357

614 83 1
                                    

Chapter 357: နာမည်ကြီး

ဧကရာဇ်အလောင်းကြီးနှင့် ကောင်းကင်အလောင်းနှစ်ကောင်သည် ကောင်းကင်ကို မော့ကြည့်ရင်း ခံစားချက်ကင်းမဲ့စွာဖြင့် ရပ်နေကြသည်။

အချိန်အနည်းငယ် ကြာသွားပြီးနောက် ဧကရာဇ်အလောင်းကြီး၏ မျက်ဝန်းများက တစ်စုံတစ်ရာသော အသိဥာဏ်ကို ရရှိလာဟန်ဖြင့် လင်းလက်သွားသည်။

သူက လေထဲတွင် ပျံဝဲသွားပြီးနောက် ကျောက်ဂူများထဲရှိ သစ်သားအခေါင်းကြီးများထံ လျှင်မြန်စွာ ကူးချည်သန်းချီပြုလုပ်နေသည်။

ခနနေတော့ ခေါင်းတလားကြီးများသည် လေထဲသို့ လွင့်မျောလာကြပြီးနောက် ဧကရာဇ်အလောင်းကြီးနောက်သို့ တစ်သီတစ်တန်းကြီး လိုက်ပါလာကြလေသည်။

အခေါင်းများထဲရှိ အလောင်းကျွန်များ၏ ဦးခေါင်းများထဲတွင် ထည့်သွင်းပေးထားသော ထိန်းချုပ်ဝင်္ကဘာအစီအရင်များအားလုံး ကျိုးပျက်သွားကြပြီဖြစ်သည်။

ကောင်းကင်အလောင်းနှစ်ကောင်ကတော့ ထူးဆန်းစွာပင် ဧကရာဇ်အလောင်းကြီးနှင့် သိမ်မွေ့သော ချိတ်ဆက်မှုတစ်မျိုး ရှိနေကြသည်။

ဧကရာဇ်အလောင်းကြီးက ခေါင်းတလားပေါင်းများစွာကို ကမ်းစပ်သို့ ခေါ်ဆောင်သွားပြီး ရေထဲချထားလိုက်သည်။

ကောင်းကင်အလောင်းနှစ်ကောင်သည်လည်း ဧကရာဇ်အလောင်းကြီး၏ ရည်ရွယ်ချက်ကို ပြောစရာမလိုပဲ နားလည်ဟန်ဖြင့် အခေါင်းများဘေးသို့ ရောက်ရှိလာကြပြီး လွတ်နေသော အခေါင်းနှစ်ခုထဲတွင် ၀င်ကာ လှဲအိပ်လိုက်ကြလေသည်။

အားလုံး နေရာကျသွားသောအခါ ဧကရာဇ်အလောင်းကြီး၏ ကိုယ်ကာယကြီးသည်လည်း တဖြည်းဖြည်း ပုံမှန်အရွယ်အစားအထိ ကြုံ့ဝင်သွားသည်။

ပြီးနောက် ရှေ့ဆုံးမှ အခေါင်းထဲတွင် လဲလျောင်းလိုက်လေသည်။

ဆယ်ဂဏန်းမျှရှိသော ခေါင်းတလားများသည် ပင်လယ်ထဲတွင် မျောပါသွားကြပြီး တဖြည်းဖြည်း အရှိန်အဟုန်မြှင့်ကာ အနောက်အရပ်ဆီသို့ ခရီးနှင်လေတော့သည်။

သူတို့၏ ဦးတည်ရာသည် အလောင်းကောင်ဂိုဏ်း ဌာနချုပ်ဆီသို့ ....။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now