359

603 93 4
                                    

Chapter 359: မသေသေးဘူးလို့ ပြောလိုက်ပါ

ကျောက်တောင်များအကြားရှိ တောနက်ကြီးထဲတွင်...

ရှီယန် တစ်ယောက်တည်း တစ္ဆေတစ်ကာင်လို တစ်ရိပ်ရိပ်ပြေးလျှက်ရှိသည်။

တစ်ခါတစ်ရံ အလွန်လျှင်မြန်သော အရှိန်အဟုန်ဖြင့် သစ်တောကြီးများကို ဖြတ်ကျော်သည်။

သူ့လမ်းကြောင်းက အတည့်မဟုတ်ပါ။

စက်ဝိုင်းခြမ်းသဏ္ဍန် ပတ်သွားခြင်းဖြစ်သည်။

သူက လျှပ်စီးခြေလှမ်းနှင့် ကြယ်တာရာအလင်းကို မကြာခန အသုံးပြုနေရင်း ထိုနည်းစနစ်နှစ်ခု ဆက်စပ်လို့ရကြောင်း တွေ့ရှိလာသည်။

ထိုအရာက သူ့ ကိုယ်ဖော့ပညာကို တစ်ဆင့်မြင့်သွားစေပြီး အမြန်နှုန်းသည်လည်း နောက်တစ်ဆင့်သို့ တက်ရောက်သွားသည်။

သူ၏ အရှိန်အဟုန်က ခန့်မှန်းလို့ မရအောင်ပင်ဖြစ်လာသည်။

လျှပ်စီးခြေလှမ်းက မျဉ်းဖြောင့်တစ်ကြောင်းလို အတည့်သွားခြင်းဖြစ်ပြီး ကီစုစည်းမှု ပေါက်ကွဲမှုမှထွက်ပေါ်လာသော တွန်းကန်အားဖြင့် ရွေ့လျားခြင်းဖြစ်သည်။

ကြယ်တာယာအလင်းကတော့ ကြယ်တာရာတို့ ကောင်းကင်ထက်တွင် ရွေ့လျားမှုအတိုင်း ချိန်သားကိုက် အလိုက်သင့်ရွေ့လျားရခြင်းဖြစ်ပြီး အလှည့်အပြောင်းများသည်။

တိုက်ပွဲတွင် ကြယ်တာရာအလင်း၏ အကျိုးကျေးဇူးက သူဘယ်ရောက်နေသည်ဆိုတာကို ရန်သူများ ခန့်မှန်းလို့မရခြင်းဖြစ်သည်။

သို့သော်လည်း လိုသည့်နေရာ ရောက်အောင်သွားဖို့ကျတော့ ချိန်ဆတွက်ချက်နေရသည်။

မဟုတ်လျှင် သာမန်တည်နေရာရွေ့ပြောင်းခြင်းနှင့် မခြားတော့ပေ။

လျှပ်စီးခြေလှမ်းသိုင်းနှင့် ကြယ်တာရာအလင်းကို ပေါင်းစပ်လိုက်သောအခါတွင်တော့ သူသည် ဘဲဥပုံ ခပ်ကွေးကွေး လမ်းကြောင်းအတိုင်း ကီစုစည်းမှု အနည်းငယ်ဖြင့် အလွန်လျှင်မြန်စွာပြေးလွှားလာနိုင်သည်။

ရန်သူနှင့် မျက်နှာချင်းဆိုင်မိမည်ဆိုလျှင်ပင် မည်သည့်တိုက်ခိုက်မှုကိုမဆို သူက အသာလေး ဖြတ်ကျော်သွားနိုင်မည်ဟု ယုံကြည်ပါသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now