အပိုင်း ၂၀၆

1.6K 179 1
                                    

God of Slaughter (chapter – 206)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၆) နောက်ထပ်အရူးတစ်ယောက်

“ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…”

လေးထောင့်ဆန်ဆန် သံတုံးကြီးလေးတုံးက ရေကန်တစ်ဝိုက်တွင် ၀ရုန်းသုန်းကား လိမ့်ပါနေကြသည်။
ရေကန်ဘေးရှိ မာကျောသော မြေပြင်ပေါ်တွင် ကျောက်စရစ်ခဲများ ဖုန်မှုန့်များ ပလူပျံနေသည်။
သံတုံးကြီးများက လမ်းတစ်လျှောက် အရာအားလုံးကို တွန်းကြိတ်သွားသောအခါ မြေပြင်တွင် နက်ရှိုင်းသော ထွန်ကြောင်းကြီးများ ကျန်နေခဲ့သည်။

ကီလို နှစ်ထောင်ခန့်လေးသော အလေးတုံးများ သူ့ ခြေလက်များတွင် ချိတ်ဆွဲထားပြီး ရှီယန့်ခန္ဓာကိုယ်က ရှိရင်းစွဲထက် အနည်းငယ် ကျုံ့ဝင်နေသည်။
သို့သော်လည်း ပေါက်ကွဲထွက်လာသော ခွန်အားက ပြင်းထန်လှသည်။

ဒေါသမုန်တိုင်း ပထမအဆင့်။

သူ၏ မရီဒျန်များမှ ပျက်သုန်းခြင်းစွမ်းအင်များက ဆူပွက်ကာ သူ့ခြေလက်များဆီ အားဖြည့်ပေးပြီး သူ့စွမ်းအင်က နှစ်ဆ တိုးမြင့်လာသည်။

သူက ခွန်အားကို အသုံးပြုသောအခါ ကီလိုနှစ်ထောင်အလေးချိန်က ဆွဲထားသည်။
သို့သော်လည်း သူရှေ့သို့ သွားနေသည်ကို ရပ်တန့်မထားနိုင်ပါ။

သူ၏ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်က ရေကန်ကို ပတ်ပြေးသောအခါ ချိတ်ဆွဲထားသော သံတုံးကြီးများကြောင့် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။

သူက ခုမှ အန္တရာယ်အဆင့်သာဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က နှိုင်းယှဉ်မရအောင် သန်စွမ်းလှသည်။
မီးလျှံစွမ်းအင်ဖြင့် ကြောက်မက်ဖွယ်ရာ သန့်စင်ခြင်း ကျင့်စဉ်ကြောင့် သူ့ ခန္ဓာကိုယ်က မည်သည့် စွမ်းအင်သက်ရောက်မှုကိုမဆို ခံနိုင်ရည်ရှိနေပြီး သူ့ စွမ်းအင်စီးဆင်းမှုကလဲ ပိုမိုကောင်းမွန်လာသည်။

ဒေါသမုန်တိုင်း ပထမအဆင့်ကို ဖော်ထုတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်က နှစ်ဆ ပိုသန်မာလာသည်။
ထိုအချိန်တွင် ရှီယန့် ခန္ဓာကိုယ်ထဲမှ ခွန်အားက ကမ္ဘာမြေအဆင့်တစ်ယောက်နှင့် နှိုင်းယှဉ်လို့ရပေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now