အပိုင်း ၂၀၇

1.5K 182 0
                                    

God of Slaughter (chapter – 207)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၇) ရှေးဟောင်း နတ်ဘုရားသွေး

နို ဟု အမည်ရသော တောင်ကြီးသည် အဓိကတောင်ကြီးတစ်လုံးဖြစ်သည်။

တောင်ကြီး၏ အတွင်းဖက် ခပ်နက်နက်တွင် လင်းနေသော အခန်း ခြောက်ခန်းရှိသည်။
ထိုရှေ့တွင် ရှီယန် ရောက်ရှိနေခြင်းဖြစ်သည်။

ကျောက်တုံးခန်း တစ်ခုချင်းစီကို သလင်းကျောက်တုံးသက်သက်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
သိပ်သည်းသော နတ်ဘုရား အော်ရာများ က သလင်းကျောက်နံရံများထံမှ စမ်းရေစီးသလို စီးထွက်နေသည်။

သိမ်မွေ့ခြင်း သလင်းတုံး…
ထိပ်တန်းအဆင့် သိမ်မွေ့ခြင်း သလင်းတုံး

သိမ်မွေ့ခြင်း သလင်းတုံးများကို အဆင့်နိမ့် အလယ်အလတ်အဆင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ သုံးမျိုးသုံးစား ခွဲခြားနိုင်သည်။
ထိပ်တန်းအဆင့် သိမ်မွေ့ခြင်းသလင်းတုံးများကို သလင်းကျောက်မိုင်းများ၏ ဗဟိုချက် ကျောက်တောင်၏ နှလုံးသားနေရာ များတွင် တွေ့ရှိရတတ်သည်။

လက်သီးဆုပ်အရွယ် ထိပ်တန်းအဆင့် သိမ်မွေ့ခြင်းသလင်းတုံးဆိုလျှင်တော့ အရှေ့ပင်လယ်တစ်ခွင်တွင်ပင် ရှားပါးသော ပစ္စည်းဖြစ်နေပေပြီ။
ဝိညာဉ်အဆင့် ရတနာများနှင့် တန်ဖိုးချင်း တူညီနေပြီဖြစ်သည်။

သို့သော်လည်း ဒီ နတ်ဘုရား ကျောက်တောင်ကြီးထဲတွင် ဒီ အခန်းခြောက်ခန်းသည် သိမ်မွေ့ခြင်းအဆင့် သလင်းတုံးသက်သက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။

မလွန်လွန်းဘူးလား…

ရှီယန် လက်ဖျားခါသွားသည်။
သူက သိမ်မွေ့ခြင်း သလင်းကျောက် အခန်းခြောက်ခန်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။

သဘာဝတရားစွမ်းအင်များက သိပ်သည်းလှသည်။
ကျောက်နံရံများမှ ရနံ့များကို ရှူရှိုက်မိရုံဖြင့် သူ၏ ကီစွမ်းအင်များ တိုးတက်လာနေသည်ကို ရှီယန် ခံစားမိသည်။

မိုးနတ်မင်းရေ….
ရှီယန် က ဘာပြောရမှန်းပင်မသိတော့ချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now