အပိုင်း ၂၁၂

1.4K 165 0
                                    

God of Slaughter (chapter – 212)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁၂) လေ့ကျင့်ကွင်း

တောင်ကြားထဲတွင်…

ရှီယန်က တစ္ဆေသားရိုင်းကြီးနှင့် မျက်နှာချင်းဆိုင် ကျန်ရစ်ခဲ့ကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေခဲ့သည်။
သူက ဘယ်က ဘယ်လို စလုပ်ရမှန်းလဲ မသိချေ။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။

တစ္ဆေသားရိုင်းကဲ့သို့သော မိစ္ဆာသားရဲမျိုးသည် ဆန့်ကျင်ဖက်လိင်ကို နှစ်သက်သည်။
သူ့ကို ယန်ခန်းဒီက ကြိုးချည်သွားခဲ့သည်။
ထို့ကြောင့် သူက မီတာတစ်ရာပတ်လည်အတွင်းသာ လှုပ်ရှားတိုက်ခိုက်နိုင်သည်။
ထိုမီတာတစ်ရာပတ်လည်သည် အန္တရာယ်ဧရိယာဖြစ်သည်။
တစ်ခုခုသာ အတွင်းသို့ဝင်သွားလျှင် တစ္ဆေသားရိုင်းကြီးက သေချာပေါက် တိုက်ခိုက်ပေလိမ့်မည်။

လွန်ခဲ့သော သုံးရက်အတွင်း
ရှီယန်က သတ်မှတ်ထားသော မီတာတစ်ရာအတွင်းသို့ ၀င်ရောက်ရန် အကြိမ်ကြိမ်ကြိုးပမ်းကြည့်ခဲ့သည်။
သူ ခြေချလိုက်တိုင်း တစ္ဆေသားရိုင်းကြီးက ဒေါသတကြီးဖြစ်လာသည်။
သူ့ထံမှ ကြောက်မက်ဖွယ်ရာ မီးလျှံက ရှီယန့်ကိုပင် ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။

ဒီ တစ္ဆေသားရိုင်းနှင့် ဆက်သွယ်ဖို့ နည်းလမ်းကိုမရှိချေ။
ရှီယန်က သူ့ ၀ိညာဉ်အသိစိတ်ကိုလည်း ပို့လွှတ်ခဲ့သေးသည်။

သူ့ ၀ိညာဉ်အသိစိတ်က တစ္ဆေသားရိုင်းကြီးနှင့် ဆက်သွယ်ဖို့ ကြိုးစားသည်နှင့်တစ်ပြိုင်နက် တစ္ဆေသားရဲကြီးက မီးလျှံစွမ်းအင်ကို ထုတ်လွှတ်ကာ တစ်ခါတည်း ၀ါးမြိုပစ်လိုက်သည်။

ဒီနေ့ ရှီယန်က ထပ်မံ ဆက်သွယ်ရန် ကြိုးပမ်းနေပြန်သည်။
တစ္ဆေသားရိုင်းကြီးက ရှီယန်လုပ်နေပုံကို စိတ်မရှည်ဖြစ်လာဟန်တူသည်။
မကောင်းဆိုးဝါး အော်ရာများ ရုတ်တရက် ဖော်ထုတ်ကာ တောင်ကြားတစ်ခုလုံး လွှမ်းခြုံပစ်လိုက်သည်။
ရှိရှိသမျှ အရိုးများသည် ဓါးများပမာ ရှီယန့်ထံ ပစ်လွင့်လာကြလေသည်။

ကံကောင်းပါသည်။
ရှီယန်က ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
သူက အချိန်မှီ ပြန်လည် ဆုပ်ခွာကာ ကြီးမားသော တုံ့ပြန်မှုကို ရှောင်ရှားနိုင်ခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now