Chapter 335: ရူးသွပ်စွာ
အထီးကျန်ကျွန်းလေးပေါ်တွင်...
ရှီယန်က အဓိပ္ပါယ်မဲ့စွာ ထိုင်နေရင်း အရှေ့ဘက်ဆီသို့ ဗလာမျက်လုံးများဖြင့် ငေးကြည့်နေသည်။
အတန်ငယ်ကြာသွားပြီးနောက် လက်ချောင်းများကို ဖြန့်ကာ သွေးနွယ်ရှင်လက်စွပ်ကို တယုတယ ပွတ်သပ်သည်။
သူက စိတ်ဖြင့် ဆက်သွယ်ကာ အေးစိမ့်ရေခဲမီးလျှံနှင့် မြေကမ္ဘာမီးလျှံတို့ကို ပြောလိုက်သည်။
"ငါ ခနနေရင် လက်စွပ်ဝိညာဉ်နဲ့ ဆက်သွယ်လိုက်မယ်...မင်းတို့ကို လွှတ်ပေးဖို့ပြောလိုက်မယ်...အခုအချိန်ကနေစပြီး မင်းတို့နဲ့ ငါနဲ့ ရေစက်ကုန်ပြီပေါ့ကွာ"
အေးစိမ့်ရေခဲမီးလျှံက ဘာမှ မတုံ့ပြန်ပဲ ငြိမ်သက်နေသည်။
မြေကမ္ဘာမီးလျှံကတော့ အခုမှ အခြားကမ္ဘာက လန့်နိုးလာသလိုမျိုး ထိတ်ထိတ်ပြာပြာဖြင့် ရှီယန့်ကို ဆက်သွယ်သည်။
သူက အခြေအနေကို အသေးစိတ်ရှင်းပြရန် အတင်းတောင်းဆိုနေသည်။
ရှီယန်က သူ့ မှာ အချိန်သိပ်မကျန်တော့သည်ကို သိသောကြောင့် အတိုချုံးရှင်းပြလိုက်သည်။
နှစ်တစ်သောင်း မြေကမ္ဘာမီးလျှံသည် ဘာမှ မတုံ့ပြန်နိုင်သေးပဲ ရှီယန်၏ စကားများကို နားလည်နိုင်ရန် အချိန်ယူနေရဟန်တူသည်။
ထိုစဉ်မှာပင်
မူလက ခမ်းခြောက်နေသော ကောင်းကင်နှင့် မြေကြီး သဘာစွမ်းအင်များ ရုတ်တရက် စုဝေးသိပ်သည်းလာနေသည်ကို ရှီယန် ခံစားမိလိုက်သည်။
သူ အံ့အားသင့်သွားပြီးနောက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်မိသည်။
လူ့ဦးခေါင်းအရွယ်မျှရှိသော သလင်းတုံးတစ်ခု ဘယ်တုန်းကရောက်နေမှန်းမသိ၊ ကောင်းကင်ထက်တွင် တည်လို့နေသည်။
သလင်းတုံးက တဖြည်းဖြည်း ဆင်းသက်လာပြီးနောက် သူ့ ဦးခေါင်းအထက်နားတွင် ထင်ရှားလာသည်။
"သိဒ္ဒိဝိညာဉ်နတ်ဘုရား..."
ရှီယန်အာမေဋိတ်သံထွက်သွားသည်။