အပိုင်း ၂၃၁

1.3K 149 0
                                    

God of Slaughter (chapter – 231)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၁)အဆင့်တက်ခြင်း

ဥက္ကာပျံအစီအရင်ထဲတွင်…

အခြား အိုဟောင်းသော အစီအရင်တစ်ခုလဲရှိနေသေးသည်။

ယန်မူ၊ ယန်ရွှေ၊ ယန်ခ၊ လီဖန်းအာနှင့် ယန်မိသားစုသိုင်းသမားများသည် ထို ရှေးဟောင်းအစီအရင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ၀င်ရောက်သွားကြသည်။
ထို အစီအရင်က ရှီယန် ၀င်ရောက်သွားသော အစီအရင်နှင့် အတူတူပင်ဖြစ်ပြီး အပြင်ဖက်တွင် ရောင်စုံကျောက်တုံးများ မရှိသည်သာ ကွာခြားသည်။

ထိုအချိန်တွင် အစီအရင်က မှိန်ဝါးဝါးအလင်းရောင်များ ထုတ်လွှတ်နေသည်။

ထိုအစီအရင်ထဲသို့ ၀င်ရောက်သွားကြသူများအားလုံး တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။

ယန်မူတို့အုပ်စုက ဂျန်းဟူကွမ်း ၏ ခြေလှမ်းအတိုင်း အတိအကျ လှမ်းခဲ့ကြသောကြောင့် ထိုအစီအရင်ဆီသို့ တိုက်ရိုက်ရောက်ရှိလာကြခြင်းဖြစ်သည်။
ထိုနည်းလမ်းအတိုင်း ဥက္ကာပျံအစီအရင်ထဲမှ ထွက်ခွာသွားကြသည်။

တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာလိုက် ၀င်ရောက်သွားလိုက်ဖြင့် ဘယ်သူကမှ တုံ့ဆိုင်းမနေကြပါ။
ရှီယန် စ၀င်တုန်းကကဲ့သို့ပင် လူတိုင်းသည် ပတ်ဝန်းကျင်ကို ကောင်းစွာ မမြင်နိုင်ပဲ အခြားသူများ၏ အသက်ဓါတ်များကိုလဲ အာရုံခံလို့ မရသောကြောင့် တစ်ယောက်အခြေအနေကို တစ်ယောက် မသိနိုင်ကြပါ။

ထို့ကြောင့် ရှီယန်ပျောက်နေသည်ကိုလဲ ဘယ်သူမှ မသိကြပါ။

ဥက္ကာပျံအစီအရင်၏ အပြင်ဖက်တွင်တော့

ချောင်ကျီလန်း၏ ချောမောလှပသော ပုံရိပ်လေးက အစီအရင်ကို လေ့လာနေသည်။
သူမ၏ မျက်ဝန်းလေးများက ထူးဆန်းသောအ လင်းရောင်များ ဖြာထွက်လျှက်ရှိပြီး သူမ၏ ကိုယ်ပိုင် ၀ိညာဉ်နတ်ဘုရား သိုင်းဝိညာဉ်ကို ထိန်းချုပ်အသုံးပြုလျှက်ရှိသည်။
သူမက ဥက္ကာပျံအစီအရင်ထဲမှ စွမ်းအင်စီးကြောင်းများ ပြောင်းလဲနေမှုကို ခွဲခြမ်းစိတ်ဖြာကာ တွက်ချက်လျှက်ရှိသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now