381

595 83 0
                                    

Chapter 381: ထိုးထွင်းသိမြင်ခြင်း"သွားမယ်...."ရှီယန်က ရုတ်တရက် ထခုန်လိုက်ပြီးနောက် အာကာခွင်းလွန်းပျံ ထိုးဖောက်ထားခဲ့သော လမ်းကြောင်း၏ အပေါက်ထဲသို့ လျှိုဝင်သွားသည်။သူ့တစ်ကိုယ်လုံး လမ်းကြောင်းထဲ ရာက်သွားသည်နှင့် ထင်မှတ်မထားစွာပင် ခုနက လွင့်ပါးသွားခဲ့သော သူ၏ ၀ိညာဉ်အသိများ သူ့ အသိစိတ်ပင်လယ်ထဲသို့ အလိုအလျောက် ပြန်လည်စီးဝင်လာသည်။သူ့ အသိစိတ်ပင်လယ်မှ လွင့်ပါးသွားခဲ့သော ထို ၀ိညာဉ်အသိများသည် အဝေးသို့ မျောလွင့်သွားခြင်းမရှိသောကြောင့်ပင်ဖြစ်ရပေမည်။နက္ခတ်လွင့်ပါး လေထုစီးကြောင်းအတိုင်း ၀ဲလည်လှည့်နေကြဟန်တူသည်။သူက အာကာခွင်းလွန်းပျံ ဆုတ်ဖြဲထွင်းဖောက်သွားသော လမ်းကြောင်းထဲသို့ ၀င်လိုက်သည်နှင့် နက္ခတ်လွင့်ပါးလေထု၏ စွမ်းအင်သက်ရောက်မှုက ပျက်ပြယ်သွားဟန်တူသည်။သူ၏ ၀ိညာဉ်အသိများက အသိစိတ်ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့လေပြီ...။ရှီယန် သိပ်ကိုကျေနပ်ဝမ်းသာသွားသည်။အိုင်ရာတို့ ကျိယီတို့အုပ်စုသည်လည်း အံ့အားတကြီး မော့ကြည့်နေကြပြီးနောက် အများကြီး စဉ်းစားမနေကြပဲ ထို ငွေရောင် လမ်းကြောင်းထဲသို့ တိုးဝင်လာကြသည်။ငွေရောင်လမ်းကြောင်းအတိုင်း တက်လာကြပြီးနောက် သူတို့သည် ရှီယန့်နောက်မှထက်ချပ်မကွာ လိုက်ပါကာ အန္တရာယ်နယ်မြေကိုလွန်မြောက်လာကြလေသည်။အန္တရာယ်နယ်မြေ အထက်...တောင်ကမ်းပါးယံပေါ်တွင်နိုင်းကျီနှင့် အခြားကောင်းကင်သိုင်းသမားနှစ်ယောက်တို့ အောက်ဘက်ရှိ မီးခိုးရောင် မြူထုကြီးကို ငုံ့ကြည့်နေကြသည်။"ဒီလူတွေ အန္တရာယ်နယ်မြေရဲ့ အောက်ခြေကို ရောက်ကုန်ကြပြီ...နက္ခတ်လွင့်ပါးလေထုက သူတို့ကို သတ်ဖြတ်ဖို့ အချိန်သိပ်လိုမယ်မထင်ဘူး..."နိုင်းကျီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း ပြောသည်။"သူတို့ သေသွားတဲ့အခါ ငါ့ ရွှေပိတုံးကို ပြန်ယူရမယ်...အခုလောလောဆယ် အဆက်အသွယ်ပြတ်တောက်နေပေမဲ့ နက္ခတ်လွင့်ပါးလေထုက ရွှေပိတုံးအပေါ် မသက်ရောက်နိုင်ဘူး...ဟိုကောင် သေတာနဲ့ ငါ့မှာ ရွှေပိတုံးကို ပြန်ခေါ်ဖို့ နည်းလမ်းတွေရှိတယ်""သခင်လေး ဥာဏ်ပညာကြီးမားပါပေတယ်..."ကောင်းကင်အဆင့် သိုင်းသမားနှစ်ယောက်က ကပ်ဖားရပ်ဖားလုပ်သည်။ရုတ်တရက်...ငွေရောင် အလင်းလမ်းကြောင်းကြီးတစ်ခု မီးခိုးရောင်နယ်မြေအောက်ခြေမှ သူတို့ထံ ထိုးတက်လာသည်။ရှီယန့် ပုံရိပ်က ထို ငွေရောင်လမ်းကြောင်းထဲတွင် ထွက်ပေါ်လာလေသည်။ခပ်ဝါးဝါးပင်ဖြစ်သော်လည်း သူတို့က လှမ်းမြင်နေကြရသည်။"မဖြစ်နိုင်တာ..."နိုင်းကျီက မအောင့်နိုင်တော့ပဲ အော်ဟစ်လိုက်မိသည်။သူ့တစ်ကိုယ်လုံး တုန်ခါနေရင်း ကြောက်ရွံ့ထိတ်လန့်မှုများနှင့် မယုံကြည်နိုင်ခြင်းများက သူ့မျက်နှာထွင် ထင်ဟပ်လာသည်။"ဒီကောင်လေးက အန္တရာယ်နယ်မြေကနေ ထွက်လာနေပြီ...ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ""သခင်လေး...အိုင်ရာနဲ့ ကျိယီတို့လဲ ပါလာပြီ.."ကောင်းကင်အဆင့်သိုင်းသမားနှစ်ယောက်လည်း အော်ဟစ်လိုက်မိကြသည်။"မကောင်းတော့ဘူး..."နိုင်းကျီ၏ မျက်နှာသည် ခံစားချက်အမျိုးမျိုး ပြောင်းလဲသွားသည်။သူက အောက်ခြေမှ ဖြည်းဖြည်းချင်း တက်လာသော ရှီယန့်ကိုကြည့်ရင်း မျက်လုံးများ ကျွတ်ထွက်တော့မတတ် ဖြစ်နေသည်။ပြီးနောက် အံတင်းတင်းကြိတ်လိုက်ရင်း"သွားကြစို့...နောက်မှ စာရင်းရှင်းကြတာပေါ့"စကားဆုံးသည်နှင့် နိုင်းကျီသည် တုံ့ဆိုင်းခြင်းမရှိပဲ ထွက်ပြေးသွားလေတော့သည်။ရှီယန်တို့ အပြင်ရောက်မလာမီ အမြန်ဆုံးနှုန်းဖြင့် ပြေးသွားခြင်းဖြစ်သည်။နိုင်းကျီ ထွက်သွားသည်နှင့် ကောင်းကင်အဆင့်နှစ်ယောက်လဲ ဆက်မနေရဲတော့ပဲ ဒရောသောပါး လိုက်ပါသွားကြလေတော့သည်။ရှီယန်က တောင်ကမ်းပါးယံထိပ်သို့ အရင်ဦးစွာ တက်ရောက်လာသည်။အိုင်ရာ၊ ကျိယီနှင့် လောင်ညီအစ်ကိုနှစ်ယောက်တို့သည်လည်း မြန်မြန်ဆန်ဆန်ပင် ပျံသန်းတက်ရောက်လာကြသည်။သေဘေးမှ လက်မတင်လေး လွတ်မြောက်လာကြခြင်းပင်...သူတို့၏ မျက်နှာများတွင် ထိတ်လန့်ခြောက်ခြားဟန်များက မပြေပျောက်သေးပါ။ရှီယန့် အသိစိတ်ပင်လယ်ထဲသို့ ၀ိညာဉ်အသိ စီးကြောင်းများက ပြန်လည် စီးဝင်လာကြသည်။သူ့ စိတ်အခြေအနေတွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ရပ် မွေးဖွားလာသည်ကို ခံစားမိသောအခါ ရှီယန့်မျက်နှာက လေးနက်တည်ကြည်သွားသည်။အန္တရာယ်နယ်မြေထဲတွင် သူ့ ၀ိညာဉ်အသိများသည် အသိစိတ်ပင်လယ်ကို တစ်ခုချင်း စွန့်ခွာသွားခဲ့ကြသည်။သူ့ အသိစိတ်ပင်လယ်သည် ပြင်းပြင်ထန်ထန် တုန်ခါခဲ့ရသည်။သူ့ဝိညာဉ်အသိများသည်လည်း ပြင်ပတွင် သက်ရောက်မှုအချို့ခံစားခဲ့ရပြီး သူ့ အကြီးအမှူးဝိညာဉ်သည်ပင် ထွက်ပေါ်လုနီးနီး ဖြစ်ခဲ့သည်။သေခြင်းတရား၏ ခြောက်ကမ်းပါးပေါ်မှ အတွေ့အကြုံမျိုး...။သေသူများ ပြန်လည်ရှင်သန်လာခြင်း....သူသည် သေပြီးမှ ပြန်လည်ရှင်သန်လာခြင်းမျိုးပင်ဖြစ်သည်။သူ့ဝိညာဉ်အသိများ အသိစိတ်ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်လာကြသောအခါ ထို ၀ိညာဉ်အသိများမှ ဖြာထွက်နေသော ထူးဆန်းမှုအချို့ကို သူ ခံစားမိသည်။လျှို့ဝှက်နက်ရှိုင်းသော ခံစားချက်တစ်မျိုး ပေါက်ဖွားလာသည်။သေလုမျောပါးအခြေအနေမှ ပြန်လည်လွတ်မြောက်လာပြီး နောက်တွင် သူနှင့် နီဗားနား အဆင့်သည် ပိုပြီး လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။ေ၀၀ါးသော ဥာဏ်အလင်းအချို့ကို ဖမ်းဆုပ်မိသည်။သူက ယခု နီဗားနားဒုတိယအဆင့်ဖြစ်ပြီး သိပ်သည်းမှုအလွန်အားကောင်းသော ကီစုစည်းမှုနှင့်ဖြစ်သည်။သူက နီဗားနား တတိယအဆင့်သို့ရောက်ရန် ထိုးထွင်းသိမြင်မှု အနည်းငယ် ရရှိရန်သာလိုနေခြင်းဖြစ်သည်။သေခြင်းတရားမှ လွတ်မြောက်ခြင်းဟူသည် နီဗားနားအဆင့်တွင် စိတ်နှင့် ထပ်တူကျရန် လိုအပ်နေသော အတွေ့အကြုံတစ်ရပ်ဖြစ်ဟန်တူ၏။သေမျိုးနယ်ပယ်မှ လွတ်မြောက်ရန် ကြီးကျယ်ခမ်းနားသော အသိဥာဏ်နှင့် ကြီးကျယ်ခမ်းနားသော ဇွဲလုံ့လ လိုအပ်သည်။သာမာန် နီဗားနားအဆင့် သိုင်းသမားများသည် မကြာခနပင် ထို အတားအဆီးကို ကျော်လွှားနိုင်ခြင်းမရှိကြပါ။ထို့ကြောင့် သူတို့၏ ကီစုစည်းမှုများ လုံလောက်သော အဆင့်အထိ သန်မာလာကြသော်လည်း အဆင့်တက်ဖို့ သိပ်မလွယ်ခြင်း သို့မဟုတ် နှေးကွေးခြင်းများ ဖြစ်တတ်ပါသည်။တစ်သက်လုံး နီဗားနားအဆင့် တွင် ပြီးဆုံးသွားသူများလဲ ထုနှင့်ဒေးပင်ဖြစ်သည်။သူ တွေ့ကြုံခဲ့ရသော အခြေအနေမျိုးသည် ရှားတောင့်ရှားပါးဖြစ်သည်။သူက တစ်စုံတစ်ခုကို ဆုပ်ကိုင်မိလိုက်သလိုခံစားနေရသည်။ဒါက စစ်မှန်သော နီဗားနားရဲ့ အဓိပ္ပါယ်လား...သူ စဉ်းစားဆင်ခြင်ရန် လိုအပ်နေပြီဖြစ်သည်။အိုင်ရာ၊ ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့သည် ငွေရောင် လမ်းကြောင်းမှ ထွက်မြောက်လာပြီးသည့်နောက် အလွန်ဝမ်းသာနေကြသည်။သူတို့က ရှီယန့်ကို လေးစားအားကျမှုများဖြင့် ကြည့်လာကြပြီဖြစ်သည်။ရှီယန်က မျက်မှောင်နှစ်ခုကို တင်းကြပ်စွာ ကြုတ်ထားရင်း တောင်ကမ်းပါးယံထက်တွင် မတ်တပ်ရပ်နေသည်။သူက ခန ရပ်နေပြီးနောက် ချက်ခြင်းပင် အာကာခွင်းလွန်းပျံကို ပြန်ခေါ်ကာ သိမ်းဆည်းထားလိုက်သည်။ပြီးနောက် အိုင်ရာတို့အုပ်စုကို ခေါင်းညိတ်ပြလိုက်ရင်း"ငါ ခနလောက် စွမ်းအင်ကျင့်ကြံဖို့ လိုအပ်တယ်...မင်းတို့လဲ နားကြဦးပေါ့"ပြောပြီးသည်နှင့် ရှီယန် အခြားတောင်ထွတ်တစ်ခုပေါ်သို့ ခုန်ပျံတက်သွားလိုက်လေသည်။တောင်ထွတ်ရှိ မည်းမှောင်သော ကျောက်တုံးလှိုဏ်ဂူတစ်ခုထဲ ၀င်ရောက်သွားသည်ကို မြင်လိုက်ကြရသည်။လှိုဏ်ဂူအတွင်းရောက်သည်နှင့် ရှီယန်က မြေကမ္ဘာမီးလျှံကို ဆက်သွယ်ကာ သူ့ကို ကင်းစောင့်ပေးဖို့ အကူအညီတောင်းလိုက်သည်။ပြီးနောက် သူက ဂူထဲတွင်ထိုင်ချလိုက်ကာ မျက်စိမှိတ်လိုက်ပြီး လက်ရှိ သူ၏ စိတ်အခြေအနေကို စတင်ဆန်းစစ်လိုက်လေတော့သည်။သေရာမှ ပြန်လည်ရှင်သန်ခြင်း၏ နီဗားနားအဆင့်အပေါ် သက်ရောက်မှုနှင့် သူ့ အသက်ဓါတ်သည်အပြည့်အ၀ ပြန်လည်တောက်လောင်လာသလို ခံစားနေရသည်။ထို အတွေ့အကြုံမှတဆင့် ရှီယန်သည် နီဗားနားအဆင့်ဟူသည့် အသိစိတ်အခြေအနေကို သဘောပေါက်နားလည်လာလေသည်။သူ့ ၀ိညာဉ်အသိများ ထွက်သွားပြီးနောက် သူ့ အကြီးအမှူးဝိညာဉ်သည်လည်း နက္ခတ်လွင့်ပါးလေထု၏ တိုက်စားခြင်း ခံရတော့မည်ကဲ့သို့ အတွေ့အကြုံက သူ့ ခံစားချက်များကို ဟိုး အတွင်းပိုင်းမှစကာ ပြောင်းလဲသွားစေသည်။ထို အခြေအနေမျိုးတွင် သူက လက်မလျှော့ပဲ မိမိကိုယ်မိမိ ယုံကြည်မှုဖြင့် ဇွဲနဘဲကြီးစွာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ရှာဖွေနေခဲ့သည်။သေခြင်းအား ဆန့်ကျင်တိုက်ခိုက်ခြင်း...ဒါက နီဗားနားအဆင့်၏ အသေးစိတ်ကျသော လိုအပ်ချက်တစ်ခုပင်ဖြစ်သည်။မြောက်များလှစွာသော နီဗားနားအဆင့် သိုင်းသမားတို့သည် ထိုကဲ့သို့ ခမ်းနားသော ဥာဏ်အလင်းမျိုး ထိုကဲ့သို့ မဆုတ်မနစ်သော ဇွဲလုံ့လမျိုး မရှိကြပါ။ထိုသူများသည် သေဆုံးသွားချိန်အထိ စစ်မှန်သော နီဗားနား ဥာဏ်အလင်းကို ဖမ်းဆုပ်မသွားနိုင်ကြတော့ပါ။ယခု သူက သေဆုံးပြီးနောက် ပြန်လည်ရှင်သန်ခဲ့ပြီဖြစ်သည်။သူ့ အသိစိတ်အခြေအနေကို အဆင့်တစ်ခုအထိ ရောက်ရှိစေခဲ့သည်။ကျောက်ဂူထဲတွင် ထိုင်နေရင်း ရှီယန်က အန္တရာယ်အခြေအနေမှ လွတ်မြောက်လာပြီးနောက် မှော်ဆန်ဆန်ပြောင်းလဲသွားခဲ့သော သူ့ ၀ိညာဉ်အသိကို ပြန်လည်ဆင်ခြင်ကာ သိမှတ်နားလည်နေသည်။တဖြည်းဖြည်းနှင့် သူ့ အသိစိတ်ပင်လယ်သည် ခုံးထလာပြီးနောက် သူ၏ ပျောက်ဆုံးသွားခဲ့သော ၀ိညာဉ်အသိများလည်း ပြန်လည်ထွက်ပေါ်လာသည်။အသိစိတ်ပင်လယ်ထဲတွင် ညင်သာစွာ စီးမျောလျှက်သွားကြသည်။သူက အာရုံငါးပါးဖြင့် သိခြင်ခံစားနားလည်နေရင်း သူ၏ ၀ိညာဉ်အသိသည် ဆေးကြောလိုက်သည့်အလား ကြည်လင်ရှင်းလင်းလာသည်။ဝိညာဉ်အသိ စီးကြောင်း တစ်ခုချင်းစီသည် အသိစိတ်ပင်လယ်ထဲတွင် သန့်စင်လာပြီးနောက် အနယ်အနှစ် ကင်းစင်ကာ စိတ်ခံစားချက် အညစ်အကြေးများလဲ ကင်းစင်လာသည်။ထို အသိစိတ်အခြေအနေတွင် သူကိုယ်တိုင်နှင့် သူ၏ အကြီးအမှူးဝိညာဉ်က တစ်ထပ်တည်းဖြစ်သွားကြသည်။သူက တင်ပလ္လင်ခွေထိုင်နေရင်း သူ့မျက်လုံးများကို ငြိမ်သက်စွာ မှေးမှိတ်ထားသည်။ဝိညာဉ်အသိ တစ်ခုချင်းစီကို အကြီးအမှူးဝိညာဉ်ထံ ယူဆောင်လာသည်။ယခု အကြီးအမှူးဝိညာဉ်ထဲရှိ ၀ိညာဉ်အသိများသည် သန့်စင်ကာ အညစ်အကြေးကင်းစင်နေသည်။သူ့စိတ်ကို သန့်ရှင်းစေပြီး ကြည်ကြည်လင်လင်နှင့် အရာရာကို နားလည်ရ လွယ်ကူလာစေသည်။မရေမတွက်နိုင်သော ၀ိညာဉ်အသိစီးကြောင်းများသည် ကြေးချွတ်သန့်စင်ခံရသလို ခံစားချက် အညစ်အကြေးများလဲ ကင်းစင်သွားသောအခါ ၄င်းတို့က ထွင်းဖောက်မြင်ရလောက်သော စိတ်အခြေအနေ ဖြစ်ပေါ်လာသည်။သူ၏ ၀ိညာဉ်အသိတစ်ခုလုံး သန့်ရှင်းစင်ကြယ်သွားခြင်းဖြစ်သည်။သူ့စိတ်က တောက်ပနေပြီး သူ့ အသိစိတ်ပင်လယ်က မှန်တစ်ချပ်လို ကြည်လင်တောက်ပြောင်လာသည်။ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများအားလုံး သူ့ အသိစိတ်ပင်လယ်ထဲတွင် ရှင်းလင်းပြတ်သားစွာ ထင်ဟပ်လာသည်။အိုင်ရာ၊ ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့သည်လည်း တောင်ခြေတွင်ပင်ရှိနေကြသည်။သူတို့က ရှီယန်ဝင်ရောက်သွားရာ ဂူကို အတန်ကြာ ငေးကြည့်နေကြပြီးမှ အသီးသီးလမ်းခွဲကာ ကီစွမ်းအင် ပြန်လည်ဖြည့်တင်းရန် ထွက်ခွာသွားကြသည်။ရှီယန်၏ ကျောက် ဂူအ၀င်ဝတွင်...ကျော့ရှင်းသော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာသည်။ကျိယီ...ဆယ်မီတာခန့်အကွာတွင် ရပ်နေရင်း ကျိယီက ရှီယန်၏ လှိုဏ်ဂူထဲသို့ စူးစိုက်ကြည့်နေသည်။သူမက တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချရန် ချီတုံချတုံ ဖြစ်နေဟန်တူသည်။ငါ စွန့်စားသင့်သလား...ကျိယီ၏ မျက်နှာလေးက စိတ်ရှုပ်ထွေးနေဟန်တူသည်။သူမ၏ လက်ချောင်းလေးများတွင် တောက်ပသော အလင်းရောင်များ စုဝေးနေပြီး ပြင်းထန် သော စွမ်းအင်များ ထုတ်လွှတ်ပေးနေသည်။ရှီယန်က သူမ၏ အကြီးအမှူးဝိညာဉ်တွင် အတားအဆီးများ ချသွားသည်။ရှီယန့်ကို သတ်လိုက်နိုင်လျှင် ထိုအတားအဆီးများသည်လည်း သူ့အလိုလို ပျောက်ကွယ်သွားပေလိမ့်မည်။ကျိယီက တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် နေရခြင်းကို သည်းမခံနိုင်ပါ...ထို့အတူ ရှီယန်၏ အိမ်မွေးတိရိစ္ဆန်လေးလို ဖြစ်လာရမည်ကိုလည်း မလိုချင်ပါ...သူမ၏ ကံကြမ္မာကို သူမဖာသာ ဖန်တီးချင်ပါသည်။ရှီယန် သေသွားလျှင် သူမ လွတ်မြောက်သွားမည်ဖြစ်သည်။အရင်အချိန်တုန်းကသာဆိုလျှင်တော့ ယခုလိုမျိုး ရှီယန် စွမ်းအင်ကျင့်ကြံနေလျှင် သူမက တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပဲ တစ်ဟုန်ထိုး တိုက်ခိုက်သတ်ဖြတ်ပစ်လိုက်မည်ဖြစ်သည်။သို့သော်လည်း ရှီယန်က ကြောက်စရာ စွမ်းအင်များနှင့် သူမတူသော ခွန်အားများကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ရွှေပိုးမျှင်များကို ဖျက်ဆီးခဲ့သည်။ ရွှေပိတုံးကို ယူဆောင်သွားခဲ့ရုံသာမက နက္ခတ်လွင့်ပါးလေထုကို ဖောက်ထွက်ကာ သူမတို့ကို ကယ်ထုတ်ခဲ့သည်။ရှီယန် ထုတ်ဖော်ပြသခဲ့သော အစွမ်းများသည် သာမာန် နီဗားနားအဆင့် သိုင်းသမားတစ်ယောက် မလုပ်ဆောင်နိုင်သည်များဖြစ်သည်။ရှီယန်သည် ယခု နစ်မျောနေသော အနေအထားတွင် ရှိနေသော်လည်း သူမက စွန့်စားရန် မ၀ံ့မရဲပဲဖြစ်နေသည်။တကယ်လို့ သူမက ရှီယန့်ကို တစ်ချက်တည်းနှင့် မသတ်ဖြတ်လိုက်နိုင်လျှင် အသက်တစ်ရှိုက်စာ အချိန်ရသွားသည်နှင့် သူမ၏ ၀ိညာဉ်ကို ရှီယန်က ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။ဒါဆို သူမက ချက်ခြင်း သေဆုံးသွားရမည်ဖြစ်ပါသည်။ကျိယီက တုံ့ဆိုင်းတွေဝေနေရင်း စွန့်စားသင့်သလား မသင့်ဘူးလား စဉ်းစားနေသည်။သို့သော်လည်း အချိန် အတော်ကြာသည်ထိ ဆုံးဖြတ်ချက် မချနိုင်သေးပဲရှိနေသည်။သို့သော်လည်း ထိုအချိန်မှာပင် ကျိယီ၏ နောက်တွင် ပုံရိပ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။"အိုင်ရာ..."ကျိယီက သူမ၏ ပါးစပ်လေးကို အချိန်မှီ ပြန်ပိတ်လိုက်ရသည်။အသံအနည်းငယ် ထွက်သွားမိသောကြောင့် သူမက ရှီယန့်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ရှီယန့်အမူအယာက ဘာမှ မပြောင်းလဲကြောင်း သေချာသွားသောအခါကျမှ စိတ်သက်သာရာရသွားဟန်ဖြင့် အိုင်ရာ့အနီးသို့ တိုးကပ်သွားလိုက်သည်။သူမက လေသံတိုးတိုးဖြင့်"နင် ဘာလာလုပ်တာလဲ""ငါလဲ နင့်ကို အဲ့ဒီမေးခွန်းပဲ မေးမလို့"အိုင်ရာက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောသည်။"နင်ရော ဘာလာလုပ်တာလဲ"ကျိယီက အံတစ်ချက်ကြိတ်လိုက်ချိန်တွင် သူမမျက်လုံးမှ အလင်းရောင်အချို့ လက်ကနဲ ဖြစ်သွားသော်လည်း ဘာမှ ပြန်မဖြေပါ။"ကြည့်ရတာ ငါတို့ ရည်ရွယ်ချက်က တူညီနေပြီ"အိုင်ရာက ကျိယီကို စေ့စေ့စပ်စပ် အကဲခတ်ရင်း ရုတ်တရက်"နင်လည်း သူ့ကို သေစေချင်တာမဟုတ်လား"ကျိယီ၏ မျက်ဝန်းလေးများတွင် မုန်းတီးမှုအချို့ ဖြတ်သန်းသွားသည်။သူမက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။အိုင်ရာက ဘာမှ ထပ်မပြောတော့ပဲ ရှီယန့်ကို အဝေးမှ လှမ်းကြည့်ကာ "သူက ထင်သလောက် ရင်ဆိုင်ဖို့ မလွယ်ကူဘူး""ငါသိတယ်..."ကျိယီက ခက်ခက်ခဲခဲ ပြုံးသည်။"ငါ့တစ်ယောက်တည်းဆိုတော့ လှုပ်ရှားဖို့ မသေချာဘူးဖြစ်နေတာ..ဒါပေမဲ့ နင်နဲ့ဆိုရင် ငါတို့ သူ့ကို တစ်ချက်တည်း အသေသတ်နိုင်မှာပဲ...ဒီကောင်က တကယ့် ပြဿနာပဲ ...သူက ငါတို့ကို ရေအောက်မှာတုန်းက..."အိုင်ရာ့မျက်နှာထားက ပြောင်းလဲသွားသည်။သူမ၏ မျက်ဝန်းလေးများက အေးစက်သွားကြသည်။ကျိယီက ချက်ခြင်းပင် ပါးစပ်ပိတ်ထားလိုက်သည်။အတန်ငယ် တိတ်ဆိတ်နေပြီးမှ တီးတိုးလေသံဖြင့်"ငါတို့ လုပ်လိုက်ကြမလား""သူ အခုလို ကျင့်ကြံခြင်း အခြေအနေမျိုးမှာ ငါတို့ နှစ်ယောက်ပေါင်းပြီး သူ့ကို သတ်ရင် လွယ်လွယ်လေးပါ...ဒါပေမဲ့..."အိုင်ရာက သူမအသံကို လေးနက်စေလိုက်ပြီး မျက်မှောင်လေးကြုတ်ကာ"နိုင်းကျီက အခုထိ အသက်ရှင်လျက်ပဲရှိသေးတယ်...သုခနန်းတော်က လူတွေဟာ သံလိုက်မြူအမှောင်ထုထဲကို သူတို့ တစ်ဖွဲ့ထဲ စေလွှတ်မှာမဟုတ်တာသေချာတယ်...နိုင်းကျီဟာ တခြားအဖွဲ့နဲ့ ပူးပေါင်းသွားပြီး ငါတို့ သံလိုက်မြူ အမှောင်ထု အနက်ပိုင်းကို ပိုရောက်သွားတဲ့အချိန်မှာ သေချာပေါက် တိုက်ခိုက်လာမှာပဲ...ငါတို့ရဲ့ လက်ရှိ ခွန်အားနဲ့ဆို ထူးမခြားနားပဲဖြစ်လိမ့်မယ်...နိုင်းကျီကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူး""နင် ဘာကိုဆိုလိုတာလဲ..."ကျိယီက အံ့အားသင့်သွားသည်။"သူ သေကိုသေရမယ်...ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး...ငါတို့ ဘာမှ မလုပ်ရင်တောင် သုခနန်းတော်ကလူတွေက သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး..."အိုင်ရာ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်"နှစ်တစ်သောင်း ရွှေပိတုံးဟာ သိပ်အဖိုးတန်တယ်....ရှီယန်က နိုင်းကျီရဲ့ ရွှေပိတုံးကို ယူသွားတယ်မဟုတ်လား..ဒီတော့ သုခနန်းတော်က သူ့ကို ချမ်းသာပေးပါဦးမလား...ဒါကြောင့် နိုင်းကျီတို့နဲ့ ရင်ဆိုင်ရတဲ့အခါ သူ့ကိုပဲ မဲကြတော့မှာ...ဒါဆို ငါတို့က သူ့အစွမ်းတွေကို အခွင့်အရေးယူပြီး...""ငါနားလည်ပြီ..."ကျိယီက ခေါင်းညိတ်လိုက်သည်။"နင်က တကယ့်ကို ကောက်ကျစ်ပြီး အရှက်မဲ့တာပဲ""ဟုတ်လား..."အိုင်ရာက အေးစက်စက်ကြည့်လိုက်ပြီးနောက် ဘာမှမပြောတော့ပဲ နောက်လှည့်ထွက်ခွာသွားလေတော့သည်။ကျိယီသည်လည်း အကြာကြီး ဝေ့၀ဲမနေတော့ပါ...သူမက ရှီယန့်ကို သိနိုင်ခက်ခဲသော မျက်နှာထားဖြင့် အတန်ကြာ စိုက်ကြည့်နေပြီးနောက်တွင်တော့ အိုင်ရာ့နောက်သို့ လိုက်ပါသွားလေတော့သည်။----- ------ ------ ------- ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now