328

575 96 3
                                    

Chapter 328: စိန်ခေါ်ခြင်း

ထွတ်မြတ်ရောင်စဉ်တောင်ကြီး၏ ခြေရင်းတွင်

ယီတျန်းမိုတို့သုံးယောက်သည် ရုတ်တရက် ဒေါသူပုန်ထလာကြကာ အေးစက်သော အရှိန်အ၀ါများ ပေါက်ကွဲထွက်ပေါ်လာသည်။

သူတို့၏ ၀ိညာဉ်အသိက ထွတ်မြတ်ရောင်စဉ်တောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားဟန်တူသည်။

ပတ်ဝန်းကျင်ရှိ သိုင်းသမားများအားလုံးပင် ကြောက်လန့်တကြားဖြင့် ဝေးသည်ထက်ဝေးအောင် ထွက်ပြေးကြရသည်။

အားလုံး ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြစဉ်မှာပင် သူတို့၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကြသည်။

အေးစက်မှောင်မည်းသော အရှိန်အ၀ါများ ရုန့်ရင်းကြမ်းတမ်းစွာ လွှမ်းမိုးသွားသည်။

သူတို့၏ ခြေထောက်များက လှုပ်ရှားသွားကြပြီးနောက် ရှေ့သို့ ခုန်ထွက်သွားကြသည်။

တောင်ခြေ လမ်းထိပ်၌ရပ်နေသော လီဖူသည် ကမန်းကတမ်း တားဆီးသည်။

သူ့ဒူးများက မခိုင်တော့သလို ပျော့ခွေနေပြီး တဆတ်ဆတ်တုန်နေသော်လည်း အနိုင်နိုင်အားတင်းထားသောမျက်နှာဖြင့် ကြိုးစားကာ ပြုံးရယ်လိုက်သည်။

"တောင်းပန်ပါတယ်....တောင်ပန်ပါတယ်...ဖိတ်ကြားမထားရင် ၀င်ခွင့်မရှိ... ရှိ...."

ယီတျန်းမိုတို့အုပ်စုက ဘာမှမပြောပဲ သို့မဟုတ် သူ့စကားများကိုပင် ကြားဟန်မတူပဲ တောင်ပေါ်သို့ လျှင်မြန်စွာ ပြေးတက်သွားကြလေသည်။

လီဖူက ကို့ယို့ကားယားဖြင့် ကျန်နေရစ်ခဲ့သည်။

ထိုလူများက ချက်ခြင်းပင် အရိပ်အယောင် မမြင်ရတော့အောင် ပျောက်ကွယ်သွားပြီဖြစ်မှန်း သတိပြုမိလိုက်သည်။

သူက တောင်ထိပ်ပေါ်သို့ ကမန်းကတမ်း သတင်းပို့လွှတ်လိုက်သည်။

သူတို့သုံးယောက် တောင်ပေါ်တက်လာသည်ကို လှမ်းအကြောင်းကြားလိုက်ခြင်းဖြစ်သည်။

တောင်ခြေမှ လူအုပ်ကြီးသည်လည်း အကြီးအကျယ် အံ့အားသင့်နေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now