319

619 86 0
                                    

Chapter 319: ဘီလူးစီးခြင်း(A)

ယီတျန်းမိုတို့ အုပ်စု ထွက်ခွာသွားပြီဖြစ်သည်။

ရှီယန်က ဧည့်ခန်းတွင် တစ်ခကိုယ်တည်းထိုင်နေရင်း မျက်စိမှိတ်ထားလိုက်သည်။

သူ၏ ရှုပ်ယှက်ခတ်နေသော အတွေးများကို တစချင်း ပြန်ရှင်းနေသည်။

သူက ယီချန်းမိုတို့ ပြောပြသွားသောလူအကြောင်းကို သိပ်ဂရုမစိုက်ပါ။

အနည်းငယ် အံ့သြမိရုံသာရှိသည်။

မြောက်များစွာသော အဆင့်မြင့်သိုင်းသမားများသည် နေ၀န်းကျွန်းလေးပေါ်တွင် လာစုနေကြသည်။သူတို့ထဲတွင် နတ်ဘုရားအဆင့်သိုင်းသမားအချို့လဲ ပါသည်။

သိုင်းသမား ဒီလောက် အများကြီး ရောက်လာမှတော့ နေ၀န်းကျွန်းသည်လည်း ငြိမ်းချမ်းမနေနိုင်တော့မည်မှာ သိသာပါသည်။

သူက နေ၀န်းကျွန်းသို့ ဒီနေ့ပဲ ရောက်ခဲ့သည်။

သူက လူအချို့ကို သတ်ခဲ့ပြီးဖြစ်ကာ မန်ဂူနှင့်တိုက်ခိုက်ပြီး ငွေကြယ်ပွင့်တစ်ယောက်လဲ ဖြစ်လာခဲ့သည်။

ဒီကျွန်းပေါ်ရောက်နေကြသော အနယ်နယ်အရပ်ရပ်ရှိ လူစွမ်းကောင်းများသည် သူကို သတိထားမိသွားခဲ့ကြပြီဖြစ်ပြီး ယီတျန်းမိုတို့ သုံးယောက်၏ စွမ်းအင်ကျင့်ကြံမှုအဆင့်အတန်းကလည်း ပို၍ပင် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

ယန်မိသားစုသည် အရှေ့ပင်လယ်တွင် ရှိစဉ် သူတို့ အတောက်ပဆုံး ဖြစ်ခဲ့စဉ်က လူအများအပြားနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။သို့သော်လည်း စုတ်စမြုပ်စ ပျောက်သွားခဲ့သည်မှာ အတန်ကြာခဲ့ပြီဖြစ်သည်။

ယခု ရှီယန် ရုတ်တရက်ပြန်ပေါ်လာပြီး ယုချင်နှင့် ဂူရှာအိုတို့အပေါ် လုပ်ခဲ့သလိုမျိုး အခြားအဖွဲ့အစည်းများကို အတင်းအကြပ် လျော်ကြေးလိုက်တောင်းနေသည်။

သူတို့၏ မျက်စိထဲတွင်တော့ ရှီယန့် အပြုအမူများသည် ယခင်ယန်မိသားစု၏ ၀ိသေသလက္ခဏာများနှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။

သိသာစွာပင် ယခုအချိန်ထိ အမှောင်ထဲ၍ ပုန်းကွယ်နေကြဆဲ လူအများအပြားပင် ထို အပြုအမူကို ကြိုက်နှစ်သက်ကြလိမ့်မည်မဟုတ်ပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now