388

630 83 0
                                    

Chapter 388: သားရိုင်းအော်သံရှေးဟောင်းမြို့တော်ကြီးထဲတွင်...ရှီယန်တို့အုပ်စု ရှေးဟောင်းရဲတိုက်ကြီးထဲသို့ ရောက်ရှိလာကြသည်။သူတို့က ကောင်းကင်ကို မကြာခန မော့ကြည့်ကာ နဂါးငွေ့တန်း မြစ်ကြီးနှစ်စင်း၏ လှုပ်ရှားမှုကို အကဲခတ်လျှက်ရှိသည်။ဘယ်အချိန် ပြောင်းလဲမှုဖြစ်ပေါ်လာမလဲ စောင့်ဆိုင်းလျှက်ရှိကြသည်။အိုင်ရာ၊ ကျိယီနှင့် လောင်ညီအစ်ကိုနှစ်ယောက်တို့သည်လည်း ဒီနေရာကို တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးပါ။စီနီယာများထံမှသာ ကြားဖူးထားကြခြင်းဖြစ်သည်။ဂိုဏ်းအသီးသီးတွင်လည်း ဒီ ရှေးဟောင်းမြို့တော်ကြီးသို့ ရောက်ရှိဖူးခဲ့သူများ ရှိပါသည်။အခြေအနေများက တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီသောကြောင့် သူတို့က အကြမ်းဖျင်းသာ ပြောပြနိုင်ပြီး ဘာတွေ တကယ်ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ချေ။ထို့ကြောင့် ရှီယန်တို့အုပ်စုက ကောင်းကင်ကြီး၏ ပြောင်းလဲမှုကို စောင့်ဆိုင်းနေကြရုံသာရှိသည်။ပြီးမှ ရင်ဆိုင်ကြုံတွေ့လာမည့်အရာများကို ရင်ဆိုင်ရမည်ဖြစ်သည်။ရှေးဟောင်းမြို့တော်ကြီးထဲတွင် ရှီယန်တို့လို အုပ်စုလေးများ အတော်များများရှိသည်။သို့သော်လည်း အချိန်အခါ စောင့်ဆိုင်းနေကြဟန်ဖြင့် မည်သည့် တိုက်ပွဲမှ ဖြစ်ပေါ်မလာသေးချေ။ဒီနေရာအထိ ရောက်အောင်လာနိုင်ကြသော အုပ်စုများသည် သာမန်တော့မဟုတ်ကြပါ။သူတို့က ခရီးကြမ်းကို ဖြတ်ကျော်ခဲ့ကြသူများဖြစ်ပြီး အန္တရာယ်အသွယ်သွယ်ကို အောင်မြင်ခဲ့ကြသူများဖြစ်သည်။သူတို့က အပြောင်းအလဲကို စောင့်ဆိုင်းနေရင်း အားအင်ဖြည့်တင်းနေကြခြင်းဖြစ်သည်။အခုအချိန်အထိ နိုင်းကျီ၏ အရိပ်အယောင် မမြင်ရသေးချေ။သွေးနွယ်ရှင်လက်စွပ်က ရွှေပိတုန်းကို သိမ်းလိုက်သောအခါ နိုင်းကျီနှင့် ရွှေပိတုံး၏ ၀ိညာဉ်ဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။ထို့ကြောင့် သူက အာရုံခံလို့ မရတော့ဟန်တူသည်။ယခု ရှီယန်က နိုင်းကျီနှင့် နောက်တစ်ဖန် ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။သို့သော်လည်း နိုင်းကျီက အခုချိန်ထိ ပေါ်မလာသေးပါ။ရှီယန်က မီတာ တစ်ရာခန့် မြင့်မားသော ရဲတိုက်ကြီး၏ မျှော်စင်ပေါ်တွင် နေရာယူထားသည်။ရဲတိုက်ကြီးသည် ပုံစံ အရွယ်အစား မတူညီသော အခန်းဆောင် ရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။အသေးငယ်ဆုံးအခန်းသည်ပင် မီတာ ရှစ်ဆယ်ပတ်လည်ခန့် ကျယ်ဝန်းလေသည်။ဒီရဲတိုက်ကြီးက ပန်းပဲပညာရှင်ကြီး နေထိုင်ခဲ့သောနေရာဟု ခန့်မှန်းကြသည်။ရဲတိုက်ကြီးအတွင်း လိုက်လံကြည့်ရှုမည်ဆိုလျှင် ပန်းပဲပညာရှင်များ အသုံးပြုသော သတ္တုအရည်ကျိုသည့် အိုးကြီးများ၊မီးဖိုကြီးများနှင့် ပန်းပဲဖိုတွင် အသုံးပြုသည့်ပစ္စည်း အကြွင်းအကျန်များကို မြင့်တွေ့နိုင်သေးသည်။ပန်းပဲဖိုများထဲတွင် မည်သည့် ပစ္စည်းမျှ မကျန်ရစ်ခဲ့တော့ပါ။ဒီ သီးသန့်နယ်မြေသည် နှစ်ခြောက်ဆယ်တိုင်း တစ်ကြိမ်ဖွင့်လှစ်ခြင်းဖြစ်သည်။ပြီးတော့ ဒီ သီးသန့်နယ်မြေကို ရှာဖွေတွေ့ရှိခဲ့ကြသည်မှာလည်း နှစ်ပေါင်း ထောင်ချီနေပြီဖြစ်သည်။ထို့ကြောင့် ထို နှစ်များအတွင်း မရေမတွက်နိုင်သော သိုင်းသမားများသည် ၀င်လိုက်ထွက်လိုက် ရှိကြပြီးဖြစ်သောကြောင့် ရဲတိုက်တွင်းရှိ အဖိုးတန်ပစ္စည်းများမှာလည်း ရှာဖွေယူငင်ခံခဲ့ရပြီးဖြစ်သည်။ရှီယန်တို့သည် အခုမှ ပထမဆုံး ၀င်ရောက်ခြင်းဖြစ်သော်လည်း သူတို့ဖို့ ရိပ်သိမ်းစရာ ဘာမှ မရှိတော့မှန်း နားလည်ထားပါသည်။ထို့ကြောင့်လည်း အားအင်ပြည့်ဝအောင် ငြိမ်သက်စွာဖြင့် ရှိနေကြပြီးနောက် ဖြစ်ပေါ်လာမည့် အပြောင်းအလဲကိုသာ ဂရုတစိုက် အာရုံစူးစိုက်ထားလိုက်ကြသည်။ဒီတစ်ကြိမ်တော့ ညီအစ်ကိုနှစ်ယောက်က ကောင်းကင်ကြီး၏ အပြောင်းအလဲကို စောင့်ကြည့်နေကြစဉ်ကျိယီနှင့် အိုင်ရာက မိစ္ဆာအမြုတေများဖြင့် စွမ်းအင်များကိုအမြင့်ဆုံးရောက်အောင် ဖြည့်တင်းနေကြသည်။ကျောက်တုံးခန်းမက ဘောလုံးကွင်းအငယ်စားတစ်ခုစာမျှ ရှိသောကြောင့်ကျယ်ကျယ်ဝန်းဝန်းနေနိုင်သည်။ရှီယန်က တောက်ပသော ကြယ်စင်အလင်းကို ထုတ်လွှတ်ထားသည်။သူ၏ တောက်ပသော မျက်လုံးများက ကြယ်တာရာသိုင်းဝိညာဉ်ဖြင့် ထုတ်ဖော်ထားသော ကြယ်တာရာမြေပုံကို သေချာကြည့်ရှုနေသည်။ကြယ်တာရာများ၏ ထာဝရ မှန်ကန်ခြင်း သဘောတရားများကို သူ့ အသိစိတ်ဖြင့် တွက်ချက်ကာ ပုံဖော်ကြည့်နေခြင်းဖြစ်သည်။အဆုပ်လိုက် အဆုပ်လိုက် တည်ရှိနေကြသော ကြယ်တာရာအစုအဝေများသည် တဖျတ်ဖျတ်တောက်ပသော အလင်းရောင်များဖြင့် ကျောက်တုံးခန်းတစ်ခုလုံး ပြည့်နှက်လျှက်ရှိသည်။ကြယ်တာရာ အစုအဝေး တစ်ခုချင်းစီသည် ကိုယ်ပိုင် ပတ်လမ်းကြောင်းများကို လိုက်နာနေကြရင်း အခြား ကြယ်တာရာအစုအဝေးများနှင့် မှော်ဆန်ဆန် ယှဉ်တွဲတည်ရှိနေကြသည်။ထိုအလင်းစက်များကို ကြည့်ရှုနေရင်း ရှီယန့် အသိစိတ်ပင်လယ်က စီးဆင်းလည်ပတ်နေသည်။သူ့စိတ်ကို တည်ငြိမ်အောင်ထားပြီး ထိုအလင်းစက်ကလေးများ၏ မှော်ဆန်မှုကို နစ်ဝင်ခံစားနေသည်။သူ့စိတ်က ထိုအထဲတွင်သာ နစ်မြုပ်လျှက်ရှိသည်။ကောင်းကင်အဆင့်တွင် သိုင်းပညာဆိုင်ရာသိမြင်နားလည်ခြင်းများကို ရရှိရန် အရေးကြီးကြောင်း သူသိရှိခဲ့ပြီးဖြစ်သည်။ထို့ကြောင့် အချိန်ရတိုင်း သူက ကြယ်တာရာသိုင်းဝိညာဉ်ကို ထုတ်ဖော်ပြီး ကြယ်တာရာ နည်းစနစ်ကို လေ့ကျင့်နေခဲ့သည်။ကောင်းကင်အဆင့်ကို မရောက်မီတွင် သူက ကြယ်တာရာနည်းစနစ်ကို ကြေညက်သွားချင်ပါသည်။သို့သော်လည်း ကြယ်တာရာသိုင်းဝိညာဉ် ဥာဏ်အလင်းနှင့် ကြယ်တာရာလျှို့ဝှက်ချက်များကို ဖမ်းဆုပ်နိုင်ရန်မှာ ထင်တာထက် ပိုမိုခက်ခဲသည်။ထိုကဲ့သို့ အလွန် ခက်ခဲနက်နဲသည်များကို နားလည်သဘောပေါက်လာလျှင် သူ၏ သိုင်းပညာအပေါ် ပုံဖော်နိုင်စွမ်းက ပိုမို ထက်မြက်လာမည်ဖြစ်သည်။ထိုအချက်ကို သိသောကြောင့် ရှီယန်က ကြယ်တာရာနည်းစနစ်ကို သူ့ အနာဂါတ် ရည်မှန်းချက်အဖြစ် ရွေးချယ်ထားပြီးဖြစ်သည်။ကြယ်တာရာအလင်းများကြားထဲ သူ့ကိုယ်သူ ပစ်ထည့်ထားရသော အရသာကို ရှီယန် အလွန်နှစ်သက်သည်။ကြယ်တာရာပင်လယ်ကြီးထဲ နစ်မြုပ်နေသော အံ့သြနှစ်သက်ဖွယ်ရာ ခံစားမှုမျိုးကို ရရှိခြင်းကြောင့်ပင်။သူက ကောင်းကင်ထက်ရှိ သန်းပေါင်းထောင်ချီနေသော ကြယ်တာရာများနှင့် ချိတ်ဆက်နေသည်သူသော ခံစားချက်မျိုးဖြစ်သည်။ကြီးကျယ်ခမ်းနားကာ သဘာဝလွန်ပြီး ထာဝရဖြစ်သောကြယ်တာရာ အသိပညာများအကြား ဥာဏ်အလင်းကို ရှာဖွေနေမိသည်။ထိုစဉ်သွေးနွယ်ရှင်လက်စွပ်ထဲမှ မြေကမ္ဘာမီးလျှံ၏ အချက်ပေးမှုကို ရရှိလိုက်သည်။ရှီယန့်မျက်လုံးများ ဖျတ်ကနဲပွင့်လာသည်။ကျောက်တုံးခန်းဆောင်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာသော အလွန်လှပသည့် ပုံရိပ်လေးကို စူးစိုက်ကြည့်လိုက်ရင်း"ဘာလာလုပ်တာလဲ...အပြင်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီလား"ကျိယီ၏ နူးညံ့သော ၀တ်စုံက သူမ၏ ကျော့ရှင်းသော ကိုယ်လုံးလေးကို ဖော်ပြနေသည်။အရောင်ငါးမျိုး ဖဲပွင့်ပြားတစ်ခု သူမ၏ စကတ်လေးပေါ်တွင် စည်းနှောင်ထားသည်။သူမက သက်သောင့်သက်သာစွာဖြင့် လျှောက်လှမ်းလာသည်။သူမ၏ မျက်ခုံးလေးများက ပန်းချီဆွဲထားသလို သပ်ရပ်လှပနေသည်။မျက်လုံးတောက်တောက်လေးများက အဖိုးထိုက်ရတနာတစ်စုံလို။ကြယ်ရောင်များအောက်တွင် သူမ၏ အလှသည် အသက်ရှူမှားလောက်ပါသည်။"အပြင်ဘက်မှာတော့ အပြာင်းအလဲမရှိသေးပါဘူး...ငါဒီကိုလာခဲ့တာက နင် ငါ့ဆီက ၀ိညာဉ်အတားအဆီးကို ဖယ်ရှားပေးနိုင်မလားလို့ပါ"ကျိယီ၏ လှပသော ခန္ဓာကိုယ်လေးက ရပ်တန့်သွားသည်။သူမက အံလေးတစ်ချက်ကြိတ်လိုက်ရင်း"နင်ပြောတော့ ငါတို့က တစ်ဖွဲ့တည်းဆို...တစ်ဖွဲ့တည်းသားတွေဆိုရင် နင်က ငါ့ကို ဒီလို မဆက်ဆံသင့်ပါဘူး"ရှီယန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း"မင်းက ငါ့ကို ကိုယ့်ဘက်သားအဖြစ် မစဉ်းစားမှာ ငါစိုးရိမ်မိတယ်""ဒါက ကြာခဲ့ပါပြီ...ငါ နင့်ကို မသတ်နိုင်ဘူးဆိုတာ သိပါပြီ...ဒါကြောင့် ငါက နင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိတော့ပါဘူး"ကျိယီက ရှက်ရွံ့စွာဖြင့် မသက်မသာ ခံစားနေရင်း"ရေကန်အောက်ခြေမှာတုန်းက ငါ နင့်ကို အထင်သေးခဲ့မိလို့ပါ...ငါနင့်ကို သတ်ချင်ခဲ့တယ်...နင့် ခြေလက်တွေကိုလည်း သန့်ရှင်းတယ်လို့ မပြောပါနဲ့...နင် ငါ့ကိုယ်ထဲက ၀ိညာဉ်အတားအဆီးကို ဖယ်ရှားပေးရင် ငါက နောက်ကြောင်းပြန်ပြီး ရန်မရှာတော့ပါဘူး...ငါတို့ကြားမှာ စိတ်ခုစရာတွေ မရှိချင်တော့ဘူး...ဘယ်လိုသဘောရလဲ""ငါ ပြောခဲ့ပြီးပြီမဟုတ်လား...သံလိုက်မြူအမှောင်ထုထဲက မထွက်မချင်း နင့် ခေါင်းထဲက ၀ိညာဉ်အချုပ်အနှောင်ကို မဖယ်ရှားပေးနိုင်ဘူး"ရှီယန်က တုတ်တုတ်မျှမလှုပ်ပါ။သူက ထူးမခြားနားဟန်ဖြင့် ခေါင်းခါယမ်းရင်းပြောသည်။"နင်နဲ့ အိုင်ရာ နှစ်ယောက်ပူးပေါင်းလိုက်ရင် ငါ့အတွက် စိတ်မချစရာပဲ...ဒီ သီးသန့်နယ်မြေမှာ ငါက အာရုံအပြည့်အ၀ စိုက်ချင်တယ်...စိတ်ပူပြီး မနေချင်ဘူး...စိတ်မကောင်းပါဘူး...ငါနင့်ကို မယုံဘူး"ကျိယီ၏ နုနယ်သော မျက်နှာလေးက မှောင်မည်းသွားသည်။သူမက မုန်းတီးစွာဖြင့်"ငါ့ အကြီးအမှူးဝိညာဉ်က ချုပ်နှောင်ခံထားရတယ်...ဒါကြောင့် ကန့်သတ်ချက်ရှိနေပြီး ငါ့ စွမ်းအင်ကို အပြည့်အ၀ ဖော်ထုတ်လို့မရဘူး...ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါ ရှိသမျှ အုပ်စုတွေက အစွမ်းကုန် ထုတ်လာမယ့်အပြင် လျှို့ဝှက်မှော်ရတနာတွေနဲ့ပါ တိုက်ခိုက်လာကြမှာ ..ငါက ရာနှုန်းပြည့် မတိုက်ခိုက်နိုင်ရင် ဒီမှာတင် သေသွားလိမ့်မယ်...နင်က အဲ့လို ဖြစ်စေချင်နေတာလား"ရှီယန့်အမူအယာက ဘာမှ မပြောင်းလဲသေးပါ။"ပြောပါဦး...နင် ၀ိညာဉ်အတားအဆီးကို ဖယ်ရှားပေးဖို့ ဘာကိုလိုချင်သလဲ"ကျိယီက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူမ လည်ပင်းလေးများက နီရဲသွားသည်။သူမက ရှီယန့်ကို ကျောပေးလိုက်ပြီး သူမ၏ အင်္ကျီပျော့ပျော့လေးကို အသာအယာ လျှောချလိုက်သည်။တဖြည်းဖြည်းနှင့် သူမ၏ ဖြူဖွေးဝင်းမွတ်သော ပုခုံးသားလေးများ၊ ပြီးနောက် ကျော့ရှင်းသော ကျောပြင်လေး၊ ပြီးနောက် သေးကျဉ်သော ခါးလေးအထိ လျှောကျသွားပြီးနောက် လုံးဝိုင်းစွင့်ကားသော တင်ပါးလေး အထက်နားတွင် ရပ်တန့်သွားသည်။သူမက ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး ချွတ်ချလိုက်ခြင်းဖြစ်သည်။ပြီးနောက် သူမ၏ လက်မောင်းလေးများက ဖွံ့ထွားတင်းရင်းသော ရင်နှစ်မွှာကို ပွေ့ပိုက်ထားရင်း ပြန်လှည့်လာသည်။သူမက ခေါင်းငုံ့ကာ သူမ၏ ခြေချောင်းလေးများကို ငုံ့ကြည့်နေရင်း ၀ိုးတ၀ါးလေသံဖြင့်"နင့်ရဲ့ လိုအပ်မှုကို ငါသိပါတယ်...နင်ငါ့ရဲ့ ၀ိညာဉ်ချုပ်အနှောင်ကို ဖယ်ရှားပေးမယ်ဆို ငါက နင့်ဆီမှာ ဆော့ကစားခွင့် ပြုပါ့မယ်"ကျိယီ၏ ခန္ဓာကိုယ်အထက်ပိုင်းက ဗလာကျင်းနေသည်။ကြယ်ရောင်များအောက်တွင် သူမ၏ အသားအရေက ဖွေးဥနေသည်။သူမ၏ ရင်သားများက အတော်လေး ဖွံ့ထွားသောကြောင့် သူမ၏ လက်ကလေးနှစ်ဖက်က လုံခြုံအောင် မဖုံးနိုင်ပါ။သူမ၏ ရှိုးတို့ရှန်းတန်းအမူအယာလေးသည် ယောက်ျားသားများ၏ တစ်နေရာမှ သွေးကြောများကို ထောင်ထလာစေရန် လုံလောက်ပါသည်။"ငါက မိန်းမတွေကို ကြိုက်နှစ်သက်ပေမဲ့ ကိုယ့်ကိုယ်ကို သတိကင်းမဲ့လောက်အောင် မအသေးဘူး..."ရှီယန့် မျက်လုံးများက တောက်လောင်နေသည်။ သူက အိုင်ရာ၏ လက်မောင်းများထဲမှ လျှံထွက်နေသော အစိတ်အပိုင်းများကို စားမတတ် ၀ါးမတတ်စိုက်ကြည့်နေရင်း"နင် သွားသင့်ပြီ...သံလိုက်မြူအမှောင်ထုကနေ မထွက်မချင်း နင့်ရဲ့ ၀ိညာဉ်အချုပ်အနှောင်တွေ ဖယ်ရှားပေးလိမ့်မယ်လို့ မထင်နဲ့...နင့် ခန္ဓာကိုယ်နဲပ ကမ်းလှမ်းလာရင်တောင် ငါ့ဆုံးဖြတ်ချက် ပြင်မှာမဟုတ်သေးဘူး"ကျိယီက ခေါင်းပြန်မော့လာသည်။ ရှီယန့်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်ရင်း အံလေးတင်းတင်းကြိတ်ထားသည်။သူမ၏ မျက်ဝန်းလေးများတွင် မုန်းတီးမှုများ ပြည့်နှက်လျှက်ရှိသည်။ရှီယန့် မျက်နှာကို ရှစ်ခြမ်းကွဲအောင် မကန်ခဲ့ရသည်ကို နောင်တရမဆုံးနိုင်အောင်ဖြစ်နေသည်။ရှီယန်က တခွိခွိရယ်မောလိုက်ရင်း လျှာဖြင့် နှုတ်ခမ်းကို သပ်ကာ"နင့် ကိုယ်လုံးကတော့ တအား ဆွဲဆောင်မှုရှိပါတယ်...သံလိုက်မြူအမှောင်ထုကနေ ထွက်တဲ့အထိတော့ သည်းခံလိုက်ပါဦး...အဲ့ဒီအချိန်အထိ နင်ငါ့ကို ကမ်းလှမ်းချင်တုန်းပဲဆို ငါမငြင်းတော့ပါဘူး...ဟမ်း...အပေးအကမ်း ရက်ရောတဲ့ မိန်းမတွေဆို ငါ သိပ်သဘောကျတာ...အဲ့ဒီအချိန်ကျရင် ငါနင့်ကို စိတ်မပျက်စေရပါဘူး""သေချင်းဆိုးနဲ့ သေပါစေတော်..."ကျိယီက မချင့်မရဲ ကျိန်စာတိုက်ပြီးနောက် အင်္ကျီကို ပြန်ဝတ်လိုက်သည်။ပြီးနောက် သူမက အခန်းထဲမှ ဆောင့်ဆောင့် အောင့်အောင့် ပြန်လည်ထွက်ခွာသွားလေတော့သည်။ရှီယန်က ခေါင်းခါယမ်းကာ အေးစက်စက် ပြုံးလိုက်ရင်း"ဒီကောင်မလေးက တကယ်ကို မဆိုးဘူးပဲ...ကြောင်လက်သည်းဝှက်သလို ၀ှက်ထားတဲ့ ဟို မိန်းမဆိုးလေးသာ မရှိဘူးဆိုရင် ငါ့လက်ကနေ လွတ်မှာမဟုတ်ဘူး...ဒီတစ်ခေါက်တော့ နာတာပဲ"ရှီယန်က ကျိယီကို ရည်ညွှန်းခြင်းမဟုတ်တာသေချာပါသည်။ကျိယီထွက်သွားပြီးနောက် သူက ကြယ်တာရာနည်းစနစ်ကိုပဲ ဇွဲကောင်းကောင်းဖြင့် နှစ်မြှုပ်လေ့လာနေပြန်လေသည်။ဒီနေ့သိုင်းပညာ လေ့လာနေခြင်းမှ ရှီယန် နိုးထလာပြန်သည်။"နဂါးငွေ့တန်း မြစ်ကြီးနှစ်စင်း အပြောင်းအလဲတွေ ဖြစ်လာပြီလား"သူက အိုင်ရာ့ကို မော့ကြည့်ကာ မေးလိုက်သည်။အိုင်ရာက ကျိယီနှင့်မတူပါ။ အရေးကိစ္စ မပေါ်ပေါက်ပဲ ရှီယန့် အခန်းထဲသို့ ၀င်လာမည်မဟုတ်ချေ။ထို့ကြောင့် တစ်ခုခု ထူးခြားမှု ရှိနေပြီဟု ရှီယန် တွက်လိုက်ခြင်းဖြစ်သည်။"မြစ်ကြီးတွေဆီကမဟုတ်ဘူး"အိုင်ရာ့ မျက်နှာက တည်ကြည်နေသည်။"မြို့ပြင်မှာရှိတဲ့ဟို တောင်ကြီးလေးလုံးဆီကပဲ...မနေ့ကတည်းက တောင်ကြီးလေးလုံးမှာ ပြောင်းလဲမှုတွေ ဖော်ပြလာတယ်...ငလျှင်ငယ်လေးတွေ လှုပ်သလိုမျိုး ဖြစ်လာပြီးနောက်မှာ သားရဲတွေရဲ့ ဟိန်းဟောက်သံတွေ ကြားလာရတယ်""သားရဲတွေ..."ရှီယန်က အံ့အားသင့်သွားသည်။ အပြင်ကို ကြည့်လိုက်ရင်း"သားရဲတွေ ထွက်ပေါ်လာပြီလား""အခုထိတော့ မပေါ်လာသေးဘူး...ဒါပေမဲ့ဟိန်းဟောက်သံတွေ ပိုများလာပြီ..."အိုင်ရာ့ မျက်နှာလေးက ထူးဆန်းနေသည်။"အဆင့် အမျိုးမျိုးရှိတဲ့ သားရဲ တစ်ရာဝန်းကျင်လောက်ရှိမယ်လို့ ငါခန့်မှန်းထားတယ်...အဲ့ဒါထက်လဲ ပိုချင်ပိုလိမ့်မယ်...သားရဲတွေ မြို့ထဲဝင်လာရင်တော့ ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး""ရာနဲ့ချီတဲ့ သားရဲတွေ..."ရှီယန့်မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။သံလိုက်မြူ အမှောင်ထုထဲ ၀င်ရောက်စဉ်ကတည်းက သူကြုံတွေ့ခဲ့ရသမျှ အဆင့်အနိမ့်ဆုံး သားရဲမှာ အဆင့်ခြောက်ရောက်နေပြီဖြစ်သည်။ထို့ထက်နိမ့်သော သားရဲကို တစ်ခါမှ မတွေ့ခဲ့ရပါ...။အဆင့်ခြောက် သားရဲဆိုလျှင်တောင် ရာဂဏန်း အရေအတွက်က အလွန်ပင် ကြောက်စရာကောင်းနေပြီဖြစ်သည်။၎င်းတို့ထဲတွင် အဆင့်ခုနှစ်များ ပါဝင်လာမည်ဆိုလျှင်တော့ ထို အင်အားသည် အလွန်ပင် အန္တရာယ်များသွားပြီဖြစ်သည်။"အနည်းဆုံးတော့ သုံးပုံတစ်ပုံဟာ အဆင့်ခုနှစ်တွေပဲ"အိုင်ရာက သူ့အတွေးကို သိနေသည့်အလား ထပ်မံ ဖြည့်စွက်လိုက်သည်။ရှီယန် ခေါင်းနားပမ်း ကြီးသွားသည်။"ကြည့်ရတာ နဂါးငွေ့တန်း မြစ်ကြီးနှစ်စင်း မကြာခင် ပြောင်းလဲတော့မယ်ထင်တယ်...သားရဲတွေ အများကြီး မြို့ထဲဝင်လာရင်တော့ ဒီနေရာက လုံခြုံတော့မှာမဟုတ်ဘူး"စကားဆုံသည်နှင့် သူက အခန်းထဲမှ ထွက်ကာ လောင်ညီအစ်ကိုတို့ ကင်းစောင့်နေသောမျှော်စင်ပေါ်သို့ တက်သွားလေသည်။ရှေးဟောင်းမြို့တော်ကြီး၏ အပြင်ဘက်...ပုံသဏ္ဍန် လေးမျိုးနှင့် တောင်ကြီးလေးလုံးသည် ခပ်အုပ်အုပ် ဟိန်းဟောက်သံများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ယနေ့ကျမှ ပိုမို သိပ်သည်းလာသော မြူခိုးများကြောင့် ကြောက်မက်ဖွယ်ရာ ပြောင်းလဲမှုကြီးတစ်ရပ် စတင်ဖွံ့ဖြိုးလာနေပြီဟု ထင်ရလေသည်။-------- ----- ----- ----- ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now