300

656 99 1
                                    

Chapter 300: သွားခွင့်မပြုဘူး

ဂျူယွီအူ၊ ချင်ထူနှင့် ဒုံဖန်ဟေးတို့သုံးယောက်စလုံး ရှီယန့်ကိုသိပါသည်။

သူတို့ထဲတွင် ဂျူယွီအူတစ်ယောက်သာ ရှီယန်နှင့် ယန်မိသားစု ပတ်သက်မှုကို မသိသေးခြင်းဖြစ်သည်။

မင်လောင်ကျွန်းအဖြစ်အပျက်ပြီးနောက် ချင်ထူနှင့် ဒုံဖန်ဟေးတို့သည် ဖိအားကြီးကြီးကိုခံခဲ့ရသည်။

သူတို့က အပြစ်တင်ခံရပြီး သူတို့သခင်များက ဒဏ်ခတ်ခဲ့ကြသည်။

ထိုအချိန်ကတည်းကစ သူတို့က ရှီယန်၏ ဇစ်မြစ်ကို စွဲမှတ်နေအောင် သိသွားကြပြီဖြစ်သည်။

ရှီယန်နှင့် ရင်ဆိုင်တွေ့ချိန်တွင် ခတ္တမျှ ကြောင်အနေပြီးနောက် ဂျူယွီအူက ယင်ဟိုင်ညွှန်ကြားထားသော အရေးကြီးကိစ္စကို သတိရသွားသည်။

ရှီယန့်ကို သေသေချာချာအကဲခတ်လိုက်ပြီးနောက် သူမက ရုတ်တရက် အော်ဟစ်ရယ်မောလိုက်လေသည်။

ပြီးနောက် ချင်ထူနှင့် ဒုံဖန်ဟေးဘက်သို့ လှည့်ကာ

"ဒီလူလိမ်ကလေးနဲ့ ကျမတို့ အရင်တုန်းက အကြွေးတွေရှိဖူးတယ်...ငါးနှစ်ကြာပြီးတဲ့နောက် သူက ဒီ နေ၀န်းကျွန်းပေါ်ကို ရောက်နေလိမ့်မယ်လို့ ထင်မထားမိဘူး...စိတ်ဝင်စားစရာပဲ"

သူမက ပြုံးရွှင်စွာဖြင့် လှည့်စကားပြောနေရင်း ချင်ထူနှင့် ဒုံဖန်ဟေးတို့ကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည်။

သူမ ရှီယန့်ကို သင်ခန်းစာပေးသည့်အခါ ၀င်ရောက်ကူညီရန်ဖြစ်သည်။

"လူကောက်လေး...ငါတို့ ဆုံပြန်ပြီ..."

လူဝကြီး ချင်ထူ၏ မျက်နှာက အားပါးတရ ပြုံးနေသည်။

"မင်းကြောင့် ငါ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်လိုက်ရသေးတယ်...မင်လောင်ကျွန်းမှာ ဖြစ်ပျက်ခဲ့တာအတွက် ငါပေးဆပ်ခဲ့ရတာ မနည်းဘူး...မင်းက တော်တော်အပုန်းကောင်းတယ်"

"မင်းကြောင့် ငါတို့ ဒုံဖန်မိသားစုဝင် တစ်ရာနီးပါး သေဆုံးခဲ့ရတယ်...ကျွန်း ခုနှစ်ကျွန်းလဲ ပြောင်ရောပဲ...ဒီ့အတွက်ကြောင့် ငါလဲ ဆိုးဆိုးဝါးဝါး အပြစ်တင်ခံခဲ့ရတယ်"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now