318

618 98 1
                                    

Chapter 318: အားပြိုင်မှု

ရှီယန်က ရှာရှမ်းချွမ်နှင့် ရှာစင်းယန်ကို သူနှင့် ယီတျန်းမိုတို့ တည်းခိုရာနေရာသို့ ခေါ်လာခဲ့သည်။

ရှာရှမ်းချွမ်က အဆောက်အအုံထဲတွင် ဟိုဟိုဒီဒီပတ်ကြည့်ပြီးနောက် နတ်မင်းသုံးပါးဂိုဏ်း၏ အဆင့်အတန်းခွဲခြားမှုကို ကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။

ဒီနေရာနှင့် သူ့ကိုပေးထားသောနေရာက ဘယ်လိုမှကို ယှဉ်လို့မရချေ။

ရှီယန်က ယီတျန်းမို၊ခါ့ဘာနှင့် ယာမန်းတို့နှင့်မိတ်ဆက်ပေးသောအခါတွင်တော့ ရှာရှမ်းချွမ် ထိတ်လန့်တုန်လှုပ်သွားပြီဖြစ်သည်။

ယီတျန်းမိုတို့အုပ်စုသည် အားကောင်းသော နတ်ဘုရားအဆင့် အရှိန်အ၀ါများကို မဖော်ထုတ်ထားသော်လည်း ရှာမိသားစု ခေါင်းဆောင်ကြီးအနေဖြင့် သူတို့၏ စွမ်းအင်ကျင့်ကြံမှု အဆင့်အတန်းကို ကောင်းစွာ အကဲခတ်မိပါသည်။

နတ်ဘုရားအဆင့်တွေ...

ရှာရှမ်းချွမ် စိတ်ရှုပ်ထွေးသွားသည်။

သူတို့နှင့် ရှီယန့်အကြား မည်သို့ ဆက်ဆံမှုမျိုးရှိသည်ကို သူ နားမလည်နိုင်ခဲ့ချေ။

ယီတျန်းမိုက အခြားသူများကို ထိတ်လန့်တုန်လှုပ်မသွားစေချင်သောကြောင့် အများရှေ့တွင် ရှီယန့်ကို သခင်ဟု မခေါ်ပါ။

သို့သော်လည်း သူတို့၏ နာခံမှုကိုတော့ မမြင်တွေ့နိုင်စရာအကြောင်းမရှိချေ။

ရှာရှမ်းချွမ်သည်လည်း လူလည်ကြီးပင်ဖြစ်ပါသည်။

သူက အခြေအနေကို ချက်ခြင်း နားလည်သဘောပေါက်သွားပြီးဖြစ်ကာ မချီးကျူးပဲမနေနိုင်အောင်ဖြစ်မိသည်။

ထိုလူသုံးယောက်ထံမှ ရှီယန်သည် သူတို့၏ စိတ်နှလုံးထဲတွင် အလွန်မြင့်မားသောနေရာတွင် ရှိနေကြောင်း ရှာရှမ်းချွမ်သိသည်။

ထိုအခါမှသာ နတ်မင်းသုံးပါးဂိုဏ်းက ရှီယန့်ကို ဘာဖြစ်လို့ အထူးဧည့်သည်တော်လို ဆက်ဆံမှန်း နားလည်သွားသည်။

ဒီ နတ်ဘုရားအဆင့်သုံးယောက်နှင့်ယှဉ်လျှင် နတ်မင်းသုံးပါးဂိုဏ်းသည်ပင် ရှီယန်လောက် အားမကြီးနိုင်တော့ပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now