364

579 90 0
                                    

Chapter 364: ကြောင်သူတော်များ

ဘော့ဂ်ဆိုသော လူငယ်လေးက အိုင်ရာ ပစ်ပေးလိုက်သော မိစ္ဆာအမြုတေကို လမ်းတစ်ဝက်မှ ဆွဲယူလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အိုင်ရာက ဒေါသထွက်သွားခြင်းဖြစ်သည်။

ဘော့ဂ်၏ မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။

သူက အိုင်ရာ ထုတ်ဖော်လာသော ဖိအားကို ခံစားမိသောအခါ မျက်မှောင်ကြုတ်လိုက်ရင်း

"အိုင်ရာ..ငါက ဒီဥစ္စာကို ငါ့အတွက် လိုချင်တာမဟုတ်ပါဘူး...သူ ဒီနေရာမှာ ကြာကြာ အသက်ရှင်နိုင်မှာမဟုတ်ဘူးထင်လို့ပါ..သံလိုက်မြူအမှောင်ထုထဲမှာ ကီစွမ်းအင်ပြန်ဖြည့်စရာဆိုလို့ ဒီ မိစ္ဆာအမြုတေတွေပဲရှိတာ...မိစ္ဆာအမြုတေ တစ်ခုချင်းစီက ဒီနေရာမှာ သိပ်တန်ဖိုးကြီးတယ်...ငါတို့ ဒီကို ၀င်ခါစပဲရှိသေးတယ်...ဒါကြောင့် ငါတို့က တတ်နိုင်သလောက် မိစ္ဆာအမြုတေတွေကို စုဆောင်းထားဖို့လိုတယ်...ဖြုန်းတီးမပစ်နိုင်ဘူး"

ပြောပြီးသည်နှင့် ဘော့ဂ်က ရှီယန့်ကို အေးစက်စက်တစ်ချက်လှမ်းကြည့်လိုက်ရင်း မောက်မာစွာဖြင့်

"ဒီလို တောသားက မိစ္ဆာအမြုတေ ရှိနေလဲ သေမှာပဲ...မထူးဘူး...သူ့ကိုပေးလိုက်တာက ဖြုန်းတီးတာပဲ"

ရှီယန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အစက ထိုမိစ္ဆာအမြုတေကို စိတ်မ၀င်စားခဲ့သလို အိုင်ရာ၏ လူကြီးလူကောင်းဟန်ဆန်ပြနေခြင်းကို ငြင်းပယ်ရန်စဉ်းစားထားပြီးဖြစ်သည်။

သို့သော်လည်း ဘော့ဂ်၏ ပြောစကားအရ သံလိုက်မြူအမှောင်ထုအတွင်းတွင် စွမ်းအင်အရင်းအမြစ်သည် မိစ္ဆာအမြုတေဖြစ်နေမှန်း သူသိသွားပြီဖြစ်သည်။

သူ စိတ်ပြောင်းသွားသည်။

ထိုအရာကို အရယူရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက မငြင်းဆန်တော့ပဲ အိုင်ရာဘာလုပ်မလဲသာ စောင့်ကြည့်နေလိုက်သည်။

"သူ့ကိုပေးလိုက်လို့ ငါပြောနေတယ်...ငါပြောတာ မကြားဘူးလား"

အိုင်ရာ၏ အမူအရာက ဆိုးဝါးလာသည်။

ဘော့ဂ်က တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်ရင်း မျက်လုံးများက အေးစက်သွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now