271

1K 122 1
                                    

God of Slaughter (chapter – 271)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၇၁) ချုပ်နှောင်လိုက်

ဧရာမဓါးနီကြီး တစ်ချက် လွှဲခုတ်ရုံဖြင့် အကာအကွယ်လွှာက မျက်စိတစ်မှိတ်အတွင်း စုတ်ပြဲသွားသည်။

ကျောက်သားစင်မြင့် အလယ်ဗဟိုရှိ အဖြူရောင် သလင်းတုံးထဲမှ ဝေဒနာမဲ့ ၀ိညာဉ်ချုပ်မီးလျှံ၏ မျက်နှာက သိသိသာသာ အမူအယာပျက်သွားသည်။

စိတ်ဓါတ်ကျသွားကြသော ယုရိုနှင့် တိရှန်းက ရှီယန့် အပေါ် အယုံအကြည်မဲ့သွားကြပြီးဖြစ်သည်။
သို့သော်လည်း ရုတ်တရက် ဧရာမ ဓါးနီကြီး ထွက်ပေါ်လာပြီး ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရသောအခါ မျှော်လင့်ချက်များ ပြန်လည်နိုးထလာကြသည်။

သူတို့နှစ်ယောက်က တုန်လှုပ်စွာဖြင့် ထို ထူးဆန်းလှသော ဓါးနီကြီးကို ကြည့်သည်။

ရှီယန်က နှုတ်ခမ်းစေ့ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
သူ့မျက်နှာက စိတ်လှုပ်ရှားမှုကို ဖော်ပြနေပြီး သွေးနွယ်ရှင်လက်စွပ်၏ ခန့်မှန်းမရနိုင်သော အစွမ်းကို ခံစားမိသည်။

ဓါးနီကြီးက တစ်ချက်တည်း ခုတ်ပိုင်းကာ အကာအကွယ်လွှာကို စုတ်ပြဲသွားစေပြီးနောက် နောက်တစ်ဖန် မီတာတစ်ရာခန့် ကျယ်ဝန်းသော သွေးအရှိန်အ၀ါများဖြင့် ထပ်မံ မြောက်တက်လာသည်။
နောက်တစ်ချက် ခုတ်ပြန်ပြီ။

ထိုဓါးခုတ်ချက်သည် ကမ္ဘာကို ထက်ခြမ်းခွဲတော့မည့်အလား
ထိုဓါးချက်သည် ကြမ်းကြုက်၏။
ထိုဓါးချက်သည် ခိုင်မာပြတ်သား၏။
ဓါးကိုယ်ထည်က ကြီးမားလေးလံသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထုတ်လွှတ်သည်။
အရာအားလုံးကို ထက်ပိုင်းပြတ်သွားစေမည့်အလား အားအင်များကို ခံစားလိုက်ရသည်။

“ရွှမ်း….”

အဖြူရောင် သလင်းတုံးက တိုဟူးတုံးသဖွယ် ထက်ခြမ်းကွဲထွက်သွားသည်။

“၀ုန်း…၀ုန်း…၀ုန်း…”
ပေါက်ကွဲမှုက ပြင်းထန်လွန်းလေရာ သံစဉ်သားရိုင်းတောင်ကြီး၏ အတွင်းဖက်ဆီမှ နားကွဲလုမတတ် ထစ်ခြုန်းသံကြီးများ ထွက်ပေါ်လာသည်။
ဝေဒနာမဲ့ ကိုးမျိုး ၀ိညာဉ်ချုပ်မီးလျှံ လွတ်မြောက်လာလေပြီ…။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now