245

1.6K 147 7
                                    

God of Slaughter (chapter - 245)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၄၅) အကြောင်းပြချက်

ရှီယန်နှင့် ယီစူးပိုင်တို့ ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် မီးခိုးရောင် တောင်ပံကလန်မှ လူအများကြီး ရောက်လာသည်။
သူတို့က ရောက်ရောက်ချင်းပင် ပတ်ဝန်းကျင်ကို လှည့်ပတ် စူးစမ်းကာ တစ်စုံတစ်ခုကို ရှာဖွေနေကြဟန်တူသည်။

သူတို့ထဲမှ တစ်ယောက်က စိမ်းမှောင်သောအရောင်ရှိ ပုလဲတစ်လုံးကို ထုတ်ယူကာ ပုလဲပေါ်သို့ သွေးတစ်စက်ချလိုက်သည်။
ထို ပုလဲလုံးက တဖြည်းဖြည်း အစိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်လာသည်။
ပြန့်ကျဲနေသော ပြာမှုန်များဆီမှ ဟန်လုံ၏ ၀ိညာဉ်အပိုင်းအစများ ထွက်ပေါ်လာကာ ပုလဲထဲတွင် လာရောက်စုစည်းကြသည်။

ထို မီးခိုးရောင်တောင်ပံကလန်မှလူ၏ မျက်နှာအမူအယာက ပျက်ယွင်းသွားပြီးနောက် ကြေကွဲဝမ်းနည်းစွာဖြင့်
"သခင်လေး ဟန်လုံ သေပြီ"

မီးခိုးရောင်တောင်ပံကလန်မှ လူအားလုံး ရူးသွပ်သွားသည့်နှယ် အော်ဟစ်လိုက်ကြပြီးနောက် အရပ်လေးမျက်နှာသို့ လျှင်မြန်စွာ ဖြန့်ခွဲသွားကြသည်။
သူတို့က လူသတ်သမား၏ ခြေရာလက်ရာများကို ရှာဖွေကြသည်။

သံစဉ်သားရိုင်းတောင်ကြီး၏ အနောက်ဖက်...
မီးခိုးရောင် တောင်ပံကလန်၏ ပိုက်နက်...

ရှေးဟောင်းသစ်ပင်ကြီးများ၏ အပေါ်တွင် ထူးထူးဆန်းဆန်း ပုံသဏ္ဍန်ရှိသော သစ်သား အိမ်လေးများတည်ဆောက်ထားသည်။
မီးခိုးရောင် တောင်ပံ ကလန်မှ လူများက ထို သစ်ပင်အိမ်လေးများပေါ်တွင် စွမ်းအင်ကျင့်ကြံလျှက်ရှိကြသည်။

ကြီးမားလှသော ရှေးဟောင်းသစ်ပင်အိုကြီးတစ်လုံးရှိ သစ်သားအိမ်တစ်လုံးတွင်တော့ တ၀ှီးဝှီး တိုက်ခတ်နေသော လေဓါတ်သဘာဝများ စုဝေးလျှက်ရှိသည်။
ထိုသစ်သားအိမ်ထဲတွင်တော့ မီးခိုးရောင်တောင်ပံကလန်မှ အဖိုးကြီးတစ်ယောက်ရှိနေသည်။
သူ့မျက်နှာပေါက်က ဟန်လုံနှင့် ဆင်တူပြီး သူက လေဓါတ်သဘာဝများကြားတွင် တင်ပလ္လင်ခွေထိုင်နေသော နှစ်သက်စဖွယ် ပုံရိပ်လေးကို စူးစိုက်ကြည့်နေခြင်းဖြစ်သည်။
ထိုအဖိုးကြီး၏ မျက်လုံးများက တဏှာရာဂများဖြင့် လောင်ကျွမ်းတောက်ပလျှက်ရှိသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now