278

1K 119 0
                                    

God of Slaughter (chapter – 278)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၇၈) ကြီးမားသောပုံရိပ်

နှင်းနဂါးကျွန်း…
ကယ်လီကလန်…

အဓိက ခန်းမကြီးထဲတွင်…
နှင်းနဂါးကျွန်း၏ ခေါင်းဆောင်များဖြစ်ကြသော ထိပ်တန်းသိုင်းသမား ဆယ်ယောက်ခန့်သည် ရိုကျိုး ငြိမ်ကုတ်စွာ ရှိနေကြသည်။
ယီတျန်းမို၏ မျက်နှာသေကြီးအောက်တွင် သူတို့က အဆင်အခြင်မဲ့ မပြုလုပ်ဝံ့ပါ။
ယီတျန်းမို စိတ်မကြည်ဖြစ်ကာ တစ်ခုခု ထလုပ်လိုက်မည်ကို စိုးရိမ်လှပါသည်။

ဝူခ နှင့် ယိအန်းတို့သည် ယီတျန်းမို၏ ကြောက်မက်ဖွယ်ရာ ၀ိညာဉ်စွမ်းအင်ကို ခံစားရပြီးသောအခါ သူတို့နှစ်ယောက်စလုံး လင်ဒါ့ကို လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ မျက်နှာအမူအယာများက ရှီယန်၏ အကြောင်းကို သူမအား မေးမြန်းနေခြင်းပင်ဖြစ်ပါသည်။
ယိအန်းရော ၀ူခပါ အလွန် အတွေ့အကြုံ ကြွယ်ဝသူများဖြစ်ကြသည်။
သူတို့က ယီတျန်းမိုသည် အမြဲပင် ရှီယန်၏ အမိန့်ကို နာခံနေမှန်း သူတို့ အကဲခတ်မိသည်။
ထိုအချက်က သူတို့ကို အလွန်တရာ ကြောက်လန့်စေသည်။
သူတို့က ရှီယန်၏ အနေအထားသည် သာမာန်မဟုတ်မှန်းတော့ သိရှိသွားကြပြီဖြစ်သည်။

လင်ဒါနှင့် ရှီယန်သည် အရင်ကတည်းက ရင်းနှီးခဲ့ကြခြင်းဖြစ်သော်လည်း သူမက ရှီယန့် နောက်ကြောင်းရာဇ၀င်ကို မသိပါ။
ယခု ယီတျန်းမို မည်မျှ ခွန်အားကြီးမားသည်နှင့် သူက ရှီယန့် အမိန့်အတိုင်း တသွေမတိမ်းလိုက်နာနေသည်ကို တွေ့ရသောအခါ ရှီယန်သည် သာမာန်လူတစ်ယောက်မဟုတ်မှန်း သိရှိလာပါသည်။ထို့ကြောင့် သူမက ရှီယန့်ကို မေးလိုက်ရခြင်းဖြစ်သည်။

ရှီယန်က ခန်းမအလယ်ခေါင်တွင် ရပ်နေပြီး ယီတျန်းမို အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်သွားသည်ကို စောင့်ကြည့်နေသည်
ထို့နောက် သူက လင်ဒါ့ကို ပြုံးပြရင်း ငြင်သာသောလေသံဖြင့်
“ငါ့ကို ယန်မိသားစုဝင်တစ်ယောက်လို့ပဲ မှတ်ထားလိုက်ပါ”

“ယန်မိသားစု”
အားလုံး၏ မျက်နှာများက ခံစားချက်အမျိုးမျိုး ထွက်ပေါ်လာကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now