အပိုင်း ၂၁၁

1.5K 174 1
                                    

God of Slaughter (chapter – 211)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁၁) တစ္ဆေသားရဲကြီး

ရှီယန်က ယန်လောင်နောက်သို့ လိုက်ပါလာရင်း သူတို့က မြင့်မြတ်သော တောင်ကြီးနှစ်လုံးကြားရှိ ချိုင့်ဝှမ်းလွင်ပြင်ဆီ ဦးတည်နေကြသည်။

ထိုနေရာနှင့် မိုင်အနည်းငယ် ဝေးကွာနေသေးသော်လည်း ရှီယန်က ထိုနေရာမှ ပြင်းထန်သော မိစ္ဆာအငွေ့အသက်ကို ၀ိုးတ၀ါး ခံစားမိသည်။

ချိုင့်ဝှမ်း၏ အထက်ဖက်တွင်တော့ အလွန်အင်မတန် အားကောင်းသော မိစ္ဆာစွမ်းအင်နှင့် မြေအောက်ကမ္ဘာ၏ အမှောင်စွမ်းအင်နှစ်မျိုးသည် တစ်ခုက မဲနယ်ရောင် တစ်ခုက အနက်ရောင် တိမ်ထုကြီးများအဖြစ် သီးခြားစီ ဖြစ်တည် ရောနှောလျှက်ရှိသည်။
နှစ်မျိုးစလုံးက ထို သတ္တ၀ါကောင်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ဟန်တူသည်။

“ဂရား…….”

တစ်စုံတစ်ယောက် နီးကပ်လာနေသည်ကိုသတိပြုမိဟန်တူ၏။
ချိုင့်ဝှမ်းထဲမှ မိုးမြေသိမ့်သိမ့်တုန်လောက်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

ထို ဟိန်းဟောက်သံကြီးထွက်ပေါ်လာသောအခါ ချိုင့်ဝှမ်းတစ်ဝိုက်ရှိ အမျိုးမျိုးသော မိစ္ဆာသားရဲတို့မှာ နေရာတွင်ပင်ပစ်လှဲလိုက်ကြလေသည်။
သူတို့က မတ်တပ်ထရပ်ရန်ပင် မ၀ံ့ရဲကြဟန်တူ၏။

“ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ….”
ယန်လောင် ဘာမှမတတ်နိုင်ဟန်ဖြင့် ခေါင်းယမ်းသည်။
ဒီမိစ္ဆာသားရဲကြီးကို ထိန်းသိမ်းထားရတာကိုက သိပ်ကို ပင်ပန်းလွန်းတယ်…တစ်နှစ်ခွဲအတွင်းမှာပဲ ဒီမိစ္ဆာသားရဲကြီးက အဆင့်သုံး အဆင့်လေး သားရဲ တစ်ရာကျော် စားပစ်လိုက်ပြီ…ငါတို့ယန်မိသားစုသာ ငွေကြေးအရင်းအမြစ် အလျှံပယ်မကြွယ်ဝဘူးဆို၇င် ငါတို့ ဒီကောင်ကြီးကို ထိန်းထားနိုင်မှာမဟုတ်ဘူး…”

ရှီယန်က ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

အဆင့် သုံး အဆင့်လေး မိစ္ဆာသားရဲတစ်ကောင်သည်ပင် အဖိုးတန်လှပြီဖြစ်သည်။
ဒါပေမဲ့ ဒီဟာကြီးက ဒီလောက်များပြားလှတဲ့ မိစ္ဆာသားရဲတွေကို တစ်နှစ်ခွဲထဲနဲ့ ကုန်အောင်စားပစ်လိုက်သတဲ့လား…ဒီစကားနဲ့တင် ထိုမိစ္ဆာသားရဲကြီး ဘယ်လာက် ကြောက်မက်ဖွယ်ကောင်းမှန်း ခန့်မှန်းလို့ရနေပြီဖြစ်သည်။
ရင်ဆိုင်ဖို့ လွယ်လိမ့်မည်မဟုတ်ချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now