312

626 101 0
                                    

Chapter 312: ပြောင်းလဲသွားသော အကြည့်များ

ထွတ်မြတ်ရောင်စဉ်တောင်ကြီး၏ ကမ်းပါးယံထက်တွင်...

တန်းယာနန်နှင့် နတ်မင်းသုံးပါးဂိုဏ်း အကြီးအကဲများသည် ထင်းရှူးပင်ကြီးအောက်တွင် ရပ်နေကြဆဲဖြစ်သည်။

လေတိုးသောကြောင့် သူတို့ အ၀တ်အစားများက တဖျတ်ဖျတ် လွင့်လျှက်ရှိသည်။

အကြီးအကဲများ၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ အနည်းငယ် ဖော်ပြနေကြသည်။

သူတို့က ရှီယန့်ကို ကြည့်ကာ သံသယများလည်း ပြည့်နှက်လာကြသည်။

တစ်ယောက်က တီးတိုးရေရွတ်သည်။

"ယန်မိသားစုရဲ့ အင်မော်တယ်သိုင်းဝိညာဉ်က သိပ်အစွမ်းထက်တာမှန်ပေမဲ့ အဲ့ဒါက ပြန်လည်ကုစားပေးတဲ့ စွမ်းရည်ပဲရှိတာပါ...ခန္ဓာကိုယ် သန်စွမ်းမှုကို မြင့်တက်စေတယ်လို့ မကြားဖူးပါဘူး..."

မျက်နှာတွင် အမာရွတ်ကြီးရှိသော အကြီးအကဲတစ်ယောက်က ခတ္တမျှစဉ်းစားနေပြီးနောက်

"ငါ သိသလောက်တော့ အင်မော်တယ်သိုင်းဝိညာဉ်ဟာ အမြင့်ဆုံးအဆင့်ကိုရောက်လာရင် သိပ်ကြောက်စရာကောင်းတယ်...အဆင့် တစ်ဆင့်တက်သွားတိုင်း သိသိသာသာ အားကောင်းလာတယ်...ဒါပေမဲ့လဲ အဲ့ဒါက အသွေးအသားတွေ ပြန်လည်ကောင်းမွန်တဲ့ အမြန်နှုန်းပဲ တက်လာတာလေ"

အခြား ခေါင်းဆောင်များလဲ ခေါင်းညိတ်ကြသည်။

"ရှေးဟောင်း လူရိုင်း ခန္ဓာကိုယ်ရှိတဲ့ မန်ဂူကျတော့ ကွဲပြားတယ်..မန်ဂူရဲ့ ထင်ရှားမှုက သူ့ ခန္ဓာကိုယ် ခွန်အားကြောင့်ပဲ...သူက ကီစုစည်းမှု အသုံးမပြုရင်တောင် သူ့ရဲ့ ရှေးဟောင်း လူရိုင်း ခန္ဓာကိုယ်ရဲ့ အပြင်အားသက်သက်က သာမန် ကမ္ဘာမြေအဆင့် သိုင်းသမားတစ်ယောက်ရဲ့ စွမ်းအင်အပြည့် ထိုးနှက်ချက်နဲ့ ညီမျှတယ်..မန်ဂူက သူ့ စွမ်းရည်တွေ အကုန်လုံးကို ထုတ်ဖော်လိုက်မယ်ဆိုရင် သူက နီဗားနားအဆင့်တစ်ယောက်ကို ချေမှုန်းနိုင်တယ်...ဒါတောင် သူအားသာတဲ့ အနီးကပ်တိုက်ပွဲမှာ ဘာဖြစ်လို့ သူရှုံးသွားရတာလဲ..."

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now