276

1K 121 1
                                    

God of Slaughter (chapter – 276)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၇၆) ကယ်လီ ကလန်

နေလုံးကြီး ထွက်ပေါ်လာသောအခါ ယီတျန်းမိုက ရှီယန့်ကို ခေါ်ကာ နှင်းနဂါးကျွန်း၏ အလယ်ဆီသို့ ပျံသန်းသွားသည်။

သူတို့ ပျံသန်းနေစဉ်တွင် လေတဟူးဟူးတိုက်လျှက်ရှိသည်။
ယီတျန်းမိုက သူ့ ၀ိညာဉ်အသိကို ဖော်ထုတ်ကာ နှင်းနဂါးကျွန်းတစ်ကျွန်းလုံး လွှမ်းခြုံလိုက်သည်။
ကျွန်းပေါ်တွင် ထိပ်တန်းသိုင်းသမား ဘယ်နှစ်ယောက်ရှိသည်၊ ဘယ်နေရာတွင် လူများ စုရုံးနေသည်၊ ဘယ်မိသားစုက အင်အားအကြီးဆုံးဖြစ်သည် စသည်ဖြင့် သူက ရှင်းရှင်းလင်းလင်း သိမြင်ရသည်။

ရှီယန့် အသိစိတ်ပင်လယ်ကတော့ အလုပ်များနေသည်။
အသိစိတ်ပင်လယ်ထဲရှိ နတ်ဆိုးငါးကောင်သည်လည်း အသင့်ပြင်ဆင်ထားကြပြီး အကြီးအကဲဝိညာဉ်ကလဲ သတိကြီးစွာဖြင့် ရှိနေသည်။

ရှီယန်က သူ့ စိတ်ဝိညာဉ်ကို သွေးနွယ်ရှင်လက်စွပ်ထဲသို့ နှစ်မြုပ်ထားသည်။
သူက နှစ်တစ်သောင်း မြေကမ္ဘာမီးလျှံနှင့် ချိတ်ဆက်ထားပြီး ယီတျန်းမို မူမမှန်လျှင် သူက ကောင်းကင်မီးလျှံများကို ချက်ခြင်း ထုတ်သုံးနိုင်ရန် ပြင်ဆင်ထားသည်။

သူက ယီတျန်းမိုကို အပြည့်အ၀ စိတ်မချနိုင်သေးပါ။

ယီတျန်းမိုက သစ္စာဆိုခဲ့ပြီးဖြစ်သော်လည်း စိတ်ရင်းနှင့်လား ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိနေသေးလား ရှီယန် သေချာမသိနိုင်ပါ။ဒ

နှင်းနဂါးကျွန်းအတွင်းပိုင်းသို့ ၀င်ရောက်ရန်အတွက်ကျတော့ တိရှန်းနှင့် ယုရိုက မသင့်တော်ပေ။
သူတို့၏ နောက်ကျောရှိ တောင်ပံကြီးများက မျိုးနွယ်ခြားများဖြစ်သည်ဆိုတာ သိသာလွန်းစေသည်။
သူတို့၏ အသွင်အပြင်ကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ပေသည်။

သူအရှေ့ပင်လယ်ကို စွန့်ခွာလာတာ အချိန်ဘယ်လောက်ကြာပြီလဲ သူသေချာမမှတ်မိ။
ယခု အရှေ့ပင်လယ်၏ လက်ရှိအခြေအနေများကိုလည်း သူမသိသေးပါ။
ထို့ကြောင့် မဆင်မခြင် မလုပ်ဝံ့ခြင်းဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now