275

1.3K 142 2
                                    

God of Slaughter (chapter - 275)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၇၅)လွန်းပျံထဲရှိ စိတ်အာရုံ စက်သွားများ
သန္တာကျောက်စွန်းပေါ်တွင် ရပ်နေရင်း ရှီယန်က ချောင်ကျီလန်းရှင်းပြနေသည်ကို ငြိမ်ငြိမ်လေး နားထောင်နေသည်။
"နှင်းနဂါးကျွန်းက ဟန်းလိုပင်လယ်ရဲ့ သာမန်ကျွန်းတစ်ကျွန်းပါပဲ .. ပတ်ဝန်းကျင်မှာ သန္တာကျောက်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ကျွန်းပေါ့...ဒဏ္ဍာရီတွေထဲမှာတော့ အဲ့ဒီသန္တာကျောက်တန်းတွေဟာ ရှေးဟောင်း သဘာဝင်္ကဘာကြီးတဲ့...ချောင်မိသားစုမှာ ရှိတဲ့ ၀င်္ကဘာပညာရှင်တစ်ယောက်ဟာ အဲ့ဒီကို မကြာခန သွားလေ့ရှိတယ်...သူ့က ကောင်းကင်ထက်ကနေ ကြည့်ရှုပြီး တွက်ချက်ခဲ့တာကတော့ ဒီဝင်္ကဘာကြီးဟာ ရှေးဟောင်း တည်နေရာရွှေ့ပြောင်း အစီအရင်ကြီးတဲ့..."
"ဒါပေမဲ့ ဒါက မှန်းဆချက်သက်သက်ပါပဲ...သူက အချိန်အကြာကြီး ယူပြီး လေ့လာခဲ့တာတောင် သေချာ မတွက်ထုတ်နိုင်ခဲ့ဘူး...ဒါပေမဲ့ ဒဏ္ဍာရီထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက သိုင်းသမားအုပ်စုတစ်အုပ်စုဟာ လှေတွေနဲ့ ရွက်လွှင့်ရင်း ဒီသန္တာကျောက်တန်းတွေထဲမှာ အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ဖူးတယ်...ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး...နှင်းနဂါးကျွန်း ပတ်ပတ်လည်က သန္တာကျောက်တန်းတွေဟာ ပဟေဠိဆန်စွာပဲ ဒီနေ့ထိ တည်ရှိနေခဲ့တယ်"

ချောင်ကျီလန်းက တည်ငြိမ်စွာရှင်းပြနေသည်။
သူမက အမှန်တကယ်ပင် အရှေ့ပင်လယ်အကြောင်း ဗဟုသုတ ကြွယ်ဝလှသည်။
ဒီ ဟန်းလိုပင်လယ်ပြင်မှ ကျွန်းငယ်လေးတစ်ကျွန်း၏ ပါးစပ်ရာဇ၀င်သည်ပင် သူမ၏ လေ့လာမှုအောက်မှ မလွတ်ခဲ့ပေ။

အားလုံး နားထောင်ပြီးသွားသောအခါ ရှီယန်က အသာခေါင်းငြိမ့်လိုက်သည်။
ချောင်မိသားစု၏ ၀င်္ကဘာပညာရှင်က မှန်မှန်ကန်ကန် မှန်းဆနိုင်ခဲ့သည်။
ဒါက ရှေးဟောင်း တည်နေရာရွှေ့ပြောင်း အစီအရင်ပင်ဖြစ်ပေသည်။
မဟုတ်လျှင် သူတို့က အသူရာစစ်တလင်းမှနေ၍ ဒီနေရာသို့ ထွက်ပေါ်လာခဲ့မည်မဟုတ်ချေ။

"ငါသဘောပေါက်ပြီ"

ရှီယန်က ခတ္တစဉ်းစားကာ ယုရိုကို ခေါင်းငြိမ့်ပြလိုက်သည်။
ယုရိုက အသာပြုံးလိုက်ရင်း ချောင်ကျီလန်းကို ပြန်လည် ဆွဲခေါ်သွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now