Chapter 321: သန္ဓေပြောင်း သိုင်းဝိညာဉ်
ဧည့်ခန်းထဲတွင် ယီတျန်းမိုတို့ သုံးယောက်သည် မတူညီသော အရပ်မျက်နှာအသီးသီးသို့ လှည့်ထိုင်ကာ တစ်ချိန်တည်းမှာပင် ရှီယန့်ကို ၀န်းရံထားကြသည်။
ယီကျောင်းဖန်သည်လည်း အလယ်တွင်ရောက်နေပြီး အခြားလူများကတော့ ယီတျန်းမိုဆွဲထားသော စက်ဝိုင်းထဲတွင်ရှိကာ သတိကြီးစွာထားနေကြသည်။
ချောင်ကျီလန်းနှင့် ရှာစင်းယန်တို့သည်လည်း တစ်ယောက်နှင့်တစ်ယောက် မတွန်းကန်ကြတော့ပဲ ခေါင်းကလေးများ မော့ကာဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။
လင်းယာချီသာ ပေါ့ပေါ့ပါးပါးရှိနေသည်။
သူမက ခရမ်းရောင် လက်ကိုင်ပုဝါလေးတစ်ထည် ထုတ်ယူလိုက်သည်။
ထို လက်ကိုင်ပုဝါလေးပေါ်တွင် တိမ်စိုင်တိမ်လိပ်များစွာပုံ ပန်းဖော်ထားသည်။
အမျိုးမျိုးသော သစ်ပင်ပုံစံများလဲ ပါသည်။
လက်ကိုင်ပုဝါလေး ထုတ်လိုက်ပြီးနောက် လင်းယာချီ၏ ပုံစံက ပိုပြီး သက်တောင့်သက်သာဖြစ်လာသည်။
သူမ လက်ကိုင်ပုဝါလေး ထုတ်ကိုင်လိုက်သည်နှင့် ထိုအပေါ်ရှိ တိမ်တိုက်များ ဖြည်းညင်းစွာ ရွေ့လျားလာကြသည်။သစ်ပင်များကလဲ ပိုမို ကြီးထွားလာကြပြီး ဆန်းကျယ်စွာပင် မျက်စိတစ်မှိတ်အတွင်း လက်ကိုင်ပုဝါအပြင်ဘက်သို့ ရောက်ရှိလာကြလေသည်။
ထိုအပင်များသည် ထူးခြားသော ၀ိညာဉ်စွမ်းအင်များကို ဖော်ထုတ်ကာ သီးသန့်ဆန်သော စက်ဝိုင်းအလင်းများ ဖြစ်ပေါ်လာသည်။
ထိုအလင်းများက လင်းယာချီ၏ တစ်ကိုယ်လုံးကိုဖြည်းဖြည်းလေး လှည့်ပတ်နေသည်။
တိမ်စိုင်တိမ်လိပ်များသည် အထက်ကောင်းကင်ဆီသို့ ရွေ့လျား မြင့်တက်သွားကြသည်။
ထို တိမ်ထုများက ယီတျန်းမိုတို့ ဖန်တီးထားနှင့်သော ၀ိညာဉ် အကာအကွယ် ၀င်္ကဘာ၏ အထက်တွင် တည်နေလေသည်။
"ထွတ်မြတ်အဆင့် မှော်ရတနာ"
ချောင်ကျီလန်း၏ လှပသော မျက်နှာလေးက အံ့သြသည့် အရိပ်အယောင်များ ပြည့်နှက်သွားသည်။ သူမက လင်းယာချီ၏ လက်ထဲမှ ခရမ်းရောင်လက်ကိုင်ပုဝါလေးကို သေချာစူးစိုက်ကြည့်နေသည်။ ပြီးနောက် တည်ငြိမ်သောလေသံဖြင့်