331

588 88 2
                                    

Chapter 331: အရေးထဲအရာပေါ်

ရှီယန်၏ မျက်နှာက တည်ကြည်လေးနက်နေပြီး ၀ိညာဉ်အသိကို သူ့ ညာလက်မောင်းသို့ နှစ်မြုပ်ထားသည်။

ထောင်သောင်းချီသော အစိမ်းရောင်ကြိုးမျှင်များက ဖြည်းညင်းစွာ တွန့်လိမ်ထိုးဖောက်နေကြပြီး သူ့ ကြွက်သားမျှင်များ အသွေးအသားများကို ဖျက်ဆီးချင်ဟန်တူသည်။

အစိမ်းရောင် ကြိုးမျှင်တစ်ခုချင်းစီတိုင်းတွင် ပါဝင်လာသော အဖျက်စွမ်းအင်က ရှီယန့် လက်မောင်းကို နည်းနည်းချင်းစီ တိုက်စားသည်။ သူ့ အရိုးများထဲမှပင် နာကျင်ကိုက်ခဲလာသည်။

ဒါက အလောင်းကောင်ဂိုဏ်းချုပ် ချင်မင်၏ စွမ်းအင်များပင်ဖြစ်လေသည်။

ထွတ်မြတ်ရောင်စဉ် တောင်ပေါ်တွင် ရှီယန်က မီးလျှံသုံးမျိုး၏ အားသာချက်ကိုရယူကာ ယီတျန်းမိုတို့အုပ်စု၏ အကူအညီဖြင့် ချင်မင်ကို ဖိအားပေးနိုင်ခဲ့သည်။

သူ့ထံတွင် ကီစုစည်းမှု မရှိဟုသိထားသော ချင်မင်က ပေါ့ဆသွားသောကြောင့်လဲဖြစ်သည်။

ချင်မင်၏ ၀ိညာဉ်က ယီတျန်းမိုတို့အုပ်စု၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားချိန်တွင် ခန္ဓာကိုယ် လှုပ်ရှားမှုများပင် မပြုလုပ်နိုင်တော့အောင်ဖြစ်သွားခဲ့သည်။

ထို့ကြောင့်လဲ ရှီယန့်လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရလုနီးပါးဖြစ်ခဲ့သည်။

သို့သော်လည်း မိုးမြေမောင်နှံနှစ်ဖော် အချိန်မှီပေါ်ထွက်လာပြီး ချင်မင့်ကို ကူညီသောကြောင့်သာ အန္တရာယ်မှ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

နတ်ဘုရားအဆင့် တန်ခိုးရှင်များထဲတွင် ချင်မင်သည် အားအနည်းဆုံးတစ်ယောက်ဖြစ်ပေလိမ့်မည်။

ဝိညာဉ်ကျင့်စဉ်ကိုထားဦး၊ သိုင်းပညာမှာရော ကီစုစည်းမှု သန်မာအားကောင်းမှုမှာပါသူက အနိမ့်ဆုံးအဆင့်တွင်ရှိသည်။

သူ၏ အဓိကစွမ်းရည်က အလောင်းကောင်များမှလာခြင်းဖြစ်သည်။

သူက နှစ်ပေါင်းများစွာကို အလောင်းကောင် ပြုပြင်ခြင်းနှင် ထိန်းချုပ်ခြင်းနည်းစနစ်များတွင် မြှုပ်နှံခဲ့သည်။ထို့ကြောင့် သူက နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်ငြားလည်း သူ့ ခွန်အားသည် အနိမ့်ဆုံးအဆင့်တွင်ရှိနေခြင်းဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now