အပိုင်း ၂၃၀

1.3K 147 0
                                    

God of Slaughter (chapter – 230)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၀) ပျောက်ဆုံးခြင်း

ဥက္ကာပျံအစီအရင်ထဲတွင်

ကောင်းကင်ထက်မှ ဥက္ကာခဲများ ဆက်တိုက်ကျဆင်းနေသည်။
တစ်ခုစီသည်ပင် ကြိတ်ဆုံအရွယ်အစားခန့်ရှိပြီး ဥက္ကခဲများ၏ သက်ရောက်မှုက အလွန်ကြမ်းတမ်းလှသည်။

ရှီယန် ဥက္ကပျံအစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဥက္ကာခဲတစ်ခု သူ့နံဘေးသို့ ကျရောက်လာသည်။
အတွင်းဖက်တွင် မီးခိုးရောင်အငွေ့များက ထူထပ်လှပြီး ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်နိုင်သလို သူ၏ အသိစိတ်ကို ဖြန့်ကျက်လိုက်သော်လည်း အခြားသူများ၏ အသက်ဓါတ်ကိုအာရုံခံလို့မရချေ။

သူ၏ စိတ်စွမ်းအင်နှင့် အာရုံငါးပါးစလုံးကို ပိတ်ဆို့ထားသော ထူးဆန်းသည့် ကမ္ဘာတစ်ခုသို့ရောက်သွားသလို ရှီယန်ခံစားရသည်။

ဂျန်းဟူကွမ်း၏ စကားအတိုင်းသူက ဘယ်ခုနှစ်လှမ်း ညာငါးလှမ်း လျှောက်လှမ်းလိုက်သည်။
ရှီယန်က ထို ရိုးရှင်းသော ခြေလှမ်းများအတိုင်း လျှောက်လှမ်သောအခါ ထူးဆန်းသော ဥက္ကာပျံအစီအရင်ထဲတွင် ရှေ့သို့ တဖြည်းဖြည်း တိုးဝင်သွားနိုင်သည်။

ဘယ်သူ့ကိုမှလဲမမြင်နိုင် ၀ိညာဉ်စွမ်းအင်ကိုလဲ အသုံးပြုလို့မရ …. အဆက်မပြတ် ရွာကျနေသော ဥက္ကမိုးများသာ….

ဂျန်ဟူကွမ်း၏ ခြေလှမ်းကွက်က တကယ်ပင် မှော်ဆန်လှသည်။
သူက ထို ခြေလှမ်းအတိုင်း လိုက်နာနေရင်း သူ့ခေါင်းပေါ်သို့ ဥက္ကာခဲကြီးများ တစ်လုံးပြီးတစ်လုံး ပြုတ်ကျလာသည်ကို မြင်နေရသည်။
သူက လက်မြောက်ကာ ကာကွယ်မလို လုပ်နေသော်လည်း သူ့နံဘေးမှသာ ပွတ်ခါသီခါ ဖြတ်သန်းကာ မြေပြင်ပေါ်သို့ တ၀ုန်းဝုန်း ကျရောက်သည်။

သူက ဂျန်းဟူကွမ်း၏ ခြေလှမ်းကွက်အတိုင်း လိုက်နေလျှင် သူ့ကို ဥက္ကခဲများ မထိမှန်ပါ။

ရှီယန်က စိတ်ထဲမှ ကျိတ်ကာ သက်ပြင်းချလိုက်ရင်း စိတ်ချလက်ချဖြင့် ခြေလှမ်းအရှိန်ကို မြှင့်တင်လာလိုက်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now