369

558 90 0
                                    

Chapter 369: ဒီရေကန်...

အိုင်ရာတို့အုပ်စုက ကျွန်းငယ်လေးဆီသို့ တိုက်ရိုက်ပျံသန်းသွားကြသည်။

ဘော့ဂ်၊ လောင်လီနှင့် လောင်လွန်တို့၏ မျက်နှာများက ရက်စက်ကြမ်းကြုတ်သော အသွင်များ ပြောင်းလဲသွားကြပြီး သူတို့ကိုယ်မှ သတ်ဖြတ်ခြင်း အော်ရာများ ဖြာထွက်လာကြသည်။

သူတို့တွင် ကောင်းသော ရည်ရွယ်ချက်မရှိသည်ကတော့ သေချာပါသည်။

ရှီယန်က နောက်တွင် ကျန်ရစ်ခဲ့သည်။

သို့သော်လည်း သူက အလျင်မလိုပါ...ကျွန်းငယ်လေးပေါ်မှ တိုက်ပွဲဖြစ်ပွားသံများကို သူကြားနေရသည်။

သူက သက်သောင့်သက်သာပင် ပုံမှန်အမြန်နှုန်းဖြင့် ပျံသန်းလိုက်ပါသွားသည်။

သူ ရေကန်ဆီသို့ ရောက်သောအခါ သိုင်းသမားသုံးယောက်သည် အသက်ရှုခြင်း ရပ်တန့်နေကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အိုင်ရာတို့ ငါးယောက်အုပ်စုကတော့ အလောင်းသုံးလောင်းဘေးတွင် ၀ိုင်းနေကြပြီး ဂရုတစိုက် ရှာဖွေနေကြသည်။

အလောင်းများ၏ လက်မှ သိုလှောင်လက်စွပ်များကို ချွတ်ယူနေကြသည်။

အိုင်ရာက နီဗားနားဒုတိယအဆင့်ဖြစ်သော သိုင်းသမားအလောင်းကို ရှာဖွေနေသည်။

ကျိယီနှင့် ဘော့ကတော့ နီဗားနားပထမအဆင့်တစ်ယောက် ကိုယ်ပေါ်တွင် ရှာဖွေနေစဉ် လောင်လွန်တို့ ညီအစ်ကိုကတော့ ကျန်တစ်ယောက်ကို ရှာဖွေနေသည်။

သူတို့ငါးယောက်က အဖိုးတန်ရတနာတစ်ခုခုများ မျက်စိရှမ်းပြီး ကျန်ခဲ့မှာစိုးသည့်အလား အလောင်းများအပေါ် အသေးစိတ် လှန်လှောရှာဖွေနေကြခြင်းဖြစ်သည်။

ရှီယန်က ရောက်လာပြီဖြစ်သော်လည်း ဘာမှမပြောပဲ ခပ်လှမ်းလှမ်းမှပင် ရပ်ကြည့်နေသည်။

အလောင်းသုံးလောင်းမှ အော်ရာများက သူ့ထံ စီးဆင်းလာနေပြီဖြစ်သည်။

သူ၏ မရီဒျန်များထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားကြသောအခါ ရှီယန့် စိတ်ဝိညာဉ်က သက်သောင့်သက်သာခံစားရသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now