244

1.1K 130 1
                                    

God of Slaughter (chapter - 244)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၄၄) အကုန်သေ

အတောင်ပံမျိုးနွယ်စုမှ လူ၏မျက်နှာက မည်းမှောင်သွားသည်။
သူ့မျက်လုံးမှ အေးစက်စက် အလင်းရောင်များ ထွက်ပေါ်လာသည်။
လူသတ်လိုသောအရှိန်အ၀ါများဖြင့် သူ၏ မီးခိုးရောင်အတောင်ပံနှစ်ဖက်ကို ဖြည်းငြင်းစွာ ဖြန့်ထုတ်လိုက်လေသည်။

ရုတ်တရက် အတောင်ပံ ခတ်လိုက်သောအခါ ထိုလူက ရှီယန့်ထံသို့ ဖြောင့်တန်းစွာ တိုးဝင်လာသည်။
လေဓါးသွားများကလည်း လေထုကို ပိုင်းခြားထွက်ပေါ်လာပြီးနောက် သူ၏ရှေ့မှ တပါတည်း ပစ်လွင့်လာသည်။
ထိုဓါးသွားများတွင် သိပ်သည်းစွာပါဝင်နေသော လေဓါတ်သဘာဝများက ကြောက်မက်ဖွယ်ရာပင်။

"အသုံးမကျတဲ့လူသားမျိုးနွယ်..ငါ မင်းကို သေတာထက်ဆိုးအောင်လုပ်ပစ်မယ်...ဟန်လုံကို စော်ကားတဲ့လူဟာ သေချင်ရင်တောင် သေလို့မရဘူးဆိုတာသိသွားစေရမယ်..."

ထိုလူက သူ၏ အတောင်ပံများကို ခတ်လိုက်သောအခါ ထက်မြသော လေဓါးသွားများက ပိုမိုများပြားစွာ ဖြစ်ပေါ်လာသည်။
တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီးနောက် လေထုထဲတွင် ရောနှောပျောက်ကွယ်ကာ ရှီယန့်ထံသို့ တိုးဝင်လာကြသည်။

အတောင်ပံမျိုးနွယ်စုမှ လူနှစ်ယောက်သည်လည်း ထိုလူ၏နောက်မှ ဘယ်ညာခွဲလိုက်ကြသည်။
ထိုလူကို အလယ်မှာထားကာ ကာကွယ်ထားလိုက်ကြခြင်းဖြစ်သည်။

ထို အတောင်ပံမျိုးနွယ်စု သုံးယောက်စလုံး၏ စွမ်းအင်ကျင့်ကြံမှုအဆင့်သည် ကမ္ဘာမြေအဆင့်များချည်းဖြစ်ကြသည်။
ခေါင်းဆောင်ဖြစ်သူ ဟန်လုံကတော့ ထိုလူနှစ်ယောက်ထက် အဆင့်ငယ်တစ်ခုမြင့်ဟန်တူပြီး ကမ္ဘာမြေ ဒုတိယအဆင့်ဖြစ်နိုင်သည်။
သူ၏ ခန္ဓာကိုယ်က တော်တော်လေး ခိုင်မာတောင့်တင်းသည်။
သူ့ ကြွက်သားများတွင် အလွန်သိပ်သည်းသော အင်အားများ စုစည်းထားပြီး လှံတံတစ်ချောင်းလို ရှီယန့်ထံ ပစ်လွင့်လာသည်။

"ကောင်းတယ်...လာစမ်း..."
လေဓါးသွားများ၏ တိုက်ခိုက်မှုအောက်တွင် ရှီယန်က အပြုံးပင်မပျက်။
သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်စက်မှမရှိချေ။
သူက ကျယ်လောင်စူးရှစွာ လေတစ်ချက်ချွန်တိုက်ရင်း ပုခုံးနှစ်ဖက်က ဆတ်ကနဲ လှုပ်ရှားသွားသည်။
သူ့ခန္ဓာကိုယ်က လေဓါးသွားများကို လျှပ်စီးလက်သကဲ့သို့ အလွယ်တကူ ရှောင်ရှားသွားလေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now