်ခြင်းခံရသောအခါ သိုင်းသမားတစ်ယောက်သည် သာမာန်လူတစ်ယောက်နှင့် ဘာကွာခြားတော့ပါမည်နည်း။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now