365

596 89 0
                                    

Chapter 365: အန္တရာယ်သုံးမျိုး

"ငါ့နာမည် လောင်လီ"

"ငါက လောင်လွန်"

ဆံပင်ဝါ၀ါ မျက်လုံးပြာပြာ ညီအစ်ကိုနှစ်ယောက်က ရှီယန့်ကို မိတ်ဆက်လိုက်သည်။

"ရှီယန်..."

"တွေ့ရတာ ၀မ်းသာပါတယ် ရှီယန်...ရှေ့ဆက်မယ့်ခရီးမှာ အတူသွားကြတာပေါ့..."

စကားပြောပြီးနောက် ညီအစ်ကိုနှစ်ယောက်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကြသည်။

ပြီးနောက် အိုင်ရာတို့ ကျိယီတို့နှင့် မီတာသုံးလေးရာခန့်အကွာအထိ လျှောက်လှမ်းသွားကာ ထိုင်ချလိုက်ကြသည်။

တစ်ယောက်က မိစ္ဆာအမြုတေအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်ပြီးနောက် စတင်လေ့ကျင့်လိုက်ချိန်တွင်တော့ တစ်ယောက်က ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ရင်း ကင်းစောင့်ပေးနေလေသည်။

ရှီယန်က အေးအေးဆေးဆေးပင် လောင်လွန်တို့ညီအစ်ကိုနှစ်ယောက်လုပ်ကိုင်ပုံကို စောင့်ကြည့်နေသည်။

ပြီးနောက် ကျိယီနှင့် ဘော့တို့ကိုတစ်ခါပြန်ကြည့်ကာ ဒီအုပ်စုကြားတွင် တင်းမာမှုများရှိနေသည်ကို သတိထားမိလိုက်သည်။

ကျိယီက စွမ်းအင်ဖြည့်တင်းနေချိန်တွင် ဘော့က ကင်းစောင့်ပေးနေပြီး လောင်လီတို့ညီအစ်ကိုသည်လည်း ထို့အတူပင်ဖြစ်သည်။

ဒါက ဒီငါးယောက်အုပ်စု အချင်းချင်း အစေးမကပ်ကြဘူးဆိုတာ ပြသနေသည်မဟုတ်လော။

သူတို့အချင်းချင်းကြားတွင် သံသယများရှိနေကြဟန်တူသည်။

ကျိယီနှင့် ဘော့ကတစ်ဖက် လောင်လွန်နှင့် လောင်လီ ညီအစက်ကိုနှစ်ယောက်က တစ်ဖက် အိုင်ရာက တစ်ယောက်တည်းဖြစ်သည်။

ထို အုပ်စုသုံးစုသည် အတူတကွ ခရီးသွားနေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် အမြဲစောင့်ကြည့်နေကြသည်။

စွမ်းအင်ဖြည့်တင်းနေချိန်တွင် ပိုပြီး အထူးသတိထားကြသည်။

ဒီလူများသည် သူထင်ထားသလို ငါးယောက်တစ်ဖွဲ့ မဟုတ်ကြချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now