348

622 89 0
                                    

Chapter 348: နောက်တစ်ကြိမ် သန္ဓေပြောင်းခြင်း(18+)

ကျောက်စွယ်ကြီးအနောက်ဘက်

မှော်နယ်မြေထူး၏ သင်္ဘောပျက်ကြီးပေါ်တွင်...

မံမီရုပ်အလောင်းများလို ခြောက်သွေ့နေသော အလောင်းပုံကြီးကိုကြည့်ကာ သိုင်းသမားများ မျက်နှာပျက်နေကြသည်။

ခေါင်းဆောင်က မှော်နယ်မြေထူး၏ အကြီးအကဲတစ်ဦးဖြစ်သော ရှဟောင်ဖြစ်သည်။

သူက ချင်ထူ့လက်ချောင်းများမှ လက်စွပ်များကို တစ်ခုချင်း ဖြုတ်သိမ်းနေရင်း

"ချင်ထူကြီးရယ်...မင်းတောင်မှ မလွတ်မြောက်နိုင်အောင် ဘယ်လို မိစ္ဆာနယ်သားမျိုးနဲ့ ကြုံခဲ့ရတာလဲကွာ..."

မှော်နယ်မြေထူး၏ အကြီးအကဲ အချင်းချင်းဖြစ်သောကြောင့် ရှဟောင်သည် ချင်ထူ့ထံတွင် မည်ကဲ့သို့သော လျှို့ဝှက်ရတနာများရှိသည်ဆိုတာကို သိရှိထားသည်။

ချင်ထူ၏ အချို့မှော်ရတနာများဆိုလျှင် တိုက်ပွဲကွင်းပြင်မှ မိုင်တစ်ထောင်ခန့်အကွာသို့ ချက်ခြင်း လွတ်မြောက်ထွက်ပြေးနိုင်စွမ်းရှိသည်။

သူက နိုင်နိုင်ခြေမရှိဘူးဆိုလျှင် သူက လျှို့ဝှက်ရတနာကို အသုံးချပြီး အေးအေးဆေးဆေးထွက်ပြေးရုံသာ။

ချင်ထူ့ကိုထားဦး ဒုံဖန်ဟေးသည်လည်း နာမည်ကြီးမိသားစုမှဖြစ်သည်။

သူ့ထံတွင်လည်း အသက်ကယ်ရတနာအမျိုးအစား အချို့ရှိနေသည်။

သူတို့နှစ်ယောက်စလုံးသည် လုံးဝ ပြင်ဆင်ချိန်မရပဲ သေဆုံးသွားရခြင်းသာဖြစ်ပေလိမ့်မည်။

ထိုအချင်းအရာက ရှဟောင်ကို ထိတ်လန့်တုန်လှုပ်စေသည်။

အခြေအနေအားလုံးကို ဂရုတစိုက် ခြုံငုံသုံးသပ်ပြီးနောက် ယင်ကျောက်တုံးကိုထုတ်ယူကာ သတင်းပေးပို့လိုက်လေတော့သည်။

ပင်လယ်တစ်ခုကွာခြားနေသော်လည်း သတင်းက အမှောင်ပင်လယ်ရှိ မှော်နယ်မြေထူးထံ ချက်ခြင်း ရောက်ရှိသွားသည်။

သတင်းစကားကို ကြားသိရသည်နှင့် မှော်နယ်မြေထူး၏ ဂိုဏ်းချုပ်ကြီး ချူရွှန်းသည် အချိန်မဆိုင်းပဲ ဂူရှာအိုနှင့် ဆက်သွယ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now