386

591 91 0
                                    

Chapter 386: ရှေးဟောင်းမြို့တော်ကြီးအချိန်တစ်ခုအထိ အနားယူပြီးနောက် ရှီယန်တို့ ငါးယောက်အုပ်စုသည် အမြင့်ဆုံး ကီစုစည်းမှုအခြေအနေကို ပြန်လည်ရရှိလာကြသည်။တစ်ဦးစီတိုင်းသည် လန်းဆန်းနေကြပြီး ဖျတ်လတ်သွက်လက်လျှက်ရှိကြသည်။"သွားကြစို့...သီးသန့် နယ်မြေကို အခု ၀င်လိုက်ကြရအေင်"ရှီယန်က အရင်ဆုံး ထွက်လာသည်။အခြားသူများကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း"မင်းတို့အားလုံး သတိရှိကြပါ..လူစုမကွဲစေနဲ့...ဒီ ခရီးစဉ်တစ်လျှောက်လုံး အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ကြရတယ်...အခုအချိန်ဟာ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ရောက်နေပြီ...ဒီတစ်ကြိမ် သီးသန့်နယ်မြေထဲဝင်ကြတဲ့အခါ အယောက်စီတိုင်း ကြီးမားတဲ့ ရိပ်သိမ်းမှုတွေ ပြုလုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"လူလေးယောက်က ပြိုင်တူ ခေါင်းညိတ်ကြသည်။"ငါ့ညီ...ငါတို့ သီးသန့်နယ်မြေထဲ ၀င်တဲ့အခါ မင်းကို အားကိုးတယ်နော်...နိုင်းကျီက သေချာပေါက် အဲ့ဒီမှာရှိနေမှာပဲ..ဒီတော့ ငါတို့ သူနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့အခါမှာ မင်းရဲ့ မီးခိုးရောင် လေ၀ဲကြီး လိုအပ်တယ်"လောင်လီက တစ်ချက် ရယ်မောရင် ၀င်ပြောသည်။လမ်းတစ်လျှောက်လုံးတွင် အန္တရာယ်ကြုံချိန်တိုင်း ရှီယန်၏ ဆွဲငင်အားနယ်ပယ်က အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။လောင်လီ့မျက်လုံးထဲမှာတော့ ရှီယန်၏ ဆွဲငင်အားနယ်ပယ်သည် လူသတ်စက်ကြီးပင်ဖြစ်သည်။မီးခိုးရောင် လေ၀ဲကြီးဟု သူတို့ ခေါ်ဝေါ်သတ်မှတ်ထားသည့် ထို ဆွဲငင်အားနယ်ပယ်ထဲသို့ ကျရောက်သွားလျှင် သေခြင်းတရားကို ဘယ်သူမှ ရှောင်ရှားနိုင်စွမ်းရှိမည်မဟုတ်တော့ပါ။သီးသန့်နယ်မြေကို ၀င်ရောက်ခြင်းဆိုသည်မှာ အချိန်မရွေး ထွက်ပေါ်လာနိုင်သော သိုင်းသမားများနှင့် ရင်ဆိုင်ခြင်းလည်းဖြစ်သည်။လောင်လီက အနည်းငယ် စိတ်ပူနေသောကြောင့် ရှီယန့်ကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။"ငါ အကောင်းဆုံး လုပ်ဆောင်မှာပါ...မင်းတို့တွေ ငါ့ကို မလုပ်ကြံမချင်း ငါမင်းတို့ကို ကာကွယ်ပေးမှာပါ"ရှီယန်က အိုင်ရာနှင့် ကျိယီကို တစ်ချက်ကြည့်လိုက်ရင်း သတိပေးလိုက်သည်။"အန္တရာယ်ကြုံတဲ့အချိန်မှာ ငါ့ကို မကောင်းကြံမယ်ဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့အပြစ်မတင်နဲ့"အိုင်ရာနှင့် ကျိယီတို့က မှုန်ကုတ်သွားသော်လည်း ဘာမှတော့ပြန်မပြောကြပါ။"သွားကြစို့"ရှီယန်က ဘာမှ ထပ်မပြောတော့ပဲ ယောင်ယောင်လေး ပြုံးလိုက်သည်။သူက မီးခိုးရောင် သိပ်သည်းနေသော မြူခိုးထုထဲသို့ ရှေ့ဆုံးမှ ၀င်ရောက်သွားလေတော့သည်။သို့သော်လည်း သူ မီးခိုးရောင် အခိုးအငွေ့များအကြား တိုးဝင်သွားသည်နှင့် ကြီးမားရှည်လျားသော ခရမ်းရောင် စပါးကြီးမြွေကြီးလို သူ့ထံ လှစ်ကနဲ ပြေးဝင်လာသည့် အလင်းစီးကြောင်းကြီးကို မြင်လိုက်ရသည်။"၀ိညာဉ်ခွင်းမိုးကြိုး..."ရှီယန် ဘာမှမတတ်နိုင်ပဲ လွှတ်ကနဲ အော်ဟစ်လိုက်မိသည်။ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှု အရှိန်အ၀ါကိုပါ ခံစားမိလိုက်သောကြောင့် ချက်ခြင်း ခုန်ဆုတ်လာရသည်။ထိုအခါ ခရမ်းရောင် အလင်းစီးကြောင်းကြီးသည်လည်း မူလနေရာသို့ ပြန်လှည့်သွားသည်။ရှီယန် အပြင်ပြန်ရောက်သွားသောအခါ သူ့နောက်သို့ ဆက်လိုက်ခြင်းမရှိတော့ပါ။"ဒါတွေက ဘာလို့ ငါ့ဆီလာကြတာလဲ"ရှီယန့် မျက်နှာက အေးစက်နေသည်။ သူက အိုင်ရာနှင့် ကျိယီတို့ကို ခံစားချက်ကင်းမဲ့စွာဖြင့် စိုက်ကြည့်လိုက်ရင်း"မင်းတို့က ငါ့ကို သေကြောင်းကြံတာလား...၀ိညာဉ်ခွင်း မိုးကြိုးက အစစ်အမှန်နတ်ဘုရားတွေရဲ့ အကြီးအမှူးဝိညာဉ်ကိုပဲ ချိန်ရွယ်တာဆို...ငါက အခုမှ နီဗားနားအဆင့်ပဲရှိသေးတယ်...ဘာဖြစ်လို့ ၀ိညာဉ်ခွင်းမိုးကြိုးက ငါ့ကို တိုက်ခိုက်တာလဲ"ရှီယန် သံသယမ၀င်ပဲ မနေနိုင်အောင်ဖြစ်သွားသည်။ကြယ်တာရာအလင်းနှင့် လျှပ်စီးခြေလှမ်း ပေါင်းစပ်ခြင်းကိုသာ သူအသုံးမပြုခဲ့ပါလျှင် ၀ိညာဉ်ခွင်းမိုးကြိုးက သူ့ အကြီးအမှူးဝိညာဉ်ကို သေချာပေါက် ဖြိုခွဲသွားလောက်ပြီဖြစ်သည်။သူ့ အကြီးအမှူးဝိညာဉ် ပျက်စီးသွားခြင်းဆိုသည်မှာ သူ ထိုနေရာတွင်ပင် သေဆုံးသွားခြင်းဟု ဆိုလိုခြင်းပင်ဖြစ်လေသည်။"မဖြစ်နိုင်ဘူး"ကျိယီ၏ လှပသော မျက်နှာလေးက ပြောင်းလဲသွားသည်။ သူမက ရှီယန် ဒေါသထွက်နေသည်ကို ကြည့်ရင်း ကမန်းကတမ်းရှင်းပြလိုက်သည်။"ငါတို့ စီနီယာတွေဆီက ကြားဖူးထားတာ ဒီ သီးသန့်နယ်မြေရဲ့ ၀ိညာဉ်ခွင်း မိုးကြိုးဟာ အစစ်အမှန်နတ်ဘုရားတွေကိုပဲ တိုက်ခိုက်တာပါ...ငါ့ စီနီယာတွေက ဒီအကြောင်းကို လိမ်ပြောစရာအကြောင်းမရှိပါဘူး...နင်က ဘယ်လိုလုပ်ပြီး ၀ိညာဉ်ခွင်းမိုးကြိုးရဲ့ ပစ်မှတ် ဖြစ်နေတာလဲ...ဘယ်လိုမှကို မဖြစ်နိုင်ဘူး"လောင်လီကလည်း ခေါင်းညိတ်ကာ ၀င်ပြောသည်။"ညီလေး ရှီယန်..ငါတို့က ၀ိညာဉ်ခွင်း မိုးကြိုးနဲ့ ပတ်သက်ပြီး မင်းကို လိမ်မပြောခဲ့ပါဘူး...သံလိုက်မြူ အမှောင်ထုကို မ၀င်ခင်မှာ ငါ့အစ်ကိုကြီးတွေကလည်း ငါတို့ကို ၀ိညာဉ်ခွင်းမိုးကြိုးအကြောင်း ပြောပြခဲ့တယ်...အဲ့ဒါက အရမ်း အားကောင်းပေမဲ့ အစစ်အမှန်နတ်ဘုရားတွေကိုပဲ ချိန်ရွယ်တာပါ...မင်းက ဘယ်လိုလုပ်ပြီး လွှမ်းမိုးခံရတာလဲမသိဘူး""ငါ နင့်ကို မလိမ်ဘူး"အိုင်ရာက အေးစက်စက် အသံပြုလိုက်ရင်း"ငါတို့ ဒီ သီးသန့်နယ်မြေက ပြန်မထွက်မချင်း နင်က အဓိက လူပဲ...နင့်အတွက်နဲ့ အစီအစဉ်တစ်ခုလုံးကို လျစ်လျူမရှုပါဘူး"ပြောပြီးသည်နှင့် အိုင်ရာက သတိကြီးစွာထားရင်း မီးခိုးရောင် ဧရိယာထဲသို့ ၀င်ရောက်သွားသည်။ကြီးမားရှည်လျားသော ခရမ်းရောင် အလင်းစီးကြောင်းကြီး ရောက်ရှိလာသော်လည်း အိုင်ရာ့ ရှေ့တွင် တစ်ချက် နှစ်ချက်သာ ရစ်ဝဲသွားပြီးောနက် ပြန်လည်ထွက်ခွာသွားသည်။အိုင်ရာက ပြန်ထွက်လာသည်။သူမက ရှီယန့်ကို တစ်ချက်ကြည့်လိုက်ရင်း"ငါဝင်သွားတယ်...ဒါပေမဲ့ ဘာဖြစ်လို့ နင့်လိုမျိုး မကြုံတွေ့ရတာလဲ"ရှီယန့်မျက်နှာက အမူအယာ အမျိုးမျိုး ပြောင်းလဲနေသည်။အိုင်ရာက ၀င်လိုက် ထွက်လိုက် လုပ်သော်လည်း ၀ိညာဉ်ခွင်းမိုးကြိုးက ဘာမှ မလုပ်ပါ။အိုင်ရာတို့ ပြောစကားက မှန်ကန်ဟန်တူသည်။ဒါဆို သူ ၀င်လိုက်သောအခါ အဘယ့်ကြောင့် ၀ိညာဉ်ခွင်းမိုးကြိုးများ ရောက်ရှိလာပါသနည်း။ရှီယန်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေသော်လည်း မည်သည့် အကြောင်းပြချက်မှ စဉ်းစားလို့မရချေ။"ညီလေး...မင်းရဲ့ သိုင်းအဆင့်က ဘာလဲ.."လောင်လီသည် တီးတိုး ရေရွတ်နေမိသည်။သူက ရှီယန့်ကိုကြည့်ရင်း ဘာကို ယုံကြည်ရမှန်းမသိအောင်ဖြစ်လာသည်။အိုင်ရာနှင့် ကျိယီတို့၏ မျက်နှာလေးများက ပြောင်းလဲသွားကြသည်။သူမတို့၏ မျက်ဝန်းများက တောက်ပနေကြပြီး ရှီယန့်ကို ထူးဆန်းဟန်ဖြင့် ကြည့်နေကြသည်။"ငါသာ နီဗားနားအဆင့်ထက် မြင့်နေရင် မင်းတို့ငါ့ကို တစ်လမ်းလုံး အနိုင်ကျင့်နေနိုင်မယ်ထင်လို့လား"ရှီယန်က ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။"ငါသာ ကောင်းကင်အဆင့်လောက်ဆိုရင် မင်းတို့နဲ့ တိုင်ပင်နေမှာမဟုတ်ဘူး...ငါ့ဟာငါ ဘာမှ မသိရင်တောင် ဒီ သီးသန့်နယ်မြေထဲ ၀င်သွားနေလောက်ပြီ..."ရှီယန့် ဖြေရှင်းချက်များကို နားထောင်ရင်း အိုင်ရာနှင့် ကျိယီက သေချာစဉ်းစားနေကြဟန်တူသည်။သူမတို့၏ သံသယများက အဓိပ္ပါယ်မရှိမှန်း သဘောပေါက်လာကြသည်။စိတ်သက်သာရာရသွားဟန်ဖြင့် တိတ်တခိုး သက်ပြင်းချလိုက်မိကြလေသည်။"ဒါထက် နင်က ကောင်းကင်အဆင့်တောင် မရောက်သေးပဲနဲ့ နင့်ရဲ့ အကြီးအမှူးဝိညာဉ်က ငါတို့နဲ့ မတူပဲ ဘာလို့ ကွဲပြားခြားနားနေရတာလဲ"ကျိယီက အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။သူမ၏ မျက်လုံးလေးများက ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။အိုင်ရာနှင့် အခြားသူများကလည်း သူ့ကို ကြည့်နေကြသည်။ရှီယန်က တစ်ချက်ကြောင်သွားပြီးနောက် သူ့မျက်လုံးများက ဖျတ်ကနဲ တစ်ချက်လက်သွားကြသည်။ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံနှင့် သူ၏ အကြီးအမှူးဝိညာဉ်တို့ ပေါင်းစည်းခဲ့မှုကို သတိရသွားသည်။ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံသည် ၀ိညာဉ်များကို ၀ါးမျိုနိုင်သော မိစ္ဆာစွမ်းရည်ရှိသောအရာဖြစ်သည်။ ထိုအရာနှင့်များ ပတ်သက်နေလေမလား။သူ စကားမပြောသောအခါ အိုင်ရာတို့အုပ်စုသည် ထိုအချက်ကို ပိုပြီး သေချာသွားဟန်ဖြင့် မျက်လုံးများတွင် ကြောက်ရွံ့ထိတ်လန့်ဟန်များ ပေါ်ပေါက်လာကြသည်။အတန်ကြာသွားပြီးမှ ရှီယန်က ခေါင်းညိတ်ကာ အပြုံးဖြင့်"နင်မှန်ရင်လဲ မှန်မှာပေါ့...ငါ့ အကြီးအမှူးဝိညာဉ်က သာမန်မဟုတ်တာ မှန်ပါတယ်...ဟင်း...ငါ နင်တို့ကို အထင်မလွဲသင့်ဘူးထင်ပါရဲ့...ဒါက ငါ့ပြဿနာပဲလေ...ကောင်းပြီ...မင်းတို့ အရင်သွားနှင့်ကြပါ...နောက်ကျ ငါမင်းတို့ကို ပြန်လာရှာမယ်""မင်း အထဲဝင်တာနဲ့ ၀ိညာဉ်ခွင်းမိုးကြိုးက ခွင့်ပြုမှာမဟုတ်ဘူး..မင်းက ဘယ်လို လုပ်မလဲ""စိတ်မပူပါနဲ့...ငါ့ ကိုယ်ပိုင်နည်းလမ်းရှိတယ်လေ"ရှီယန်က ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်သည်။ သူက မီးခိုးရောင်ဧရိယာကို တစ်ချက်ကြည့်လိုက်ရင်း"ဘယ်အန္တရာယ်နယ်မြေရဲ့ အတားအဆီးကမှ ငါ့ကို မချုပ်လှောင်နိုင်ပါဘူး...၀ိညာဉ်ခွင်း မိုးကြိုးလား...ငါ ဒီ အပြင်ဘက် အကာအရံကို ထွင်းဖောက်ပြီး အလယ်ဗဟိုကို ရောက်သွားရင် ရပြီလေ...အဲ့ဒါဆို ၀ိညာဉ်ခွင်း မိုးကြိုး မသက်ရောက်နိုင်တော့ဘူးမဟုတ်လား""အိုင်ရာတို့အုပ်စုက ရှီယန်၏ အံ့မခန်း အရည်အချင်းများကို သတိရသွားကြသည်။အန္တရာယ်နယ်မြေများတွင် ပိတ်မိခဲ့တိုင်း ရှီယန်က အလွယ်တကူ ဖောက်ထွက်လာနိုင်သည်ချည်းဖြစ်သည်။ယခု သူ့အပြောကို နားထောင်ရသောအခါ ကြွားနေတာမဟုတ်မှန်း အိုင်ရာတို့အုပ်စု နားလည်ပါသည်။"သီးသန့်နယ်မြေထဲမှာ အခြေအနေဘယ်လိုရှိမလဲ ဘယ်သူမှ မသိနိုင်ဘူး...နင်အထဲမှာ ငါတို့ကို ရှာနိုင်မယ်ဆိုတာ သေချာလို့လား"အိုင်ရာက အနည်းငယ် တွေးတောလိုက်ပြီးနောက် သံသယများစွာဖြင့် ပြောသည်။"စိတ်မပူပါနဲ့...ငါ့မှာ နည်းလမ်းတွေရှိပါတယ်"ရှီယန်က ကျိယီကို လှမ်းကြည့်လိုက်သည်။ကျိယီ၏ အကြီးအမှူးဝိညာဉ်တွင် သူက ၀ိညာဉ်အချုပ်အနှောင် ခတ်နှိပ်ထားခဲ့သောကြောင့် တိကျသော အကွာအဝေးအတွင်းမှာဆိုလျှင် ကျိယီ၏ တည်နေရာကို သူ သိနိုင်ပါသည်။ထို့ကြောင့် သူတို့လေးယောက်ကို ရှာဖွေရန် ခက်ခဲလိမ့်မည်မဟုတ်ချေ။"ဟွန့်..."ကျိယီက ရှီယန် ဘာကိုဆိုလိုသလဲ နားလည်ပါသည်။သူမ၏ မျက်နှာက သိပ်မကောင်းလှတော့ပါ။ကျိယီက ဘယ်သူ့ကိုမှ မစောင့်တော့ပဲ မီးခိုးရောင်ဧရိယာထဲသို့ တိုးဝင်သွားလေတော့သည်။စကားတစ်ခွန်းမှ မပြောသော်လည်း သူမက ရှီယန့်ကို ဘယ်လောက်စိတ်ဆိုးနေသလဲ သိသာပါသည်။ကျန်လူသုံးယောက် သို့လောသို့လောဖြစ်သွားကြသည်။ကျိယီ ၀င်ရောက်သွားသည်ကို အံ့အားတကြီးကြည့်နေကြရင်း ရှီယန်ပြောသည့် ကိုယ့်နည်းကိုယ့်ဟန်ဆိုသည်မှာ ကျိယီနှင့် တစ်စုံတစ်ရာ ပတ်သက်နေကြောင်းလဲ တွေးမိလိုက်ကြသည်။သို့သော်လည်း သူတို့သုံးယောက်က ထိုအကြောင်းဘာမှ ထပ်မပြောကြပဲ မီးခိုးရောင်ဧရိယာအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားကြလေတော့သည်။ရှီယန်က အလျှင်မလိုပါ။သူက အခြားသူများ ပျောက်ကွယ်သွားပြီး အချိန် အတော်ကြာအောင် စောင့်ဆိုင်းနေပြီးမှ အာကာခွင်းလွန်းပျံနှင့် ဆက်သွယ်လိုက်သည်။"ငါတို့ရှေ့က အတားအဆီးကို ထိုးဖောက်ပေးပါ..၀ိညာဉ်ခွင်း မိုးကြိုးဆိုတဲ့ဟာတွေကို ရှောင်ရှားချင်တယ်...အလယ်ဗဟိုအထိ မျဉ်းဖြောင့်တစ်ကြောင်း လိုချင်တယ်...ကီစွမ်းအင် ဘယ်လောက် သုံးပေးရမလဲ""သုံးပုံတစ်ပုံ""ကောင်းပြီ...အခု စလိုက်မယ်...အတားအဆီးတွေ ကင်းတဲ့နေရာအထိနော်""ဖြစ်နိုင်ပါတယ်"အာကာခွင်းလွန်းပျံက ရှင်းလင်းဖြောင့်စင်းသော ငွေရောင်လမ်းကြောင်းရှည်တစ်ခု ထွင်းဖောက်သွားသည်။အာကာခွင်းလွန်းပျံ ထွင်းဖောက်သွားသော လမ်းကြောင်းအနီးတွင် ၀ိညာဉ်ခွင်းမိုးကြိုးစီးကြောင်းများ ဝေ့၀ဲနေကြသော်လည်း မည်သည့်တုံ့ပြန်မှုမှမရှိပါ။အလင်းရောင်တစ်ချက် ၀င်းကနဲ ဖြစ်သွားပြီးနောက် လမ်းကြောင်း တစ်ဖက်ထိပ်ရှိ ရှီယန့်ခန္ဓာကိုယ်ကေ၀၀ါးပျောက်ကွယ်သွားသည်။မျက်စိတစ်မှိတ်အတွင်း ငွေရောင်လမ်းကြောင်းအတိုင်း တိုက်ရိုက် ဖြတ်သန်းသွားပြီးနောက်တွင်တော့ ရှီယန့်ခန္ဓာကိုယ်က မီးခိုးရောင် အခိုးအငွေ့များ လွတ်ကင်းရာ လမ်းကြောင်းအဆုံးတွင် ပြန်ပေါ်လာလေသည်။ထိုနေရာက ကြီးကျယ်ခမ်းနားလှသော ရှေးဟောင်းမြို့တော်ကြီးဖြစ်ကြောင်း ရှီယန် တွေ့မြင်လိုက်ရပြီဖြစ်သည်။မီတာ ရာနှင့်ချီ မြင့်မားသော ရှေးဟောင်း အဆောက်အအုံကြီးများ အစုလိုက် အစုလိုက် တည်ရှိနေလေရာ တောင်ငယ်လေးများနှင့်ပင် တူနေသည်။အစိမ်းရောင်ကျောက်ခင်းထားသော လမ်းမများက ချောမွေ့ခြောက်သွေ့ကာ မြို့၏ နေရာအနှံ့သို့ သွယ်ဖောက်ထားကြသည်။ဧရာမ ကျောက်တောင်ကြီး လေးလုံးကတော့ မြို့၏ လေးဘက်လေးတန်ကို ပတ်လည်ဝိုင်းထားသည်။ထို ကျောက်တောင်ကြီးများက မတူညီသော ပုံသဏ္ဍန်လေးမျိုးအသွင်ဖြစ်ပေါ်နေသည်။အမည်းရောင် ပင်လယ်လိပ်ကြီးတစ်ကောင်၊ ရစ်ခွေနေသော မိုးပြာရောင် နဂါးကြီးတစ်ကောင်၊ ၀ံ့ကြွားသော ဟင်္သာပြဒါးနီငှက်ကြီးတစ်ကောင်နှင့် ၀ပ်နေသော ကျားဖြူကြီးတစ်ကောင်တို့ဖြစ်ကြသည်။ရှေးဟောင်းမြို့ကြီး၏ ကောင်းကင်ယံထက်တွင်တော့ မြစ်ကြီးနှစ်စင်း ကွေ့ကောက်စီးဆင်းနေသည်ကို ၀ိုးတ၀ါး တွေ့မြင်နိုင်သည်။ တလက်လက်တောက်ပသော အလင်းရောင်များလဲ ထွက်ပေါ်လျှက်ရှိသည်။နဂါးငွေ့တန်းကြီးနှစ်ခု ကောင်းကင်ထက်တွင် ယှက်ဖြာနေသည်နှင့်တူသည်။မြစ်ကြီးများပေါ်တွင် ရေခိုးရေငွေ့များ ရစ်ဆိုင်းနေပြီး ရေစီးထဲတွင် မျောပါနေသော အလောင်းကောင်များကိုလည်း ၀ိုးတ၀ါး လှမ်းမြင်နိုင်သည်။နတ်ဘုရားအလင်းတန်းတစ်ခုက နေရောင်ခြည်သဖွယ် မြစ်ကြီးများပေါ်သို့ ဖြာကျနေသည်ကိုလည်း မြင်တွေ့နိုင်သည်။ထို နဂါးငွေ့တန်း မြစ်ကြီးနှစ်စင်းကို ဖွဲ့တည်စီးဆင်းစေသော အသိစိတ်ပိုင်ဆိုင်သည့် မှော်ရတနာ တစ်မျိုးမျိုးရှိနေသည်ဟု ထင်ရသည်။ရှေးဟောင်းမြို့တော်ကြီး၊ ကျောက်တောင်ကြီး လေးလုံး၊ နဂါးငွေ့တန်းမြစ်ကြီးနှစ်စင်းတို့သည် ဒီနေရာ၏ အံ့မခန်း ကြီးကျယ်ခန်းနားမှုကို အဓိပ္ပါယ်ဖွင့်ဆိုနေကြသည်။အံ့မခန်းမြင်ကွင်းကို ငေးမောကြည့်နေရင်း မြစ်ကြီးနှစ်စင်း၏ အထက်မှ လင်းလက်တောက်ပသော အလင်းတန်းကို သေချာ သတိထားကြည့်မိသည်။ကမ္ဘာတုန်လောက်သော စွမ်းအင်လှိုင်းများ ခပ်ကြမ်းကြမ်းဖြာထွက်နေသည်ကို ခံစားရသည်။ထို စွမ်းအင်များက အင်မတန် ပြင်းထန်အားကောင်းကာ အဆုံးအစမဲ့သည့်အလား ခံစားရစေသည်။မြို့ကြီးကို ကာရံထားသော တောင်ကြီးလေးလုံးသည် ဒဏ္ဍာရီလာ သတ္တ၀ါကြီးလေးကောင်က ဒီရှေးဟောင်းမြို့ကြီးကို ကာကွယ်စောင့်ရှောက်ပေးနေသည့်အလားဖြစ်သည်။နဂါးငွေ့တန်း မြစ်ကြီးနှစ်စင်းနှင့် အံ့မခန်း အလင်းရောင်က ဒီမြို့ကြီး၏ ချမ်းသာကြွယ်ဝမှုနှင့် ကံကြမ္မာကို ကိုယ်စားပြုဟန်တူသည်။ကြီးကျယ်ခမ်းနားသော ရှေးဟောင်းမြို့တော်ကြီး။ အချို့အဆောက်အအုံများ အကြားတွင် တစ်ခါတစ်ရံ လူရိပ်လူယောင်များကို မြင်တွေ့လိုက်ရတတ်သည်။၎င်းတို့သည် မြင့်မြတ်ရာနယ်မြေမှ ထူးချွန်သောသိုင်းသမားများဖြစ်ဟန်တူသည်။ဂိုဏ်းအသီးသီးကလည်း ၄င်းတို့ထံမှ အရည်အချင်းရှိသော သိုင်းသမားများကိုသာ ဒီ သီးသန့်နယ်မြေသို့ စေလွှတ်ကြခြင်းဖြစ်သည်။ရှီယန် မြင်တွေ့ရသလောက်တော့ အေးတိအေးစက် မျက်နှာများနှင့် သိုင်းသမားများသည် ကောင်းကင်ထက်သို့ မော့မော့ကြည့်နေကြသည်။သူတို့က လေးဘက်လေးတန် ၀ိုင်းရံထားသော ကျောက်တောင်ကြီးများကိုလည်း ကြည့်နေကြရင်း တစ်စုံတစ်ခုကို သတိထားနေကြဟန်တူသည်။ရှီယန်က ရှေးဟောင်း လမ်းမကြီးပေါ်တွင် မတ်တပ်ရပ်နေရင်း ကျိယီ၏ တည်နေရာကို အမြန် အာရုံခံကြည့်လိုက်သည်။အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးနောက်တွင်တော့ ရှီယန်ရပ်နေသော နေရာတွင် ကြယ်ရောင်အလင်းတစ်ချက် လင်းလက်သွားပြီးနောက် သူ့ခန္ဓာကိုယ်ကေ၀၀ါးပျောက်ကွယ်သွားလေတော့သည်။----- ----- ------ ----- ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now