324

594 100 0
                                    

Chapter 324: ညာသန်

"သခင်မလေး"

ကောင်းကင်အဆင့် သိုင်းသမားသုံးယောက် အခန်းတစ်ခုထဲတွင် ရပ်နေသည်။

သူတို့က ချောင်ကျီလန်းကို တလေးတစားဖြင့် အရိုအသေပြုနေကြသည်။

ထို အခန်းသည် ထွတ်မြတ်ရောင်စဉ်တောင်ခြေရှိ ရောင်းဝယ်ရေး ဌာနတွင် တည်ရှိခြင်းဖြစ်သည်။

အရှေ့ပင်လယ်တစ်ခွင်ရှိ သိုင်းသမား အတော်များများပင် ရောင်းဝယ်ရေး ဌာနတွင် လာရောက်ကြပြီး ဆိုင်အသီးသီးတွင် ရောင်းချနေကြသော မှော်ရတနာများ၊လက်နက်များ၊ ဆေးဝါးများ ကုန်ကြမ်းများကို လာရောက် ရွေးချယ် ၀ယ်ယူနေကြသည်။ရောင်းချနေကြသည်။

ဈေးရောင်း ဈေးဝယ်များဖြင့် စည်ကားလျှက်ရှိသည်။

လမ်းကြားလေးတစ်ခုအတွင်းရှိ ဈေးဆိုင်တစ်ခုအောက်တွင် မြေအောက်ခန်းတစ်ခန်းရှိသည်။

ထို ကောင်းကင်အဆင့် သိုင်းသမားသုံးယောက်သည် ညီအစ်ကိုများဖြစ်ဟန်တူသည်။

မျက်နှာပေါက်က ဆင်တူကြသည်။ အခန်းထဲတွင် ငြိမ်သက်စွာ ရပ်နေကြပုံမှာ ခိုင်မာသော တောင်ကြီးသုံးလုံးသဖွယ် လေးလံသော အရှိန်အ၀ါများ ဖြာထွက်နေသည်။

သာမန်သိုင်းသမားများသာသူတို့ရှေ့ရောက်နေလျှင် ထိုဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲသွားနိုင်သည်။

သာမန်သိုင်းဝတ်စုံများပင် ၀တ်ဆင်ထားကြသောကြောင့် လူအုပ်ကြား ရောနှောသွားလျှင် ဘယ်သူမှ သတိထားမိလိမ့်မည်မဟုတ်ချေ။ ထိုသုံးယောက်သည် ချောင်မိသားစု၏ ထောက်လှမ်းရေးများဖြစ်ကြသည်။ချောင်မိသားစု၏ လျှို့ဝှက် စစ်ဆင်ရေးများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြသော အစွမ်းအစရှိသူများဖြစ်သည်။

"ရှင်တို့ ရောက်လာပြီကိုး...ကောင်းတယ်"

ချောင်ကျီလန်းက ကုလားထိုင်တစ်လုံးပေါ်တွင်သက်တောင့်သက်သာ ထိုင်လျှက်ရှိသည်။

သူမ၏ မျက်နှာလေးသည် အရှိန်အ၀ါတစ်မျိုးဖြင့် လင်းလျှက်ရှိပြီး လူအများကို ဆွဲဆောင်နိုင်စွမ်းရှိနေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now