261

986 112 0
                                    

God of Slaughter (chapter – 261)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆၁) ကျေးဇူးရှင်..?..

ရှေးဟောင်း ကျောက်တုံးမြို့တော်…

ရှီယန်နှင့် ယုရိုတို့ အတူတကွ ပြန်ဝင်လာကြသည်။
ထို အပြန်အလှန် စကားများ ပြောခဲ့ကြပြီးနောက် သူတို့၏ ရင်းနှီးပတ်သက်မှုက တစ်စုံတစ်ရာ တိုးတက်သွားသကဲ့သို့ဖြစ်သည်။

ပြောင်းလဲမှုက လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း သူတို့၏ ဆက်နွယ်မှုက သာမာန်ထက် ပိုလာပြီမှန်း ရှီယန် ယုံကြည်မှုရှိသည်။

ရှေးဟောင်းမြို့တော်သို့ ပြန်ရောက်သောအခါ ရှီယန်က ယီတျန်းမို၏ ကျောက်တုံးအဆောက်အဦးကြီးဆီ အရင်သွားလိုက်သည်။
သူက ယီစူးပိုင်နှင့် တွေ့ခွင့်တောင်းလိုက်သည်။

ခပ်မှောင်မှောင် အခန်းကျယ်ကြီးထဲတွင် ယီတျန်းမိုက ယီစူးပိုင်ကို တစ်စုံတစ်ရာ သင်ကြားပေးနေဟန်တူသည်။
ရှီယန် ခွင့်တောင်းသည်ကို ကြားသောအခါ သူက ခတ္တအံ့အားသင့်သွားပြီးနောက် သူ့သမီးကို ပြောလိုက်သည်။
“ညည်း အပြင်ထွက်ပြီး သူဘာလိုချင်တာလဲ သွားမေးလိုက်…ဒီ လူကောက်ကလေးက ငါတို့ မျိုးနွယ်စုနှစ်ခုရဲ့ မျှော်လင့်ချက်ပဲ … ငါတို့က သူ့ရဲ့ စွမ်းအင်ကျင့်ကြံမှုမှာ လိုတာမှန်သမျှ ဖြည့်ဆည်းပေးဖို့တာဝန်ရှိတယ်”

“ဟုတ်ကဲ့ အဖေ…”
ယီစူးပိုင်က ခေါင်းငြိမ့်လိုက်သည်။

ယီစူးပိုင်က အပြင်ဖက်သို့ အလျှင်အမြန် လမ်းလျှောက်ထွက်လာသည်။
သူမက ရှီယန့်ရှေ့တွင် ရပ်လိုက်ရင်း အင်တင်တင်မျက်နှာပေးဖြင့်
“နင် ဘာလိုချင်လို့လဲ…”

ရှီယန်က သူ၏ လိင်ပိုင်းဆိုင်ရာ ထွက်ပေါက်အဖြစ် ချောင်ကျီလန်းတို့ မိန်းကလေးသုံးယောက်ကို တောင်းယူပြီးကတည်းက မိစ္ဆာသံစဉ်ကလန်သားတို့၏ မျက်ဝန်းထဲတွင် သူက ရာဂကြီးသူတစ်ယောက်အဖြစ် အမြင်ခံနေရပြီးဖြစ်သည်။သူ့အပေါ် အစက ခံစားချက်ရှိခဲ့သော ယီစူးပိုင်သည်ပင် သူ့ကို မြင်ချင်စိတ် မရှိတော့ပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now