253

1K 128 0
                                    

God of Slaughter (chapter – 253)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၅၃) လေကျယ်

တောနက်ထဲတွင်
ရှီယန့် လက်ဖ၀ါးကြီးနှစ်ဖက်က အဖြူရောင်တောင်ပံကလန် မျိုးနွယ်စုခေါင်းဆောင် ယုရို၏ ဖွံ့ထွားသော ရင်အုံပေါ်တွင် ဖျစ်ညှစ်ဆုပ်ကိုင်လျှက်သားရှိနေသည်။
ယုရိုထံမှ ဒေါသမုန်တိုင်းနှင့် မိုးကြိုးမုန်တိုင်းများ ကျရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
သို့သော်လည်း မျှော်လင့်မထားစွာပင် ယုရို၏ တိုက်ခိုက်မှုက အခုထိ ထွက်ပေါ်မလာသေးပါ။

သူ့ထံ ကျရောက်လာမည့် သတ်ကွက်များကို ကာကွယ်ရန်အတွက် ရှီယန်က ကျောက်ခန္ဓာသိုင်းဝိညာဉ်ကိုသာမက အနက်ရောင်အလင်းလွှာကိုပါ ထုတ်ဖော်ထားသည်။
သူ့ကီစုစည်းမှုကိုလည်း တစ်ကိုယ်လုံး လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်ထဲမှ အရေးကြီးသော အစိတ်အပိုင်းများကို ကာကွယ်ထားသေးသည်။

သို့သော်လည်း သူမ၏ အိစက်ဖွံ့ထွားသော ရင်အစုံကို ဆယ်စက္ကန့်မျှ ပွတ်သပ်ကိုင်တွယ်ပြီးချိန်အထိ သူမ၏ တိုက်ခိုက်မှုက ရောက်ရှိမလာပါချေ။

ရှီယန်က နဝေတိန်တောင်ဖြင့် ယုရို၏ မျက်နှာကို ကြည့်လိုက်သည်။
သူ အံသြသွားသည်။
ယုရို၏ မျက်နှာက နီမြန်းနေပြီး သူမ၏ မျက်လုံးများက အိမ်မက်မက်နေသလို ရီဝေနေကြသည်။
သူမ၏ အသက်ရှူသံများကလဲ မြန်ဆန်ပြင်းထန်နေကာ ဒီအတိုင်းပင် ရပ်နေဆဲဖြစ်သည်။
သူမ၏ အနောက်ဖက်တွင် ခေါက်သိမ်းထားသော အတောင်ပံဖြူဖြူသည် တစ်ဆတ်ဆတ်တုန်ခါလာပြီးနောက် ဆန့်တန်းသွားသည်။

သူ့လက်ဖ၀ါးများတွင် နွေးထွေး အိစက်သော ခံစားချက်ကိုရသည်။
လှပသော ရင်သားစိုင်များ အလယ်မှ စပျစ်သီးအရွယ် အဖုလေးတစ်ခုက တင်းမာလာကာ သူ့လက်ဖ၀ါးထဲတွင် ခိုးလိုးခုလုဖြစ်လာသည်။

အိုး…ဒီအမျိုးသမီး…

“ဟူး….”

ပြင်းထန်သော လိင်စိတ်က မီးတောင်ပမာ ပေါက်ကွဲထွက်လာသည်။
ရှီယန့်မျက်လုံးများက မီးတောက်မီးလျှံများလို တောက်ပလာပြီး တဏှာရာဂက သူ့ ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် ထကြွလာတော့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now