332

597 91 0
                                    

Chapter 332: ချိရန်

"မိစ္ဆာနတ်ဘုရား ရှေးဟောင်းယန္တယား"

ယီကျောင်းဖန်သည်လည်း ကောင်းကင်ထက်ရှိ ဧရာမ အရိုးဖြူသင်္ဘောကြီးကိုကြည့်နေသည်။

တဖြည်းဖြည်း အမှောင်ထုထဲမှ တိုးထွက်လာသောအခါ ထိတ်လန့် တုန်လှုပ်စွာ၊ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။

မှင်နက်ရောင် တိမ်တိုက်များကြား

အလွန်ကြီးမားပြီး ဖြူဖွေးတောက်ပသော အရိုးဖြူသင်္ဘောကြီး သည် ကမ္ဘာတုန်လောက်သော ဖျက်ဆီးခြင်းအော်ရာများ သယ်ဆောင်လာသည်။

တောင့်တင်းစွာ စူးစိုက်ကြည့်နေရင်း ရှီယန့် နှလုံးသားထဲတွင် အစွမ်းအစမရှိတော့သလို ခံစားရသည်။

ယီကျောင်းဖန်က စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် သူ့ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာသည်။

သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် လင်းယာချီဘက်သို့လှည့်ကာ

"အစ်မ...ငါတို့ ခုချက်ခြင်း ထွက်သွားမှဖြစ်မယ်"

လင်းယာချီလည်း စိတ်လက်လေးလံစွာဖြင့် ငေးကြည့်နေရင်း ခေါင်းညိတ်သည်။

"အင်း..."

"မိစ္ဆာနတ်ဘုရား ရှေးဟောင်းယန္တယားဆိုတာ ဘာလဲ"

ရှီယန်က မထိန်းနိုင်တော့ပဲ မေးလိုက်သည်။

သူ့မျက်နှာက အမူအယာတစ်မျိုးဖြစ်လို့နေသည်။

ကောင်းကင်ထက်တွင်ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ကြည့်ရင်း သူက လင်ဒါ့ထံ လျှောက်သွားလိုက်သည်။

တုံ့ဆိုင်းတွေဝေခြင်းမရှိပဲ သူမ၏ လက်ကလေးကိုဆွဲကာ အခြားသူများ စုဝေးနေရာသို့ ပြန်ခေါ်လာသည်။

လင်ဒါ အခြားလူများကြားရောက်သောအခါ အနည်းငယ် အနေရခက်ပြီး ကြောက်ရွံ့ဟန်ဖြင့် ရှာစင်းယန်ကို ခိုးကြည့်သည်။

သူမက ခေါင်းသာငုံ့ထားပြီး ဘာစကားတစ်ခွန်းမှ မဟရဲချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now